Monthly Archives: October 2022

သတင်း

‘‘ မစိုးရိမ်တိုက်သစ် ရှင်သာမဏေများ အလှူတော် ’’

‘‘ မစိုးရိမ်တိုက်သစ် ရှင်သာမဏေများ အလှူတော် ’’===================================== မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၌ ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော်ပေါင်း တစ်ထောင့်ရှစ်ရာကျော်ရှိရာ ရှင်သာမဏေ (ကိုရင်) များက နှစ်ရာကျော် ရှိပါသည်။ ထိုနှစ်ရာကျော်သော ကိုရင်လေးများအား ယနေ့မှစ၍ အလှူဒါနပြုလုပ်၍ ထောက်ပံ့လှူဒါန်းသူ ပါရမီရှင်များ ပေါ်ပေါက်လာပါသည်။ ထိုအလှူရှင်များက ကိုရင်လေးများ လတ်တလောလိုအပ် လျက်ရှိသော ခြင်ထောင်၊ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုများကို စာရင်းကောက်၍ လှူဒါန်းကြပါသည်။ ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်ပြီး ကိုရင်အပါးသုံးဆယ်ရှိကာ၊ ဒုတိယအကြိမ်ကို တော်သလင်းလတွင် ဆက်လက် ...
သတင်း

‘‘ ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင် အလှူတော် ’’

‘‘ ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင် အလှူတော် ’’==============================မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ စာသင်ကျောင်း ပညာရေးပဒေသာပင် ကုသိုလ်တော်အဖြစ် ကချင်ပြည်နယ်၊ လုံးခင်းမြို့နေ၊ အစ်မကြီး ဒေါ်လွန်းအား ရည်စူး၍၊ ဒေါ်သိန်းသိန်းထွေး မိသားစုက အလှူငွေ ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်)၊ မိခင်ကြီးဒေါ်အေးယဉ် အားရည်စူး၍၊ ဦးနန်းအောင် + ဒေါ်ယဉ်ယဉ်အောင် မိသားစုတို့က အလှူငွေ- ၁၀၀၀၀၀ိ/ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပါရမီပြည့်ဝစေလျက် နိဗ္ဗာန်ရွှေပြည်မြတ်သို့ လျင်မြန်ထုတ်ချောက် ရောက်ရှိပါစေသော်……………၀်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၌ ...
သတင်း

‘ ဓမ္မသဟာယ တစ်ရက်တာ ဆွမ်းအလှူတော် ’

‘ ဓမ္မသဟာယ တစ်ရက်တာ ဆွမ်းအလှူတော် ’——————————————————————–—မန္တလေး၊ မဟာအောင်မြေမြို့ နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ သီတင်းသုံးနေထိုင်တော်မူသော နာယက၊ စာချ၊ စာသင် သံဃာတော်များအား ဧရာဝတီတိုင်း၊ ကြံခင်းမြို့ နေ ဆွမ်းအလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ခြင်း ဖြစ်သည်။ ၈၄ခု၊ ၀ါဆိုလကွယ် (27.7.2022)ရက်နေ့၌ ဆက်ကပ်ခြင်းဖြစ်ကာ အရုဏ်ဆွမ်းအဖြစ် ပေါက်စီနှင့် အခြား ခဲဖွယ်များ၊ နေ့ဆွမ်းအဖြစ် ကြက်ဆီထမင်းနှင့် အခြားဘောဇဉ်များ ကပ်လှူကြခြင်း ဖြစ်ပါသည်။ ကြံခင်းမြို့ ၊ ငါးသုံးလုံးမုန့်တိုက်၊ ဦးမြင့်စိုးအောင် ...
သတင်း

‘ မစိုးရိမ်တိုက်သစ် ၀ါတွင်းကာလ အပတ်စဉ် စာမေးပွဲများ ကျင်းပခြင်း ’

