Monthly Archives: October 2022

သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)—————————“ ပြုပြင်သင့်သော အားနည်းချက်————————အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူသည်သူပုံမြင်တိုင်း ပုံနှိပ်စက်အစုတ်ကြီးကို သူနှင့်တွဲ၍ မြင်နေမိပေသည်။ သူ့ဗီဒီယိုဖိုင်ကြည့်ရတိုင်း ငွေကြေး အကူအညီတောင်းသံလေးကို ကြားယောင်နေမိပေသည်။ သူသည်စာရေးသူကိုပြန်မကြည့်ပါ။ ပုံနှိပ်စက်မြင်တိုင်း တပည့်များက စာရေးသူ ကို လှောင်ပြောင်ကြပါသည်။ ထိုအခါ မင်းတို့က ဒါပဲသိတာ။ ငါ့မှာ ငွေ ငါးသိန်း တောင် အဆစ်ပါသွားသေးဟု ပြန်ပြောမိတတ်ပါသည်။ တပည့်များ ပို၍အံ့အားသင့်သွားကြပါသည်။ မှန်ပါသည်။ စာရေးသူဘဝတွင် ငွေလည်းချေးပေးလိုက်ရသေး၊ ဘယ်သူမှ မသိပါစေနဲ့ ဆိုသည့် သူ့အမိန့်ကို နာခံရင်း ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)—————————ပြုပြင်သင့်သော အားနည်းချက်———————အရှင်ဝီရသူ (မစိုးရိမ်) ” ဘုရားမှတစ်ပါး မမှားသူမရှိ ” ဟုဆိုကြ သည်။ အရှင်သာရိပုတ္တရာမထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ် (တိတ္ထ ဇာတ်တော်)ကို သာဓကပြုပုံရပေသည်။ မမှားသူဟူ၍ ဘုရား၊ ရဟန္တာပဲရှိတယ် ဟု လည်း ဆိုကြပြန်ပါသည်။ သာရိပုတ်မထေရ်ကြီးကား နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ ဖြစ်သည်။ တစ်စုံတစ်ရာ အမှားကျူးလွန်ခြင်းမဟုတ်၊ စရိုက်နှင့် အကြိုက် အံဝင်ခွင်ကျရေးသည် ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ...
သတင်း

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”===================================================== ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၂၀၂၂-၂၃ ပညာသင်နှစ် ကျောင်းသူ/သားပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော် ရှိပါသည်။ G-9 58 ဦးG-10 119 ဦးG-11 67 ဦး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်သူနှင့် မဖြေဆိုလိုက်ရသူ လေးဆယ်ကျော် ရှိပါသည်။ ဆရာ/ ဆရာမ ၁၆ဦး ရှိပြီး အုပ်ချုပ်ရေး ဆရာတော် ဆယ်ပါးခန့် ရှိပါသည်။ကျောင်းသူ/သား အများစုသည် အမိမရှိတော့သူ၊ အဖမရှိတော့သူ၊ အမိအဖ နှစ်ပါးလုံး ...
သတင်း

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”
“အောင်စာရင်း”

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”“အောင်စာရင်း”၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ ၁၇-၆-၂၀၂၂ ရက်နေ့၌ ထုတ်ပြန်ခဲ့ရာတွင်- ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်းမှ ကျောင်းသူ (၈)ဦး ဖြေဆိုရာ (၈)ဦးလုံးအောင်မြင်ပြီး မြန်မာ၊ ဘောဂ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ဇီဝဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး ပေါ်ထွက်ခဲ့ပါသည်။ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနစာသင်ကျောင်း (မန်းမဟော်) မှ (၃၁)ဦး ဖြေဆိုရာ (၁၃)ဦးအောင်မြင်ပြီး။ ဘောဂဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး ၊ ...
သတင်း

