Monthly Archives: October 2022

သတင်း

၁၃၈၄ (2022)ခုနှစ် စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ

၁၃၈၄ (2022)ခုနှစ် စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ================================= ၁။ အရှင်နရိန္ဒ (ဒွိပိဋကဓရ)၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ မိုးမိတ်ကုန်းမြေ၊ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)၊ ၂။ ရွှေမန်းမေ အထည်ဆိုင် မိသားစု၊ မန်းမြို့ဈေး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး၊ ၅၀၀၀၀ိ (ငါးသောင်းကျပ်) ၃။ ဦးကျော်သောင်+ဒေါ်သီတာအေး မိသားစု၊ မန္တလေး၊ ၅၀၀၀၀ိ (ငါးသောင်းကျပ်) ၄။ ယွန်းဝတီရွှေဆိုင် မိသားစု၊ မော်လမြိုင်မြို့၊ ၁၀၀၀၀၀၀ိ (ဆယ်သိန်းကျပ်) ၅။ ကိုလပြည့်ဇင်+မဆုလဲ့နန္ဒာ မိသားစု၊ ရန်ကုန်၊ ၁၀၀၀၀ိ (တစ်သောင်းကျပ်) ...
သတင်း

“ဂဟေသမားများနှင့် ရွှေမျက်စဉ်း”

“ဂဟေသမားများနှင့် ရွှေမျက်စဉ်း”==================== သံဂဟေတို့ခြင်း သံဂဟေဆော်ခြင်းအလုပ်ကို လုပ်ရသော ဝရိန်သမားများသည် လုံလောက်သော အကာအကွယ်မယူမိလျှင် မျက်စိထိခိုက်တတ်ပါသည်။ ထိုအခါ မျက်စိနီခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်ခမ်းရောင်ခြင်းများဖြစ်ကာ အလင်းရောင်ကို မကြည့်နိုင်လောက်အောင် အလင်းကြောက်သွား တတ်ကြပါသည်။ ၎င်းကို ဝရိန်ထိသည်ဟု ခေါ်ပါသည်။ ထိုသို့ ဝရိန်ထိသည့်အခါ အခန်းထဲမီးပိတ်ကာ အမှောင်ချ၍ နေရတတ်ပါသည်။ ဆေးလိပ်မီးမြင်လျှင်ပင် မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်လေ့ရှိသည်ဟု ဆိုပါသည်။ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာအကယ်ဒမီကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌသည် စာသင်ခုံများကို ကိုယ်တိုင်ပြုလုပ်ရာမှ ဝရိန်ထိသည့်အဆင့်သို့ ရောက်ရှိသွားပါသည်။ အစပိုင်းတွင် ...
သတင်း

စာဖြေသံဃာ ဆွမ်းအလှူရှင်များ

စာဖြေသံဃာ ဆွမ်းအလှူရှင်များ==================== ဧပြီလ ၃၀ ရက်နေ့မှစပြီး သံဃာတော်များ စာမေးပွဲ ဖြေဆိုကြရပါတော့မယ်။မစိုးရိမ်တိုက်သစ် စာဖြေသံဃာများအတွက် နေ့ဆွမ်းကို ပုံမှန်ဆက်ကပ်နေကြအတိုင်း ကျောင်းတိုက်မှ တာဝန်ယူကာ ဆက်ကပ်သွားမှာ ဖြစ်ပါတယ်။ အရုဏ်ဆွမ်းအတွက် သဟာယကျောင်းမှာ ဆက်ကပ်သွားမှာပါ။ စာဖြေသံဃာများအား ၁၃ ရက်တိုင်တိုင် နှစ်စဉ် ဆွမ်းကပ်လာတာ ၇ နှစ် ရှိပါပြီ။ စာရေးသူ တောရဆောက်တည်နေစဉ်မှာလည်း ဆွမ်းဝတ်မပျက်ခဲ့ပါ။ ဒီနှစ်လည်း ဆက်လက် ဆက်ကပ်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် လှူဒါန်းနေကြ အလှူရှင်များကိုလည်း အကြောင်းကြားနေပါပြီ။ယခုလောလောဆယ် အလှူရှင်များကိုလည်း ဆက်လက်ဖော်ပြသွားပါမယ်။ ၁၃၈၄ ...
သတင်း

ဉေယျဓမ်တောရသို့ … (၂၀-ခ)