‘ မစိုးရိမ်တိုက်သစ် ၀ါတွင်းကာလ အပတ်စဉ် စာမေးပွဲများ ကျင်းပခြင်း ’————————————————————————————-—မန္တလေး၊ မဟာအောင်မြေမြို့ နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ၀ါတွင်းကာလ အပတ်စဉ် စာမေးပွဲများကို (၁၅)ရက်တစ်ကြိမ် ကျင်းပလေ့ရှိရာ လပြည့်လကွယ်နေ့များ၌ စာချတန်း၊ လ္ဆန်း (၈)ရက်၊ လ္ဆုတ် (၈)ရက် နေ့များ၌ ပထမပြန်အတန်းများ ဖြေဆိုကြရပါသည်။ ယနေ့ကျင်းပသော စာမေးပွဲသည် စာချတန်းစာမေးပွဲဖြစ်ပြီး ပါရာဇိကဏ်၊ သီလက္ခန်၊ အဋ္ဌသာလိနီ – တစ်ကျမ်းကျမ်းကို ‘ မဖြေဆိုသူ မရှိစေရ ’စနစ်ဖြင့် စာသင်သားတိုင်း ဖြေဆိုကြရပါသည်။ အပတ်စဉ် ...
သတင်း

‘မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ဆန်အလှူတော်’

‘မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ဆန်အလှူတော်’============================================ကမ္ဘာကျော်ဆရာတော် တည်ထောင်ထားအပ်သော စစ်ကိုင်းမြို့ နယ်၊ မင်းကွန်းဒေသ၊ ပုထိုးတော်ကြီးအနီးရှိ ပညာရေးအကယ်ဒမီကျောင်းသို့ အကယ်ဒမီရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (မန္တလေး) မှ ဆန်အိတ် (၃၀) လှူဒါန်းပါသည်။ မန္တလေး အမျိုးသားရေး ညီနောင်များဖြင့် ဖွဲ့စည်းထားသော အကယ်ဒမီရိက္ခာ ထောက်ပံ့ရေးအဖွဲ့အနေဖြင့် ပထမဦးဆုံး လှူဒါန်းခြင်းဖြစ်ကာ နောက်နောင်လည်း စုပေါင်းလှူဒါန်းသွားဦးမည်ဟု ဆိုပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ G-9/ G-10/ G-11 နှင့် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းကျောင်းသူ/သား (၃၃၇)ဦး၊ ဆရာ/မ နှင့် ၀န်ထမ်း (၂၅)ဦး ရှိရာ ...
သတင်း

‘မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများ ပြန်လည်ဖွင့်လှစ်ခြင်း’

‘မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများ ပြန်လည်ဖွင့်လှစ်ခြင်း’=============================== မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများကို ၁၃၈၄ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၉)ရက် (21.7.2022) ရက်နေ့၌ စတင်ပို့ချနေပြီ ဖြစ်သည်။ မစိုးရိမ်တိုက်သစ်၌ စာဝါများကို နွေကာလ၊ ၀ါတွင်းကာ၊ ၀ါပကာလ ဟူ၍ သုံးကြိမ်သုံးခါ ပို့ချလေ့ရှိရာ ယခုဖွင့်လှစ်လိုက်သော စာဝါများသည် ၀ါတွင်းကာလ စာဝါများဖြစ်ကြောင်းနှင့် နွေကာလ စာဝါများကို နွေအခါကျောင်းပြန်ဖွင့်သည့် ကဆုန်လ၌ ပို့ချလေ့ရှိပြီး၊ ၀ါပကာလစာဝါများကို သီတင်းကျွတ်ကာလ ကျောင်းပြန်ဖွင့်သည့်အခါမျိုး၌ ပို့ချလေ့ရှိကြောင်း သိရသည်။ မစိုးရိမ်တိုက်သစ် စာဝါများကို ...
သတင်း

‘ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲကျင်းပ’

‘ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲကျင်းပ’========================== မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲများ ပြန်လည်ကျင်းပနေပြီ ဖြစ်သည်။ ၁၃၈၄ ခု ၀ါဆိုလပြည့်ကျော် (၃)ရက် (15.7.2022) ရက်နေ့မှ စတင်ကာ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးနှင့် ဓမ္မရက္ခိတကျောင်းတို့၌ ကျင်းပခြင်း ဖြစ်သည်။ ကိုဗစ်ကာလ စာမေးပွဲများ ရပ်နားထားရာမှ ပထမဦးဆုံးအကြိမ် စတင်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကာ အငယ်ဆုံး ရှင်ကျင့်ဝတ်မှ အကြီးဆုါံ် စာသင်တန်း စာချတန်းအထိ စာသင်သား သံဃာတော်များဝင်ရောက် ဖြေဆိုရခြင်းဖြစ်သည်။ ဓမ္မာနူဂ္ဂဟ စာမေးပွဲများကို ပုံမှန်အားဖြင့် ...
သတင်း