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”——————————————————–—ကျေးဇူးရှင် ၀ါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၏ အဘိဓဇမဟာရဋ္ဌ ပူဇော်ပွဲနှင့် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ နေမိန္ဒ၏ အဂ္ဂမဟာပဏ္ဍိတ ပူဇော်ပွဲအတွက် မန်းမဟော်သဓာဝိုင်းတော်သားများ၏ အလှူတော် ဖြစ်ပါသည်။ 12.6.2022 ရက်နေ့ မနက် 8:00 နာရီ တောင်စလင်းတိုက်သစ်သို့ သွားရောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ အလှူတော်ငွေ ငါးသိန်းကျပ်ဖြစ်ပြီး လှူဖွယ်ဝတ္ထုအဖြစ် ချင်ရင်ခတ်အမှတ်တံဆိပ် ရွှေမျက်စဉ်း နှစ်ပါကင်(၁၂ဗူး) လှူဒါန်းခဲ့ပါသည်။ 13.6.2022 ရက်နေ့တွင် ဆရာတော်ကြီးနှစ်ပါးလုံးအား ပူဇော်ပွဲကျင်းပမည်ဖြစ်ပြီး ဆရာတော်ကြီးနှစ်ပါးလုံးသည် တူဝရီးအရင်း တော်စပ်ကြပါသည်။ တူဝရီးနှစ်ပါးလုံး မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ...
သတင်း

“ဋီကာကျော် စာခါ ပို့ချခြင်း”

“ဋီကာကျော် စာခါ ပို့ချခြင်း”================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် စာဝါများပြန်လည် ပို့ချနေပြီဖြစ်သည်။ 11.6.2022 ရက်နေ့မှစ၍ စာသင်တန်း ဋီကာကျော်စာဝါကို ညနေ 4:00 နာရီအချိန်တွင် ဓမ္မသဟာယကျောင်း၌ စတင် ပို့ချခြင်း ဖြစ်ပါသည်။ ယခုအခါ အရှင်ဝီရသူ(မစိုးရိမ်)သည် အဋ္ဌသာလိနီ စာဝါနှင့်ဆိုလျှင် စာဝါပို့ချချိန် နှစ်ချိန်ရှိပြီဖြစ်သည်။စာသင်သား သံဃာအားလုံး စာမေးပွဲအောင်မြင်ကြပါစေ။ ။ သော်………၀်။
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ) သမဂ္ဂ စိတ်ထား———— ၎င်းအမှု မုဒိမ်းမှုမမြောက်ဟု ထင်ပါသည်။ သာသနာညှိုးနွမ်းအမှု ၂၉၅ ပုဒ်မတော့ တပ်၍ရမည်ထင်ပါသည်။ အလိုတူ သောကြောင့်ဟု ယူဆနိုင်သောကြောင့် တည်း။ စာရေးသူက မယုတ်မလွန်သာ အကြံပြုပါသည်။ လွှဲစရာရှိတာ လွှဲထားလိုက်တော့၊ လူထွက်သင့်ရင် ထွက်လိုက်တော့ဟု အကြံပြုပါသည်။ သူကလည်း အိန္ဒိယ၌သာ နေတော့မည်ဟု ဆိုလာ၏။ အကြာကြီးပျောက်သွားပြီးမှ အဘယ်ကြောင့် အဖမ်းခံလိုက်ရသည်ကိုတော့ မသိတော့ပါ။ တရားရုံးလာတိုင်း သတင်းများ တက်မလာသည်ကိုပင် ကျေးဇူးတင်မိနေပေသည်။ အကယ်၍သာ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ခ) သမဂ္ဂ စိတ်ထား————အရှင်ဝီရသူ (မစိုးရိမ်) တစ်နေ့သောအခါ စာရေးသူအား အနီးနေတပည့်လေးတစ်ပါးက လျှောက်ထားလာ၏။ ဓမ္မဝါးတင်းဆရာတော်သတင်းကို မာတုဂါမတစ်ဦးက ပေးပို့လာသော ဆို၏။ ထိုအမျိုးသမီးကိုယ်တိုင် ဓမ္မဝါးတင်း ဆရာတော်၏ အဓမ္မကျင့်ခြင်းကို ခံလိုက်ရသော ဟူ၏။ အထောက်အထားရှိလျှင် ပို့ပေးပါဟု ပြန်လည်ခိုင်းစေလိုက်ရ၏။ အမှုဖြစ်ပွားသည်ကား အမှန်ပင်။ သို့သော် တစ်ဖက်သတ်လုပ်လျှင်လည်း မပြည့်စုံနိုင်၊ ဓမ္မဝါးတင်းဆရာတော်နှင့် တိုက်ရိုက်ဆက်သွယ်လျှင်လည်း မသင့်လျော်သဖြင့် နိုင်ငံခြားတွင်နေသော အမျိုးသမီးကြီးတစ်ဦးကို အကူအညီတောင်းလိုက်ရတော့၏။ ထိုအမျိုးသမီးကြီးသည် ထိုဆရာတော်လေးအား သားတစ်ဦးပမာ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – က) သမဂ္ဂ စိတ်ထား————အရှင်ဝီရသူ (မစိုးရိမ်) သမဂ္ဂဟူသောစကားကို လူတိုင်း ကြားဖူးကြပေမည်။ ညီညွတ်ခြင်းဟု အဓိပ္ပာယ်ရ၏။ ကိုယ်အားဖြင့် ညီညွတ်ခြင်း၊ စိတ်အားဖြင့် ညီညွတ်ခြင်း၊ ကိုယ်စိတ်နှစ်ပါးစုံအားဖြင့် ညီညွတ်ခြင်းဟူ၍ ရှိရာတွင် လူစုံတက်စုံ အင်အားပြခြင်းကို ကာယ သမဂ္ဂ (ကာယသာမဂ္ဂီ)၊ အမြင်တူညီခြင်း (သဘောထားမကွဲလွဲခြင်း)ကို စိတ္တသမဂ္ဂ (စိတ္တသာမဂ္ဂီ)၊ ကိုယ်စိတ်နှစ်ပါးလုံး ညီ ညွတ်ခြင်းကို ဥဘယသမဂ္ဂ(ဥဘယသာမဂ္ဂီ) ဟု ခေါ်ပါသည်။ သမဂ္ဂဆိုသည်မှာ အဖွဲ့ အစည်းကိုဆိုလိုပြီး သာမဂ္ဂီဆိုသည်မှာ ...
သတင်း

