Monthly Archives: February 2019
သတင်း
ပညာရေးအကယ်ဒမီကျောင်း ဆန်အိတ်အလှူတော်
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် (၄၅)အိတ် လာရောက်လှူဒါန်းသွားပါတယ်။13.2.2019 ရက်နေ့ မနက်ပိုင်း ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားတာပါ။ အလှူရှင်ကတော့ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ ရေဦးကျောင်းဆရာတော်ဦးပဏ္ဍိတနှင့် တပည့် ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။ တစ်တင်းဝင်အိတ်များဖြစ်ပြီး အားလုံး (၄၅)တင်း ဖြစ်ပါတယ်။ ပညာရေးအကယ်ဒမီကျောင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ (၁၄၆)ဦးနှင့် ဆရာ ဆရာမ (၃၀)ကျော် ရှိပါတယ်။၅-၆-၇-၉ တန်းများ စာမေးပွဲပြီးလို့ ရွာပြန်သွားကြပါပြီ။၈-၁၀ တန်းပဲ ကျန်ပါတော့တယ်။၁၈ ရက်နေ့မှာ ...
သတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကိုအောင်မြတ်ကို+မဖြိုးဖြိုးတို့၏ မင်္ဂလာဦးအလှူတော်အဖြစ် နဝကမ္မ ၁၅၀၀၀၀ိ (တစ်သိန်း ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (9.2.2019) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် ...
သတင်း
မင်္ဂလာဆွမ်း တရားတော်
9.2.2019 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ နေအိမ်တစ်ခုမှာ ဟောကြားပါတယ်။ သတို့သားက ရန်ကုန်မှာနေတဲ့ မြိတ်သားပါ။ မိသားစုလိုက် ရိုးသားကြိုးစားတဲ့ တောသူတောင်သားတွေပါပဲ။ သတို့သမီးကတော့ မဟော်သဓာကျော်စွာရဲ့ နှမအငယ်ဖြစ်ပါတယ်။ အရုဏ်ဆွမ်းကပ်ပြီး အနုမောဒနာတရား နာယူကြတဲ့အခါ မယား ခုနစ်မျိုးနှင့် လင်ရှစ်မျိုးတရား ဟောကြားခဲ့ပါတယ်။ တရားဟောအပြီးမှာ သံဃာတော်များရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးကြပါတယ်။ ရှေ့နေကိုဖိတ်ထားတာ အချိန်မီမရောက်တာကြောင့် မင်္ဂလာအချိန်အခါအတိုင်း သံဃာတော်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ “မယားခုနစ်မျိုး” မယား ခုနစ်မျိုး၊ ယှိမြဲရိုးတွင်၊ ခိုးသူ အရှင်၊ ...
သတင်း
ဝီရသူစပွန်ဆာနဲ့ ကွန်ပျူတာဘွဲ့ရရှိသွားသူလေးပါ
9.2.2019 ရက်နေ့မှာ စာရေးသူထောက်ပံ့ငွေနဲ့ ကျောင်းတက်ခဲ့တဲ့ ကွန်ပျူတာကျောင်းသူလေးတစ်ယောက် မိဘများနှင့်အတူ ရောက်ရှိလာပါတယ်။ ဒီကနေ့ပဲ ဘွဲ့ရရှိခဲ့လို့ ဘွဲ့ယူအပြီးမှာ လာရောက်ကန်တော့တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခမောက်တောင်ခြေ၊ ဂွေးချိုရွာ၊ ဦးထွန်းမင်း+ဒေါ်နွယ်မာဦးတို့ရဲ့ တစ်ဦးတည်သော သမီးလေးပါ။ အမည်က မွှေးမွှေးကြိုင်ဖြစ်ပါတယ်။ 2015 ခုနှစ် ရေဘေးသင့်တဲ့အချိန်မှာ ကျောင်းဆက်မထားနိုင်လို့ ဘုရားကြီးတိုက် ထီးဖြူဆရာတော် အရှင်သူရိယမှတစ်ဆင့် စာရေးသူထံ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျောင်းတက်နေတာ တစ်နှစ်ခွဲရှိပါပြီ။ ကျန်တဲ့သုံးနှစ်ခွဲအတွက် စာရေးသူက ဆက်လက်ထောက်ပံ့ခဲ့တာပါ။ အောင်မြင်သွားတဲ့အခါမှာ မာစတာတန်းတက်ခွင့်ရပေမယ့် ဆက်မတက်တော့ဘဲ မိဘတွေကို လုပ်ကျွေးတော့မယ်လို့ ...