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”=======================ဒီကနေ့ ၀ါဆိုလပြည့်ကျော် (၁)ရက် (13.7.2022) ရက်နေ့၊ ညနေ ၄း၀၀ နာရီ မန္တလေးမြို့၊ မဟာမောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ နာယကဆရာတော် (၂၅)ပါးနှင့် စာချစာသင် သံဃာတော်များကြွရောက်ကြပါတ ယ်။ သံဃာတော်များ ၀ါဆိုသည့်အခါ နာယကဆရာတော်များက ထေရ်စဉ်အလိုက် တစ်ပါးချင်း ၀ါဆိုပြီးမှ သံဃာတော်များစုပေါင်း၍ ၀ါဆိုကြခြင်း ဖြစ်ပါတယ်။ ၁၃၈၄ (၂၀၂၂)ခုနှစ် ၀ါဆိုသံဃာ စာရင်းကတော့ ရဟန်းတော် (၁၅၄၆)ပါး၊ ရှင်သာမဏေ (၂၈၉)ပါး၊ စုစုပေါင်း-၁၈၃၅ပါး ...
သတင်း

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ”

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ” ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်ထားအပ်သော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာ၊ ပရင်တာ နှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့နေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် (အမေ၀ိုင်း)မှ လှူဒါန်းနိုင်ခဲ့ပါသည်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီစာသင်ကျောင်းတွင် G-9. G-10. G-11 နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများ သုံးရာငါးဆယ်ကျော် ရှိပါသည်။ နေ့စဉ် ပညာရေး၊ လိမ္မာရေးနှင့် အပတ်စဉ် ဓမ္မဓကူးလ်သင်တန်းများ ...
သတင်း

“ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှာ ပညာရေးပဒေသာပင် လှူဒါန်းနိုင်”

“ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှာ ပညာရေးပဒေသာပင် လှူဒါန်းနိုင်”============================================== ကမ္ဘာကျော် ဆရာတော် တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၌ ပညာရေးဝန်ထမ်း လစာအဖြစ် ရန်ပုံငွေများ လိုအပ်လျက် ရှိပါသည်။ G- 11 မပေါ်ခင် 2021-2022 ၌ လစာသည် လစဉ် (၂၆) သိန်းကျော်မှ၊ (၃၃) သိန်းကျော်အထိ ကုန်ကျသော်လည်း G- 11 ပေါ်ပြီး 2022-2023၌ လစာသည် သိန်း(၃၀) ကျော်မှ (၄၀) ကျော်အထိ ကုန်ကျနေပြီ ဖြစ်သည်။ လက်ရှိတွင် ကျောင်းသား/သူ ...
သတင်း

“ပညာရေးပဒေသာပင် အလှူတော်”

“ပညာရေးပဒေသာပင် အလှူတော်”====================ပညာရေးအကယ်ဒမီ အကျိုးဆောင်အဖွဲ့ (ဖြူးမြို့) ကိုဝင်းကျော်သူနှင့် ၀ိုင်းတော်သားများမှ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင်အတွက် အလှူငွေ- ၅၀၀၀၀ိ/ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်း (မန်းမဟော်) အတွက် – ၅၀၀၀၀ိ/လောကအလင်း ပညာဒါန စာသင်ကျောင်းအတွက် – ၁၀၀၀၀၀ိ/စုစုပေါင်း- ၂၀၀၀၀၀ိ/ လှူဒါန်းပါသည်။နတ်လူ သာဓု ခေါ်စေသော်…………၀်။
သတင်း