ဉေယျဓမ်တောရသို့ … (၂၀-ခ) “ရဟန္တာဟူသည်”သီဟိုဠ်ခေတ်လည်း အရှင်ဘုရားလေ့လာဖူးတာပဲလေ။ပရိယတ္တိစာသင်နေတာတွေ ရဟန္တာတွေချည်းပဲ အရှင်ဘုရားရေ။ရဟန္တာက ရဟန္တာတစ်မျိုး မဟုတ်ဘူး အရှင်ဘုရားရဲ့။အရှင်ဘုရား လုပ်တဲ့စိတ်ကလေးကို သတိပိုးထားလိုက်တာပဲလေ။သတိပိုးထားရင် အရှင်ဘုရားလည်း မလုပ်ပါနဲ့။တပည့်တော်တို့ ဘေးကလည်း လုပ်လို့မရပါဘူး။သူ သတိကပဲ ပယ်စရာရှိတာ ပယ်သွားမှာပဲလေ။ဖွင့်စရာရှိတာလည်း သူ ဖွင့်ပေးသွားမှာပဲလေ။အေး – သိစရာရှိတာလည်း သူပဲ မဟုတ်လား။မဂ်ဆိုက်ဖိုလ်ဆိုက်လည်း သူလုပ်တာဘုရား။တပည့်တော်တို့လုပ်တာမှ မဟုတ်ဘဲနဲ့။တပည့်တော်တို့က ဘာလုပ်လုပ် အမှတ်ကလေး ပို့ထားလိုက်ရုံပဲ။အဲဒီတော့ အရှင်ဘုရားတို့ အမိန့်ရှိတဲ့အတိုင်းစိတ်လိုက်မာန်ပါ မဟုတ်တော့ဘူးဘုရား။လုပ်စရာရှိတာတော့ လုပ်မှာပေါ့ အရှင်ဘုရားရယ်။သို့သော် စွဲကျန်မနေရစ်ဘူးပေါ့။တစ်ချို့နေရာတွေမှာ ဆိုင်းဝိုင်းကြီးနဲ့ ဥပမာပေးထားတာ။ဆိုင်းဆရာ လက်သံပြောင်ပုံ၊လက်ကျလက်န အရှင်ဘုရားတို့ ...
သတင်း

ဉေယျဓမ်တောရသို့ … (၂၀-က)

ဉေယျဓမ်တောရသို့ … (၂၀-က)================ ဒီလောက်ဆိုရင် ဆရာတော်ကြီးက စာရေးသူအပေါ် ထားရှိတဲ့ သံယောဇဉ် (သို့) မေတ္တာတရားကို စာရှုသူတို့ သိလောက်ပါပြီ။ “မာတယ်ထင်ရင် ဆောင့်ကြည့်လိုက်ပါ”စာရေးသူကို လက်ခံစကားပြောလို့ ဒါမှမဟုတ် စာရေးသူကို ဆွမ်းလောင်းပွဲပင့်လို့ဆိုပြီး ဆရာတော်ကြီးကို ပြစ်မှားစော်ကားကြမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲပေါ့နော်။ အတ္တကြီးတဲ့ မြန်မာ့နိုင်ငံရေးသမားတွေက ကလေးငယ်တွေလိုပဲ “ငါ့နဲ့မခေါ်တဲ့သူကို မခေါ်ရ၊ ငါနဲ့မတည့်တဲ့သူကို အပေါင်းအသင်းမလုပ်ရ၊ လုပ်ရင် ခေါ်တော့ဘူး”ဆိုတာမျိုးတွေ ကိုင်စွဲထားလေတော့ သူတို့နဲ့ အမြင်မတူသူ၊ သူတို့က မကြည်ညိုသူ၊ သူတို့ကြည့်မရသူကိုမှ အထွဋ်အမြတ် အခမ်းအနားတွေမှာ ပင့်ဖိတ်ရကောင်းလားဆိုပြီး ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၉-ခ)