“အိပ်မပျော်သူများနှင့် ရွှေမျက်စဉ်း”

“အိပ်မပျော်သူများနှင့် ရွှေမျက်စဉ်း”===================== ရွှေမျက်စဉ်းပုံမှန်မှီဝဲသူများသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းအကျိုးများ ရရှိကြပါသည်။ ရွှေမျက်စဉ်းသည် မျက်ကြောဖြေလျှော့ခြင်း၊ အပူထုတ်ပေးခြင်းတို့ ပြုလုပ်လေ့ရှိသောကြောင့် အညောင်းပြေ၊ အပူထွက်သွားသဖြင့် အိပ်ကောင်းအောင် အထောက်အပံ့ပေးပါသည်။ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကားဆရာတစ်ဦးသည် ညအိပ်ရာဝင်တိုင်း မျက်စဉ်းခတ်လေ့ရှိ၏။ အခြားကားဆရာများနှင့် ဆုံသည့်အခါ မျက်စဉ်းကျေးဇူးကို အမြဲပြောလေ့ရှိ၏။ ကားဆရာများက စမ်းခတ်ကြည့်ရာ အမှန်တကယ် အိပ်ကောင်းကြောင်း တွေ့ရှိသွားပေသည်။ “မွေးကင်းစ ကလေးငယ်လေးတွေ ခေါင်းရိတ်ပေးတဲ့နေ့ဆိုရင် ပိုအိပ်တတ်ကြတယ်။ အပူတွေထွက်သွားလို့ဖြစ်မယ်”ဟု မှတ်ချက်ချတတ်ကြပေသည်။ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်နေ အလုပ်သမားနှစ်ဦးသည် အိပ်ချိန်ရောက်လျှင် တစ်နာရီ နှစ်နာရီခန့် ...
သတင်း

“ အဋ္ဌသာလိနီဓာဝါ ပြန်လည် ပို့ချခြင်း”

“ အဋ္ဌသာလိနီဓာဝါ ပြန်လည် ပို့ချခြင်း”=========================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်)သည် စာချတန်း အဋ္ဌသာလိနီဓာဝါ ပြန်လည်ပို့ချနေပြီ ဖြစ်သည်။ နယုန်လဆန်း ၁၁ရက် (9.6.2022) မှ ရက်နေ့ မနက် 9:00 နာရီ၊ ဓမ္မသဟာယကျောင်းဆောင်မှာ ပို့ချခြင်းဖြစ်ပြီး စာလိုက်သံဃာနှင့် ကျောင်းဆောင် မညီမျှသောကြောင့် 10.6.2022 ရက်နေ့၌ သမိဒ္ဓိဆွမ်းစားကျောင်းသို့ ပြောင်းရွှေ့ ပို့ချခြင်း ဖြစ်သည်။ အင်းစိန်တောရမှ ပြန်လာကတည်းက စာသင်တန်း၊ စာချတန်း စာဝါများ ပြန်လည်ပို့ချခဲ့သော်လည်း ကိုဗစ်ကာလဖြစ်၍ ...
သတင်း