Uncategorized
မှတ်တမ်းရုပ်ရှင်(ဂျပန်) လာတော့မည်
5.2.2019 ရက်နေ့ Vice Japan သတင်းဌာန Documentary အစီအစဉ်အတွက် သတင်းထောက် Hirokazu Kishida က ဒုတိယအကြိမ် လာရောက်ရိုက်ကူးပါတယ်။ Documentary မှတ်တမ်းရုပ်ရှင်အတွက် ပြင်ဆင်နေတာ မပြီးသေးပါဘူး။ ၂၀၁၈ ဇူလိုင်လကတည်းက ရိုက်ကူးခဲ့တာပါ။ ကြားမှာ အခြားအရေးပေါ်အစီအစဉ်တွေဝင်သွားလို့ အခုလိုမပြီးပြတ်သေးတာပါပဲ။ ၂၀၁၉ ဧပြီးလမှာ ပြီးပြတ်အောင် တည်းဖြတ်သွားမယ်လို့ ပြောပါတယ်။ စာရေးသူက ၎င်းသတင်းထောက်ထံမှ အမေရိကန်ဒေါ်လာ ၃၀၀၀ အပေါင်ယူထားပါတယ်။ အားလုံးတည်းဖြတ်ပြီး စာရေးသူကို လာပြရပါမယ်။ စာရေးသူအတည်ပြုလိုက်တာကိုပဲ လွှင့်ရပါမယ်။ ပိုသွားတာ၊ မကောင်းတာပါသွားတာမျိုးဆိုရင် ...
သတင်း
၂၀၁၉ ပဉ္စပဓမ္မသဘင် (ရန်ကုန်-လမ်းမတော်)
ပြာသိုလပြည့်ကျော် ၁၄ (3.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်မိသားစုများ၏ (၁၂)ကြိမ်မြောက် ဓမ္မသဘင်။ ၂၀၁၉ ခုနှစ်ရဲ့ ၅ခုမြောက် တရားပွဲပါ။ မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဦးကေတုမာလာတို့ ခက်ခက်ခဲခဲကြိုးစားခဲ့လို့ ဟောခွင့်ရခဲ့တဲ့တရားပွဲလေးပါ။ စာရေးသူက တတိယမြောက်ဖြစ်ပြီး စတုတ္ထညမှာ နောင်တော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားမှာပါ။ စာရေးသူက ငြိမ်းချမ်းရေးပွဲမှအပြန် လမ်းမတော်ဓမ္မာရုံမှာ ခဏနားကာ တရားပွဲစီစဉ်သူများ၊ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့် တွေ့စကားပြောပြီးမှ ပလ္လင်ပေါ်တက်ပါတယ်။ အိုးမလုံ အုံပွင့်တတ်သူများက သူတို့အကြောင်း ထည့်ဟောမှာစိုးလို့ အကြောက်အကန်တားဆီးပိတ်ပင်ကြကြောင်း သိရပါတယ်။ ...
သတင်း
ပိဋကတ်တော်နဲ့အညီ ၅၉(စ)ကို ပြင်ဆင်ခြင်း
ထေရဝါဒပိဋကတ်တော်မှာ ဘုရား၊ ရှင်ဘုရင်၊ အတိုင်ပင်ခံအမတ်ကြီး၊ ပညာရှိသုခမိန်ကြီး၊ ဝန်ကြီးချုပ်၊ ဝန်ကြီး စတဲ့အကြီးအကဲတွေ ပြည့်စုံရမယ့် အင်္ဂါရပ်တွေထဲမှာ အရည်အချင်းအပြင် မျိုးရိုး ဇာတိနှင့်ပတ်သက်ပြီး သတ်မှတ်ထားတာလေးတွေရှိပါတယ်။ ဥပမာ ရှင်ဘုရင်ဆိုရင် အမိဘက်မှာ မျိုးရိုး ၇ဆက်၊ အဖဘက်မှာ မျိုးရိုး ၇ဆက် သွေးသန့်ရပါမယ်။ အမျိုးဇာတ်အားဖြင့် မြင့်မြတ်ရပါမယ်။ အတိုင်ပင်ခံအမတ်ကြီးတွေ ပညာရှိသုခမိန်ကြီးတွေလည်း ဒီလိုပါပဲ။ ဒါကြောင့် ၅၉(စ)ကို ပိဋကတ်တော်နဲ့အညီ အောက်ပါအတိုင်း ပြင်ဆင်နိုင်ပါတယ်။ မိမိကိုယ်တိုင် အထက်အောက် ဆွေ ၇ဆက်၊ မျိုး ၇ဆက် သွေးနှောသူမဖြစ်စေရ။ ...