ဉေယျဓမ်တောရသို့ … (၁၉-ခ)ဆရာတော်ကြီးက တရားဆေးကလွဲလို့ ဘယ်ဆေးဝါးမှ မမှီဝဲပေမယ့် ကျန်းမာရေးတော့ ကောင်းပုံရပါတယ်။ တပေါင်းလဆန်း ၁၂ရက်နေ့က ဆွမ်းခံကြွတာ နှစ်နာရီခွဲလောက် ကြာတယ်လို့ ဆိုပါတယ်။ လူတိုင်းကိုလည်း နှုတ်ဆက်တယ်။ အစအဆုံးလည်း ရေတောင်မသောက်။ မောတောင် မမောဘူးလို့ ဆိုပါတယ်။ လူတွေအုံနေလို့သာ ယပ်ခတ်ပေးရတာလို့ ဆိုပါတယ်။ စာရေးသူတို့မှာတော့ တပေါင်းလပြည့် နတ်တလူဆွမ်းလောင်းပွဲ နှစ်နာရီလောက်ပဲ ကြာပါတယ်။ သံပုရာရည်လည်း သောက်၊ ရေလည်း သောက်ရပါတယ်။ဒါကြောင့် ဆရာတော်ကြီးက သူ့တရားဆေးနဲ့သူ ဟုတ်နေတာပဲလို့ ပြောရတော့မှာပါပဲ။ နေ့ဆွမ်းစားပြီး ဗိုက်တောင့်နေတာနဲ့ ထိုင်ပြီး ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၉-က)

ဉေယျဓမ်တောရသို့ … (၁၉-က)=============== စာရေးသူနှင့် ဆရာတော်ကြီး တွေ့ဆုံပုံတွေလည်း ပျံ့နှံ့သွားပါပြီ။ ဗီဒီယိုဖိုင်လည်း အတော်များများ ကြည့်ပြီးကုန်ကြပါပြီ။ စာရေးသူမှာတော့ ဉေယျဓမ်အတွေးက မပြီးပြတ်သေးပါ။ ဆရာတော်ကြီးထံမှ ပြန်လာကတည်းက ပဟေဠိကို အဖြေရှာနေမိပါတော့တယ်။ စာရေးသူတို့ရောက်တာက ည ၇း၀၀နာရီကျော်၊ မော်တော်ကားထအော်တာက ည ၈း၀၀နာရီ၊ တစ်တောင်လုံး ဆူညံသွားလို့ အားလုံးကို အားနာမိ။ အထူးသဖြင့် တောထဲတောင်ထဲမှာ တစ်ပါးတည်း တရားကျင့်နေတဲ့ ဧကစာရီဆရာတော်ကြီးကို ပိုပြီး အားနာမိသွားတာပါ။ ဒါပေမဲ့ ဆရာတော်ကြီးက စာရေးသူတို့ ညကတည်းကရောက်တာ မသိပါဘူးတဲ့။ည ၉း၀၀နာရီကျော်လောက်မှာ ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၈)