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”==================“စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးဆုံး”========================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို ဇွန်လ(၂၅) ရက်နေ့ (၂၆)ရက်နေ့များ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ခုတင်တစ်ထောင်၌ (၂၂၄)အိတ်။မိတ္ထီလာမြို့ တပ်မတော်ဆေးရုံ ခုတင်(၅၀၀)၌ (၂၁)အိတ်ပြင်ဦးလွင်၊ တပ်မတော်ဆေးရုံ၌ (၅၈)အိတ်။မန္တလေး၊ ပြည်သူ့ဆေးရုံကြီး၌ (၁၃၇) အိတ်။မန္တလေး၊ ခုတင်သုံးရာဆေးရုံကြီး၌ (၈၃) အိတ်။စုစုပေါင်း-(၅၂၃) အိတ်ရရှိကြောင်းသိရသည်။ ၂၅ ရက်နေ့၌ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)—————————“ နှလုံးသားမဲ့သော အသိတရား——————-—အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူ ပြည်တော်ပြန်ရောက်ခါစ၌ စာရေးသူကျောင်း၌ သာမဏေပေါက်စလေးတစ်ပါးရှိပါသည်။ ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်အဆင့်တွင်ရှိပါသည်။ မျက်နှာလွှဲ၍ ရိုက်တတ်သည်အထိ ကျွမ်း ကျင်ပါသည်။ ဘေးမှထိုင်ပြောပေးလျှင် လည်း ပြောသူမပြီးသေးခင် သူကစာစီပြီး သွား၍ စောင့်နေရသည်အထိ မြန်ဆန်ပါ သည်။ လူဝတ်လဲသွားသည့်အခါ စာရေးသူထံ၌သာ အမြဲနေပါသည်။ စာရေးသူက အိုင်တီအရာရှိအဖြစ် သူ့ကိုခန့်ထားလိုက် ပါသည်။ပိတ်သိမ်းခံလိုက်ရသည့် စာရေးသူ အကောင့်၌ တွေ့မြင်ရသည့် သတင်းများ၊ ရုပ်သံများ၊ ဖိုတိုရှော့များ၊ ဖိုတိုစာတန်းများ သည် သူ၏လက်ရာဖြစ်ပါသည်။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)—————————“ နှလုံးသားမဲ့သော အသိတရား——————-—အရှင်ဝီရသူ (မစိုးရိမ်) ဦးဝီရသူဆိုသည်မှာ အမျိုးသားရေး ဝါဒီပါ။ လူမှုရေးမှာ ဟာမိုနီ၊အတွေးအခေါ်မှာ ဂလိုဘယ်၊ယဉ်ကျေးမှုမှာလိုကယ်ကျင့်သုံးတာ၊အမှန်တရားအတွက် ဓားတစ်လက်အမြဲဆောင်ထားတာ၊ဓားဆိုသည်မှာတစ်ခြားမဟုတ်ပါ၊တရားဓမ္မပါ။ ဤသည်မှာ စာရေးသူ၏ လက်စွဲဆောင်ပုဒ်ဖြစ်ပါသည်။ လူမှုရေးတွင် ဟာမိုနီဆိုသည့်အတိုင်း လူတိုင်းနှင့် သဟဇာတဖြစ်အောင် နေထိုင်ပါသည်။ လူတိုင်းနှင့် သဟဇာတဖြစ်ရေးအတွက် လိုအပ်ချက် တစ်ခုမှာ သည်းခံခြင်းပင်ဖြစ်ပါသည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးရာ၌ဆိုလျှင် လွန်စွာသည်းခံတတ်ပါသည်။ စိတ်ရှည်ခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့သည် မေတ္တာတရား၏ ရေသောက်မြစ်ဖြစ်သည့် အဒေါသမှ ဖြာထွက်လာသည့် အကိုင်း၊ အခက်၊ အလက်များသာဖြစ်ပါသည်။ ...
သတင်း

“ပညာရေးအကယ်ဒမီရိက္ခာအလှူတော်”

“ပညာရေးအကယ်ဒမီရိက္ခာအလှူတော်” ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီဆရာ/မများ၊ ကျောင်းသူ/သားများအတွက်—— ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ ဦးတင်လင်းထိုက် + ဒေါ်ပွင့်ဝါစိုး မိသားစုက ဆန်(၁၀)အိတ် နှင့် ဆီ(၃)ပုံး လှူဒါန်းပါသည်။ အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာ ပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်စုံစွာ ပညာပါရမီ ပြည့်ဝပါစေသော်………၀်။ ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီ၌ အုပ်ချုပ်ရေး ဆရာတော် (၁၀)ပါးဆရာ/ဆရာမ (၁၆)ဦးG-9၊ G-10၊ G-11 နှင့် ...
သတင်း

“ စုပေါင်းသွေးလှူဒါန်းပွဲ”

“ စုပေါင်းသွေးလှူဒါန်းပွဲ”=============“ ဖြစ်မြောက်ရေး၊ အလှူရှင်များ”================= ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်း သွေးလှူအသင်းမှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက်—— ၁။ မယ်တော်ကြီး ဒေါ်ပေါရွှေ- ၂၀၀၀၀၀ိ/၂။ ဒေါ်မြင့်မြင့်စိုး (ရန်ကုန်) -၁၀၀၀၀၀ိ/၃။ ဦးသန်းဇော်မြင့်+ ဒေါ်ဝင်းမာခင် မိသားစု – ၅၀၀၀၀၀ိ/၄။ ဦးတင်မောင်ဝင်း+ ဒေါ်ဌေး (ရွှေအိမ် မိသားစု) -၂၀၀၀၀၀၀ိ/၅။ ဒေါ်အေးအေးသိန်း (ယွန်းဝတီ ရွှေဆိုင် မိသားစု)-၅၀၀၀၀၀၀ိ/၆။ ...
သတင်း