“အိမ်ရှင်မများနှင့် ရွှေမျက်စဉ်း”

“အိမ်ရှင်မများနှင့် ရွှေမျက်စဉ်း”=====================ရွှေမျက်စဉ်းကို အိမ်ရှင်မများက ပို၍နှစ်ခြိုက်ကြပါသည်။ အကြောင်းကား အိမ်ရှင်မများ၏ မျက်စိများက ရောဂါထူပြောသောကြောင့်တည်း။ မှန်၏။ အိမ်ရှင်မများသည် မီးဖိုချောင်လုပ်ငန်းများလုပ်ရာ၌ မီးခိုးထိခြင်း၊ ဟင်းငွေ့ရိုက်ခြင်း၊ မျက်စိမွှန်ခြင်းများ မကြာခဏ ခံစားရသည့်အပြင် အပူဒဏ်နှင့် အမြဲထိတွေ့နေရပါသည်။ မျက်စိမွှန်ခြင်း၊ ဟင်းငွေ့ရိုက်ခြင်း၊ အပူဒဏ်သင့်ခြင်းတို့သည် ရေချိုးရုံ မျက်စိဆေးရုံ မျက်နှာသစ်ရုံနှင့် မပျောက်ကင်းကြပါ။ မျက်လုံးမှာ ဒဏ်အဖြစ် ကျန်ရစ်ခဲ့ပါသည်။ ထိုဒဏ်များကို ရွှေမျက်စဉ်းက ဆေးကြောသန့်စင် ကုသပေးပါသည်။ ထို့ကြောင့် ရွှေမျက်စဉ်းခတ်ဖူးသည့် အိမ်ရှင်မတိုင်း ရွှေမျက်စဉ်းကို အသည်းစွဲကြခြင်း ဖြစ်ပါသည်။ ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းစာသင်တိုက်၌ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ဂ) “စဏ္ဍာလနှင့် သမဏကျင့်စဉ်”—————————————— နောက်တစ်ခုကား မူးယစ်ဆေးကိစ္စပင်။ စာရေးသူက နံပါတ်ဖိုးကို ကြားသာကြားဖူးပါသည်။ မမြင်ဖူးပါ။ မှီဝဲဖို့ဆိုသည်မှာ ဝေးလာဝေးပင်။ အိုးဘိုရောက်သည့်အခါ ဆေးမှုအကျဉ်းသားများနှင့် အင်တာဗျူးပါသည်။ ထိုအခါ ဘိန်းမည်းဟူသော ဝေါဟာရတစ်ခု ထပ်မံကြားဖူးလိုက်ရပါသည်။ ဟုတ်ပါပေမည်။ ဘိန်းဖြူရှိ၍ ဘိန်းမည်းရှိသည်မှာ သဘာဝပင်။ WY အမှတ်အသားပါသည့် ဆေးပြားလေးများ သတင်းမှာ အမြဲတွေ့ရပါသည်။ အရပ်ထဲတွင် မမြင်ဖူးပါ။ မူးယစ်ဆေးဝါးမဆိုထားဘိ။ ဆေးလိပ်အနံ့ပင် မခံနိုင်သော စာရေးသူကိုမှ “ဆေးသမား”ဟု စွပ်စွဲနေကြသည်မှာ အံ့သြစရာတစ်ခုပင်။ ဟောပုံပြောပုံကြည့်၍ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ခ) “စဏ္ဍာလနှင့် သမဏကျင့်စဉ်”———————————————–—အရှင်ဝီရသူ (မစိုးရိမ်) ကျောင်းထိုင်နာယကအဖြစ် သာသနာ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အခါမှစ၍ သာသနာပြုရာ၌ ငွေကြေးက အခရာကျကြောင်း သိရှိခဲ့ရပါသည်။ ထိုအခါတွင်သာ လူအများ ထီထိုးရခြင်းအဓိပ္ပါယ်ကို သိရှိလာခြင်း ဖြစ်ပါ၏။ ထီပေါက်ချင်သော်လည်း ထီမထိုးဖြစ်ပါ။ ဆွမ်းကပ်ပွဲ၊ အလှူပွဲများမှ ထီလက်မှတ်များ ရလာလျှင် “ထီမထိုးဘဲ ပေါက်ချင်တာနဲ့ အတော်ပဲ”ဟု ပြောပြတတ်ပါသည်။ ထီလက်မှတ်လာလှူလျှင်လည်း “ကျူပ်က ထီမထိုးဘဲ ပေါက်ချင်နေတာဗျ”ဟု ဝမ်းသာာအားရ ပြောပြတတ်ပါသည်။ စာရေးသူအမည်ဖြင့် လစဉ်ထီထိုးပေးနေသည့် ထီလက်မှတ်အလှူရှင် ဒါယိကာမတစ်ဦး ရှိပါသည်။ ထီမထိုးဘဲ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-က)