ဉေယျဓမ်တောရသို့ … (၁၈)================ စာရေးသူက ၁၃၆၁ (၁၉၉၉)မှာ သကျသီဟစာမေးပွဲ ကျမ်းပြီး (အောင်မြင်)တာပါ။ ပင်ကိုယ်က စာတွေ ကဗျာတွေ ဝါသနာပါသူဖြစ်လေတော့ ကဗျာစာအုပ်ဆိုရင် မလွတ်တမ်း ဖတ်မိတော့တာပါ။ တစ်နေ့ ရွှေတိဂုံဘုရားရောက်ခိုက် စာအုပ်ဆိုင်တွေထဲ စာအုပ်တွေဝင်ရှာတော့ ကဗျာ့ဘဏ်တိုက်ဆိုတဲ့ စာအုပ်တစ်အုပ် တွေ့လိုက်ရပါတယ်။ စာအုပ်ကိုယူကြည့်ပြီး ဟိုလှန်ဒီလှော မြည်းစမ်းကြည့်တဲ့အခါ “ကိုယ်ချင်းစာထားကြည့်”ဆိုတဲ့ ကဗျာခေါင်းစဉ်လေးကို တွေ့လိုက်ရပါတယ်။ ကလောင်အမည်က ဝနဝါသီ ဉေယျဓမ္မသာမိထေရ် ဆိုတော့ မေတ္တာကရုဏာနဲ့ ပတ်သက်တာပဲ ထင်လိုက်မိတာပါ။ ကဗျာကို ဆက်ဖတ်ကြည့်တော့ ပထမတစ်ကြောင်းနဲ့တင် စာအုပ်ဝယ်ရကျိုး ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ဂ) သွားတိုက်သည့်အခါ သွားဖုံးကြွက်သားများကို အမြဲတမ်း လက်ဖြင့် ဖိပေးပွတ်ပေးတတ်ပါသည်။ သွားဖုံးအတွင်း အရိအရွဲများ ကိန်းအောင်းနိုင်သောကြောင့်ဖြစ်၏။ သတိရလျှင်ရသလို အတွင်း-အပြင် သွားဖုံးများကို လက်ညှိုးနှင့် လက်မဖိ၍ မကြာခဏ ဖျစ်ညှစ်ပေးပါသည်။ သွားတိုက်ရုံဖြင့် သွားဖုံးကြွက်သားများ သန့်ရှင်းရေးကိစ္စ မပြီးစီးနိုင်သောကြောင့်ဖြစ်၏။ အားလုံးပြီးလျှင်ကား ကွမ်းရွက်ငုံထားလေ့ ရှိပါသည်။ ခံတွင်းသန့်ရှင်းစေလိုသောကြောင့် ဖြစ်၏။ သွားဖုံးမှ အပူများ အာခေါင်နှင့် ပါးစောင်မှအပူများ လျှာနှင့် အာစောက်မှအပူများကို ကွမ်းရွက်က စုပ်ယူပေးသဖြင့် ခံတွင်းနံ့လည်း မနံတော့ပါ။ ကျန်းမာရေးလည်း အထောက်အကူ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ခ) ရေနွေးကြမ်းပန်းကန်ထဲ ဟင်းဖြစ်စေ၊ နွားနို့ဖြစ်စေ တစ်ခုခုထည့်မိလျှင် မည်မျှပင် ပြောင်စင်အောင် ဆေးကြောထားစေကာမူ အနံ့အသက်မပျောက်ပါ။ ဟင်းနံ့၊ နို့နံ့များ စွဲထင်ကျန်ရစ်သည်သာ ဖြစ်ပါသည်။ ဤသည်မှာ လက်ဖက်ခြောက်အာနိသင်ပင် ဖြစ်ပါသည်။ လက်ဖက်ခြောက်က အသန့်အရှင်း အလွန်ကြိုက်ပါသည်။ စာရေးသူသည် ရေနွေးကြမ်းသာ အသောက်များသဖြင့် စာရေးသူ၏လည်ချောင်းက အမြဲသန့်ရှင်းနေပေသည်။ ဖျော်ရည်သောက်ပြီး ရေသောက်ရုံ၊ ပါးစပ်ဆေးရုံ၊ သွားတိုက်ရုံဖြင့် လည်ချောင်းမပြောင်စင်ပါ။ လည်ချောင်းထဲ၌ တစ်ခုခု ညစ်ထေးပေရေနေသကဲ့သို့ ခံစားရပါသည်။ ယားသကဲ့သို့လည်းကောင်း၊ လေးလံထူပိန်းနေသကဲ့သို့လည်းကောင်း အမူအရာထူးခြားမှုတစ်ခု အမြဲဖြစ်ပေါ်တတ်ပါသည်။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-က) တစ်ကိုယ်ရေသန့်ရှင်းမှု~~~~~~~~~~~~~~~~~~~~(၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၁)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး) စာရေးသူသည် နိုင်ငံခြားသားများ၏ လူနေမှုအဆင့်အတန်းကို အထင်ကြီးပါသည်။ အထူးသဖြင့် အနောက်တိုင်းသားတို့၏ လူနေမှုအဆင့်အတန်းကို အထင်ကြီးခြင်းဖြစ်၏။ သူတို့နှင့်ယှဉ်လိုက်လျှင် မိမိလူမျိုးများ လူနေမှုအဆင့်အတန်း နိမ့်ကျနေပေသည်။ စိတ်မကောင်းပါ။ သူတို့က အိမ်သာကို အိမ်ဦးခန်းနှင့် ဧည့်ခန်းအလား သန့်ရှင်းသပ်ရပ်စွာ တခမ်းတနား ပြင်ဆင်ထားကြချိန်တွင် စာရေးသူတို့လူမျိုးကား တောထိုင်ဓလေ့ ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ အိမ်တိုင်းတွင်ယင်လုံအိမ်သာထားရှိရေးနှင့် ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၇)