“ပညာရေးပဒေသာပင် အလှူတော်”

“ပညာရေးပဒေသာပင် အလှူတော်”==================ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၏ ပညာရေးပဒေသာပင် အဖြစ် အမေရိကန်ပြည်ထောင်စု L.A မဘသ ဆရာတော် နောင်တော်ကြီး အရှင်ပညာဒီပနှင့် ညီတော်မောင် အရှင်ကိတ္တိဃောသ ဆရာတပည့် နှစ်ပါးက အလှူငွေ ၅၀၀၀၀၀ိ/ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။ အလှူရှင် ဆရာတော် နှစ်ပါးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်စုံစွာ ပညာပါရမီ ပြည့်ဝပါစေသော်………၀်။ပညာပါရမိယာ ပစ္စယော ဟောတု။နိဗ္ဗာနဿ စ ဣဒံ ပုညံ။
သတင်း

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”==================================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ- အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ယခုနှစ်၌လည်း စဉ်ဆက်မပြတ် ဆက်လက်ကျင်းပမည်ဖြစ်ရာ သွေးလှူဒါန်းလိုသော ဒါနဥပပါရမီရှင်များ အောက်ပါဆေးရုံများသို့ ကြွရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။ ယခုနှစ် သွေးလှူဒါန်းပွဲကို 26.6.2022 ရက်နေ့ မနက် 9:00 နာရီ မှ မွန်းတည့် 12:00 နာရီအထိ ကျင်းပမည်ဖြစ်ကာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀ နှင့် ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)—————————“ ပြုပြင်သင့်သော အားနည်းချက်———————— ထိုအကြောက်တရားကို ဖုံးကွယ်လို၍ စာရေးသူသိက္ခာကို တက်နင်းလိုက်ခြင်း ဖြစ်ပါသည်။ သူနှင့် မာတုဂါမ ပြဿနာ ဖြစ်ခဲ့ဟိုးလေးတကျော်သည်မှာ သံဃာအများစု သိရှိပြီးဖြစ်ပါသည်။ ပါရာဇိကဂျိုးသမားကြီးက အထက်ပါ စကားဖြင့် စာရေးသူကို ကလေးများရှေ့ တိုက်ခိုက်သည်ကို မခံမရပ်နိုင်ဖြစ်ခဲ့သော် လည်း သည်းခံနိုင်ခဲ့ပါသည်။ သူ့သိက္ခာကို လေးစားသောကြောင့် ဖြစ်ပါသည်။ ရဟန်း သိက္ခာမရှိလောက်အောင် ပျက်စီးနေစေ ကာမူ လူ့သိက္ခာတော့ ရှိသေးသည်သာ။ ကျောင်းဒကာ၊ ဒကာမတွေကိုပြော လိုက်ပါကွာ။ မိန်းမလိုက်စားတဲ့ ပါရာဇိက ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)—————————“ ပြုပြင်သင့်သော အားနည်းချက်————————အရှင်ဝီရသူ (မစိုးရိမ်) ထို့ကြောင့် စာရေးသူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအပေါ်လေးစားစွာ ဆက်ဆံပါသည်။ အတ္တကိုထိပါးစေမည့် စကားမျိုးဆိုလျှင် လူရှေ့သူရှေ့မဆိုထားဘိ ၊ နှစ်ဦးတည်းရှိနေချိန်မှာပင် ပြောလေ့မရှိပါ။ အတ္တကြောင့် ဒေါသကြီးရသည်။ အတ္တ ကြောင့် လောဘကြီးရသည်။ အတ္တကြောင့် မာနကြီးရသည်။ အငြိုးအတေးကြီးသူများ၊ ဝိသမလောဘသမားများ၊ မောက်မာမှုကြီး မားသူများသည် အတ္တကို မထိန်းချုပ်နိုင်သူ များပင် ဖြစ်ပါသည်။ အတ္တသည် ရာထူးကြီးလျှင် ကြီးသည့်အလျောက်၊ အာဏာ လျှင် ကြီးသည့်အလျောက်၊ ဥစ္စာကြီးလျှင် ကြီးသည့်အလျောက်၊ ...