“စဏ္ဍာလနှင့် သမဏကျင့်စဉ်”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-က)“စဏ္ဍာလနှင့် သမဏကျင့်စဉ်”———————————————–—အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူတို့တွင် စာလုပ်ဖော်(သူငယ်ချင်း) ငါးပါးရှိပါသည်။ အကြီးဆုံးသည် ဆရာသမားကဲ့သို့ နောင်တော်ကြီးကဲ့သို့ အလေးဂရုပြုအပ်သူ ဖြစ်သောကြောင့် သူငယ်ချင်းဟု မဆိုသာပေ။ ရွယ်တူလေးပါးရှိရာတွင် နှစ်ပါးသည် မစိုးရိမ်တိုက်သစ် နာယကဆရာတော်များဖြစ်ကာ ကျန်နှစ်ပါးသည် အခြားမြို့များရှိ စာသင်တိုက်များ၌ ပဓာနနာယကနှင့် ကျောင်းထိုင်စာချများအဖြစ် ပရိယတ္တိနယ်တွင် ထင်ရှားကြပေသည်။ စာသင်သားဘဝ၌ သွားအတူ၊ စားအတူ၊ စာကျက်အတူဖြစ်သဖြင့် လွန်စွာရင်းနီးကြပေသည်။ လေးပါးလုံးသည် ပင်ကိုယ်စရိုက်ကိုယ်စီရှိကြသော်လည်း တူညီသောအချက်မှာ အသောက်အစား၊ လောင်းကစား ကင်းကြခြင်းပင်။ လေးပါးလုံး ဆေးလိပ်မသောက်ကြပါ။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ဂ) “ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”———————————————–— လေဆိပ်၊ ယာဉ်ရပ်နားစခန်း၊ စက်ဆီဆိုင် စသည်တို့သို့ရောက်လျှင်လည်း သူတစ်ပါးအညစ်အကြေးများကို ဆေးကြောသန့်စင်ပြီးမှ မိမိကိစ္စဖြေရှင်းပါသည်။ မိမိကိစ္စပြီးလျှင်လည်း သူတစ်ပါးအခက်မတွေ့ရစေရန် ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးခဲ့ပါသည်။ ဖင်ထိုင်ကွင်း(ကရွတ်ခွေ)ပေါ်တွင် ရေတစ်စက်မျှ တင်ကျန်မနေစေရပါ။ အချို့နေရာများတွင် ရေပိုက်ခေါင်းဖွင့်ချကာ ကြွေခွက်နှင့်ကြမ်းပြင်ကို ဘရက်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောတတ်ပါသည်။ ဆေးကြောလောက်အောင် မညစ်ပေလျှင် ရေပိုက်ခေါင်းဖွင့်၍ လက်ဆေးကန်ကို ရေဖြည့်ခဲ့ပါသည်။ နောက်လူများ အလွယ်တကူသုံးရသဖြင့် မိမိကုသိုလ်တိုးပွားလာပါသည်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းရောက်သည့်အခါတိုင်းတွင်လည်း အိမ်သာများရှိရာသို့ အမြဲသွားကြည့်လေ့ရှိပါသည်။ အိမ်သာသန့်ရှင်းရေးကို အထူးအလေးပေးပါသည်။ ဆရာ၊ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ခ) “ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”—————————————————–အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူ၏ ငယ်ဆရာဖြစ်တော်မူသည့် ကျောက်ဆည်မြို့၊ ရွှေလှံထောင်ကျောင်းဆရာတော်သည် ကျေးဇူးရှင်ဝေဘူဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အား ဝေဘူဆရာတော်ကြီး၏ သြဝါဒတရားတော်များကို မကြာခဏ ပြောပြလေ့ရှိပါသည်။ သန့်ရှင်းရေးကုသိုလ်နှင့်ပတ်သက်သည့် သြဝါဒတစ်ခုကား စာရေးသူအတွက် အဖိုးမဖြတ်နိုင်သည့် အနဂ္ဃရတနာတစ်ခု ဖြစ်ခဲ့ပါသည်။ “ဒါတွေကို မစင်ပုံကြီးတွေလို့ မအောက်မေ့ကြနဲ့၊ သံသရာအတွက် ရွှေတုံးကြီးတွေလို့ သဘောထားကြ”ဟု မိန့်ကြားတော်မူနေပုံကို အာရုံပေါ်အောင် ဖူးမြော်နေမိပေသည်။ ဆရာတော်ကြီး မိန့်တော်မူသည့် သံသရာရွှေတုံးရွှေခဲကြီးများဆိုသည်မှာ မစင်ပုံများကို ဆိုလိုပါသည်။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-က) “ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”——————————————————အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူသည် ငယ်စဉ်ကတည်းက သေနာသနဝတ် (ကျောင်းသန့်ရှင်းရေးကုသိုလ်)မြဲသူ ဖြစ်ပါသည်။ အခိုက်အတန့်သာ နေထိုင်ရသည့်ကျောင်း ဖြစ်စေကာမူ သန့်ရှင်းရေးဝတ်မပျက်ခဲ့ပါ။ တံမြက်စည်းလှည်းခြင်းအလုပ်ကို အမြဲလုပ်ပါသည်။ စာကျက်ရင်း ကြမ်းတိုက်ပါသည်။ သင်္ကန်းစုတ်ကို ခြေနှစ်ဖက်ဖြင့်နင်းထားပြီး တစ်လှမ်းချင်း ပွတ်ဆွဲလမ်းလျှောက်ကာ စာကျက်ခြင်း၊ စာပြန်ခြင်းအလုပ်ကို လုပ်လေ့ရှိပါသည်။ ချောမွေ့ပြောင်လက်လာသော ကြမ်းခင်းများကိုကြည့်၍ ဓမ္မပီတိဖြစ်ရသလို မိမိမရောက်ခင်နှင့် မိမိရောက်ပြီး မကြာမီကာလတို့ကို ပြန်လည်သုံးသပ်ကြည့်မိသည့်အခါတိုင်းမှာလည်း အားရကျေနပ်မှု ရရှိခဲ့သည်သာ ဖြစ်ပါသည်။ ယုတ်စွအဆုံး ညအိပ်ညနေ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ဂ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ဂ) “အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”——————————————————————-— ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးကား စာသင်သားများ မတော်တဆ ထိမိသွားသည်ကို မြင်လျှင်ပင် ရိက္ခာများ အိတ်လိုက်၊ ပုံးလိုက် ပြန်လည် စွန့်ပစ်တော်မူပါသည်။ ဆန်အိတ်၊ ပဲအိတ်များကို ကိုင်ကြည့်တော့မည့် အမူအရာ တွေ့လျှင်လည်း အပြေးအလွှားသွားကာ လက်ကို ပုတ်ချတော်မူပါသည်။ စာရေးသူသည် ဆရာတော်ကြီးကဲ့သို့ ဝိနည်းလေးစားနေခြင်း မဟုတ်သော်လည်း အကပ်ခံပြီးမှသာ ဘုဉ်းပေးသုံးဆောင်ပါသည်။ တပည့် ကပ္ပိယများ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ခ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ခ) “အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”——————————————————————-—အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူ နေလွဲညစာ လုံးဝ မစားပါ။ ဝိနည်းဓိုရ်၍ မဟုတ်ပါ။ လူရိုသေ၊ ရှင်ရိုသေ ဖြစ်စေလိုသောကြောင့်ပင်။ “ကမ္ဘာကျော်ကြီးလည်း ဘာမျှ မထူးပါဘူးကွာ” ဆိုသော ဝေဖန်သံမျိုး မကြားလိုသောကြောင့် ဖြစ်ပါသည်။ တရားပွဲများ ကြွရောက်သည့်အခါ သူလို ကိုယ်လိုထင်ပြီး ဧည့်ခံခြင်းမျိုးနှင့် ကြုံရလျှင်လည်း အလွန်အမင်း ရှက်တတ်ပါသည်။ သို့သော် အားနာရသည့်အခါမျိုး၊ အများကို ...