ဉေယျဓမ်တောရသို့ … (၁၇)=============== စာရေးသူ ဉေယျဓမ်တောရမှ ပြန်လာပြီးနောက်ပိုင်း ဆောင်းပါးများ နေ့စဉ်ရေးတင်ပါတော့တယ်။ ပရိသတ်စိတ်ဝင်စားမှုလည်း မြင့်မားလှပါတယ်။ အမှတ်(၂) မတင်သေးဘူးလား၊ အမှတ်(၃) မျှော်နေပါတယ် စသဖြင့် ဖုန်းဆက်မေးမြန်းသူတွေလည်း များပြားပါတယ်။ ကွန်ပျူတာဆရာအားတဲ့အခါ မီးကမလာ၊ မီးလာတဲ့အခါ ကွန်ပျူတာဆရာမရှိ။ ဒီလိုအခက်အခဲတွေကြောင့် နေ့စဉ် ဖေ့စ်ဘုတ်မတင်ဖြစ်ခဲ့ပေမယ့် လက်ရေးမူကိုတော့ နေ့စဉ်ရေးဖြစ်နေပါတယ်။ နေ့စဉ် စာရေးဖြစ်ပါလျက် ရက်ခြားမှ ဖေ့စ်ဘုတ်တင်ရခြင်းကတော့ လူနဲ့မီး အမြဲဒွန်မတွဲနိုင်ခြင်း ပြဿနာပါပဲ။ စာရေးသူရဲ့ ဆောင်းပါးတွေ စိတ်ဝင်စားမှု မြင့်တက်နေချိန်မှာပဲ ဗီဒီယိုဖိုင်က ပေါက်ကြားသွားတာပါ။ စာရေးသူရဲ့ ...
သတင်း

တစ်ဘဝစံ တစ်လမ်းသွားတို့၏ စိတ်ထား

တစ်ဘဝစံ တစ်လမ်းသွားတို့၏ စိတ်ထား==================== ငါရဟန်း …ကိုယ်ပန်းသောဒဏ်စိတ်ပန်းဒဏ်ခံနိုင်ရမည်ပဲ။ ငါရဟန်း …ပြင်ပန်းသောရန်တွင်းပန်းရန်တွန်းလှန်ရမည်ပဲ။ ငါရဟန်း …မဂ်ပန်းကိုပန်ဖိုလ်ပန်းပန်နိဗ္ဗာန်ဝင်မည်ပဲ။ ဤနှယ်ရဲတင်း ဤနှယ်ပြင်းသောရင်းထားအခံ သွင်းအားမှန်ဖြင့်ခန္ဓာငါးပါး တောအုံကြားရှိတိုက်စား စိုက်စားဘုံရန်များကို …စားစား သွားသွား နားနား နေနေမတွေ မလွှတ် ချေချွတ်ချွတ်မှအထွဋ်အထိပ် မင်းဘိသိက်တံဆိပ်တော်ခတ်မင်း … ။ ၁၃၆၃-ခုနှစ်၊ နယုန်လပြည့်၊ မဟာသမယနေ့၊စံရိပ်ငြိမ်၊ ကျော်တော။ပုံတောင်ခြေစခန်း။
သတင်း

ဉေယျဓမ်တောရသို့ … (၁၆)

ဉေယျဓမ်တောရသို့ … (၁၆)================== စာရေးသူက ကျောင်းမြေရေစက်ချပွဲသို့ ခရီးဆက်ခဲ့ပါတယ်။ ကျောင်းပြန်ရောက်တော့ ဆွမ်းလောင်းပွဲ လှူဖွယ်ဝတ္ထုတွေကို တူရာတူရာစုပြီး အိတ်တွေနဲ့ ထည့်ထားပြီးပါပြီ။ တပည့်တွေက လုပ်ပေးထားတာပါ။ တစ်ကြိမ်တစ်ခါမျှ မရဖူးတဲ့ လာဘ်လာဘကြီးပါ။ ငွေကြေးအရ တန်ဖိုးဖြတ်လို့ရပေမယ့် ဒီလိုပစ္စည်းစုံအောင် ဝယ်လှူဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ။ လှူဖွယ်အားလုံးကို ငါးပုံ ပုံလိုက်ပါတယ်။ တစ်ပုံက သဟာယသံဃာ၊ တစ်ပုံက သဟာယကျောင်းသား၊ သုံးပုံက မန်းမဟော်သဓာ၊ လောကအလင်း၊ မင်းကွန်းအကယ်ဒမီကျောင်း ဖြစ်ပါတယ်။ မင်းကွန်းအကယ်ဒမီကျောင်းက အင်အားအများဆုံးမို့ နှစ်ပုံစာ ပိုရပါတယ်။ကော်ဖီမစ်၊ ဆပ်ပြာမှုန့်၊ ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၅)