သတင်း
စာအုပ်အလှူတော်
3.2.2019 ရက်နေ့၊ မွန်းလွဲ ၃း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ လှူဒါန်းပါတယ်။ ဓမ္မသဟာယကျောင်း စာသင်သားသံဃာတော်များလိုအပ်တဲ့ သက်ဆိုင်ရာသင်ရိုးစာအုပ်များကို မေးလျှောက်ပြီး ဝယ်ယူလှူဒါန်းကြတာဖြစ်ပါတယ်။ သံဃာတော် (၅၂)ပါးအတွက် ၃၇၂၅၀၀ိ ကုန်ကျကြောင်း သိရပါတယ်။ အလှူရှင်များကတော့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အင်းဘဲရပ်ကွက်၊ ဦးသော်ဇင်မိုး+ဒေါ်ကြူကြူစိန်၊ သမီး သော်တာနှင်း၊ သား ထူးရဲရင့် မိသားစုဖြစ်ပါတယ်။ ပညာပါရမီအဖြစ် စာအုပ်များလှူဒါန်းကြသော ဦးသော်ဇင်မိုး+ဒေါ်ကြူကြူစိန် မိသားစုတို့နှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ ...
သတင်း
၂၀၁၉ စတုတ္ထဓမ္မသဘင် (ရန်ကုန်-လှိုင်သာယာ)
ပြာသိုလဆုတ် ၁၁ ရက် (31.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ခိုင်ရွှေဝါလမ်းမကြီး၊ (၇)ရပ်ကွက်၊ သွေးကရုဏာ သွေးလှူရှင်အသင်း၏ (၃)နှစ်ပြည့်အထိမ်းအမှတ်၊ ခိုင်ရွှေဝါလမ်းမိသားစုနှင့် (၇)ရပ်ကွက်လုံးဆိုင်ရာ အထူးဓမ္မသဘင်။ ၂၀၁၉ ခုနှစ်ရဲ့ ၄ခုမြောက် တရားပွဲဖြစ်ပါတယ်။ သွေးကရုဏာသွေးလှူရှင်အသင်း လူငယ်များဦးစီးကျင်းပတဲ့ပွဲပါ။ တရားပွဲ ငါးညကျင်းပရာမှာ စာရေးသူက ဒုတိယညဖြစ်ပြီး အရင်ညက အရှင်ကောသလ္လ(ဓမ္မစေတီ)ဟောပါတယ်။ တရားမဟောခင် ကိုတမာတို့အိမ်မှာ နားပါတယ်။ လှိုင်သာယာ (၁၉)ရပ်ကွက်မှ လူငယ်များနှင့် (၇)ရပ်ကွက်မှ လူငယ်များ တရားပွဲစီစဉ်သူများ လာရောက်ဖူးမြော်ကြပါတယ်။ မီးခွက်ဈေးရပ်ကွက်မှာ ...
နဂါးနီစုဘူးသတင်း
ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦး0ီ၇သူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (25.1.2019) မွန်းလွဲ(၁း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း E.C အဖွဲ့ဝင် ဦးရဲမောင်ရဲ့အိမ်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး(၁) ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာနွယ်တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်0ီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ...
သတင်း
ဖိုးတွမ်တီး ဖုန်းလေးပါ
သတင်း
၂၀၁၉ ခုနှစ် တတိယဓမ္မသဘင် (ဆင်ပေါင်ဝဲ-မင်းကန်ရွာ)
ပြာသိုလပြည့် (20.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ရွာ အမေနေ့အထိမ်းအမှတ် ဓမ္မသဘင်ပါ။ ၂၀၁၉ ခုနှစ်ရဲ့ သုံးပွဲမြောက် တရားပွဲဖြစ်ပါတယ်။ ရန်ကုန်မှ နေပြည်တော်လေဆိပ်၊ ၎င်းမှ တောင်ညိုလမ်းအတိုင်း လာခဲ့ရတာဖြစ်လို့ ကားမူးပြီး နေရထိုင်ရ မသက်သာတာမျိုး ကြုံရပါတယ်။ နေ့ဆွမ်းလည်း ငတ်သွားပါတယ်ခင်ဗျ။ ရွာရောက်တော့ ၁၂ ကျော်နေပါပြီ။ လမ်းမှာထမင်းဆိုင်မရှိလို့ပါ။ ညနေမှာ ဗောဓိကုန်းသို့ သွားလည်ကြပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရွာမှာ တည်ထောင်ထားတဲ့ ဗောဓိကုန်းပါ။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်တစ်ပါးဖြစ်တဲ့ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကိုယ်တိုင်ဦးစီးပြီး စီးစဉ်နေတာပါ။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၈၀
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တော်ကြီးမြို့၊ မြသီတာကမ္မဋ္ဌာန်းကျောင်း၊ ဦးကုသလ၊ ဦးပညာဇောတ၊ ဦးဝိစိတ္တတို့မှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (30.1.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...