ဉေယျဓမ်တောရသို့ … (၁၅)=============== စာရေးသူက နတ်တလူဆရာတော်လေးရဲ့ကားနဲ့ ထွက်လာတဲ့အခါ ညီတော်မောင်တစ်ပါးနှင့် ကပ္ပိယတစ်ဦး လိုက်ပို့ပါတယ်။ ကားဆရာနဲ့ဆိုရင် ကပ္ပိယနှစ်ဦးပေါ့။ ရှေးရေစက်လို့ ပြောရမလား၊ ပဋ္ဌာန်းဆက်လို့ ပြောရမလားပဲ။ ဉေယျဓမ်ခရီးမှာ မျှော်လင့်မထားတဲ့ တပည့်ရင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။စာရေးသူကို ဉေယျဓမ်ထိ လိုက်ပို့တုန်းက ပါလာခဲ့တဲ့ ကင်မရာဆရာလေးက စာရေးသူရဲ့ တပည့် လူပျံတော်လေး ဖြစ်နေပါတယ်။ စာရေးသူ အိုးဘိုသို့ ပါတော်မမူစဉ် သာမဏေကျော်လေးတွေကို စာချတုန်းက စာဝါလာလိုက်တဲ့ တပည့်လေးက သာမဏေကျော်လည်းပြီး၊ ကျမ်းလည်းပြီးမှ လူဝတ်လဲသွားတာပါ။ သာမဏေကျော် ဓမ္မာစရိယ လူပျံတော်လေးပေါ့။ ...
သတင်း

ဉေယျဓမ်တောရသို့ (၁၄)

ဉေယျဓမ်တောရသို့ (၁၄)=============== တပေါင်းလပြည့်နေ့ မနက်အစောကြီး နိုးနေပါတယ်။ နာရီကြည့်လိုက်တော့ ၃း၀၀နာရီ။ ကျောင်းရှေ့လှမ်းကြည့်လိုက်တော့ ကုသိုလ်ရှင်တွေ ဥဒဟိုသွားလာနေကြတာကို တွေ့မြင်လိုက်ရပါတယ်။ အတော်ဝီရိယကောင်းတဲ့ ကုသိုလ်ရှင်တွေပါ။ သံဃဒါန ဆွမ်းလောင်းရမှာမို့ နိုးကြားတက်ကြွနေပုံရပါတယ်။ စာရေးသူလည်း ပြန်မအိပ်တော့ဘဲ ဘုရားဝတ်တက် အနေကဇာတင်ကာ မဟာသမယပရိတ်တော်များ ရွတ်ဖတ်နေလိုက်ပါတယ်။ အမျှအတန်းပေးဝေ မေတ္တာပို့အပြီးမှာ အရုဏ်ဆွမ်းလာကပ်ကြပါတယ်။ အလှူဟင်းဖြစ်နေလို့ မတည့်တာက များနေပါတယ်။ နည်းတာလေးပဲ ရွေးစားလိုက်ရပါတယ်။ ဆွမ်းလောင်ဖို့ ပြင်ဆင်ထားပုံတွေကို လိုက်ကြည့်ဖို့ နတ်တလူဆရာတော်လေးက လာပင့်ပါတယ်။ ဒီမနက် လှည့်ပတ်ကြည့်ရာမှာတော့ နှာခေါင်းစီး မတပ်တော့ပါဘူး။ အင်အားက ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၄-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၄-ခ) အခြားသောအကျိုးရလဒ်များကား ကျန်းမာရေးနှင့်ပတ်သက်သည့် ရှာဖွေတွေ့ရှိချက်များ ဖြစ်ပါသည်။ ကျန်းမာချမ်းသာတရားရိပ်သာ အမည်ပေးနိုင်လောက်သည့် အတွေးစ၊ စိတ်ကူးစလေးများ ရရှိခဲ့ခြင်းလည်း ပါဝင်ပါသည်။ လူသားတစ်ဦး သို့မဟုတ် သတ္တဝါတစ်ဦးအနေဖြင့် ကိုယ်ကျန်းမာရန်အရေးကြီးသကဲ့သို့ စိတ်ချမ်းသာရန်လည်း အရေးကြီးပါသည်။ ကိုယ်ကျန်းမာအောင် စောင့်ရှောက်နည်း၊ စိတ်ချမ်းသာအောင် ပြုပြင်နည်းများ ပြသကာ တရားရိပ်သာထူထောင်လိုစိတ် ပြင်းပြလာသည်ကား မဟော်သဓာဘဝမှာ ရရှိခဲ့သော အတွေ့အကြုံများ ဖြစ်ပါသည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။ စာချခွင့်မရတော့သဖြင့် စာကြည့်၊ စာချချိန်အစား တရားလုပ်ချိန် အစားထိုးပါသည်။ နေ့စဉ် နှစ်ကြိမ်၊ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၄-က)