Tag: အင်တာဗျူး

သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက် အဖြစ် လတ်တလောဖြစ်ပျက်သမျှ နိုင် ငံရေးသုံးသပ်ချက်တွေကို အောင်ဇေယျ တုမှာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာ တော်ရဲ့ ရည်မှန်းချက်နဲ့ ခံယူချက်၊ ဆရာတော်ရဲ့ ပရဟိတလုပ်ငန်းများကို လည်းပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဝေဖန် မှုရှိနေတဲ့ တချို့အကြောင်းအရာတွေ ကိုလည်းပဲ ဆရာတော်ဦးဝီရသူဘက်က ပြန်လည် ဖြေရှင်းနိုင်စေဖို့ အချို့သော မေးခွန်းတွေကို ကြိုးစားတည်ဆောက် ထားပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ ခံ ယူချက်နဲ့ ကြိုးစားမှုတွေကို ဆရာတော် ရဲ့အဖြေတွေမှာ ရှာဖွေနိုင်ဖို့ ...
သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၃)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး- လှည်းကူးမြို့နယ် အမြန်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဇွန် ၁၂ ရက် မနက်ပိုင်းမှာ အင်အားသုံးဖျက်သိမ်းခဲ့တာတွေ့ရပါတယ်ဘုရား။ အိမ်ထောင်စုပေါင်း ၁၃၈၀ ကျော်က နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပြီး ဇွန်လ ၁၅ ရက်နေ့မှာလည်းပဲ လူဦးရေ ၃၀ ခန့်က နေအိမ်ဖြိုဖျက်မှုတွေ ရပ်တန့်ပေးဖို့ နေပြည်တော်ထိ လမ်းလျှောက်ဆန္ဒပြကြတာကိုလည်း တွေ့ရပါတယ်ဘုရား။ အဲဒီအပေါ်မှာ တစ်ခုသုံးသပ်ပေးပါဦးဘုရား ဖြေ- လှည်းကူးကိစ္စ အခုလိုလုပ်လိုက်တာ အဖြေမှန်မဟုတ်ဘူးကွ။ ကျူးအစစ်အမှန်ရွေးချယ်ပြီး မနစ်နာအောင် ...
သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၂)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး – ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်ကဖမ်းမိတဲ့ အကြမ်းဖက်သမားတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ၇၁၈ ယောက်ရှိတယ်လို့ သိရပါတယ်ဘုရား။ ဒီအရေအတွက်ဟာ ၂ဝ၁၄ကထက် နှစ်ဆရှိပါတယ်ဘုရား။ ဆီးရီးယားအရေးကြောင့် အကြမ်းဖက်သမားတွေဟာ အီးယူနိုင်ငံတွေဆီ ပြန်ဝင်လာမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်ဘုရား။ တစ်ဖက်မှာလည်းပဲ အစွန်းရောက် အကြမ်းဖက်အစ္စလာမ်မစ်တွေဟာ အရှေ့တောင်အာရှဒေသကို မျက်စိကျနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိတဲ့အပြင် စင်္ကာပူလိုနိုင်ငံမျိုးမှာတောင် ဇွန်လ ၁၂ ရက်နေ့ကပဲ အကြမ်းဖက်ဝါဒီလို့ ယုံကြည်ရတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်လို့ သိရပြန်ပါတယ်ဘုရား။ အရှေ့တောင်အာရှကို ...
သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၁)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး – ဇွန်လ ပထမပတ်တုန်းက ကိန်း ရုပ်ရှင်ပွဲတော်မှာပြသသွားတဲ့ The Venerable W ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုရိုက်ဖြစ်တယ်၊ ဘယ်လိုပုံစံမျိုး ရိုက်ထားတယ်ဆိုတာ သိ ချင်ပါတယ်ဘုရား။ ဇာတ်လမ်းထဲက အဆိုး အကောင်းတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိမရှိ မိန့်ပေးပါဦးဘုရား။ ဖြေ – ဘယ်လိုရိုက်ဖြစ်တယ်ဆိုတာကတော့ ဆွစ်ဇာလန် ဒါရိုက်တာကြီး ဘာဘတ်ရှရူဒါပေါ်မှာ မူတည်တာပေါ့။ ဒါရိုက်တာကြီးက သူ့ဘာသာသူ စုံစမ်းပြီးတော့ ဒီလို ဒီအကြောင်း လာလျှောက်တာလေ။ ...
သတင်းအင်တာဗျူး

ဘယ်အစိုးရတက်တက် အမျိုးသားရေးသမားဆိုတာ ရှိကိုရှိနေရမယ်

  ဆရာတော်ဦးဝီရသူနှင့်တွေ့ဆုံခြင်း ဆရာတော်ဦးဝီရသူဟာ တရား ဟောခွင့်ပိတ်ခံရပြီးနောက်ပိုင်းမှာ မီဒီ ယာတွေနဲ့ တွေ့ဆုံဖြေကြားတာတွေကို ရပ်ဆိုင်းထားပါတယ်။ လက်ရှိဖြစ်ပျက် နေတဲ့ အခြေအနေတွေအရ ဆရာ တော်ရဲ့အသံဟာ အရေးပါနေတာမို့ ‘ဆရာတော်ဦးဝီရသူနှင့် အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင် ချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်နဲ့ အပတ်စဉ်ဆက်သွယ်မေးမြန်းပြီး အောင် ဇေယျတုဂျာနယ်မှာ ထည့်သွင်းဖော်ပြ ပေးသွားမှာပါ။ ဒီတစ်ပတ်မှာတော့ မဘသမှ အထူးအသိပေးရှင်းလင်းပွဲ ကြီးနောက်ပိုင်း လှုပ်ခတ်လျက်ရှိတဲ့ သတင်းတွေကို ဆရာတော်နဲ့ ဆက် သွယ်မေးမြန်းထားပါတယ်။ မေး – ပထမဆုံးအနေနဲ့ ဗုဒ္ဓဓမ္မ ...
သတင်းအင်တာဗျူး

ပြင်သစ်သတင်းထောက် ဇွဲကြီးပုံလေးပါ

ဒီနေ့ 9.6.2017 မနက် 6:00 နာရီကတည်းက ရောက်ရှိနေတာပါ။ တစ်နေကုန်နီးပါးပါပဲ။ ညနေ 6:00 နာရီကျမှ ပြန်သွားပါတယ်။ ပြင်သစ် Economist မဂ္ဂဇင်းကလို့ပြောပါတယ်။ ဆရာမောင်သွေးချွန် ချိတ်ဆက်ပေးလိုက်တာပါ။ ဒီလိုပဲ စာနယ်ဇင်းသမားတွေက သတင်းရဖို့အတွက် အောက်ကျို့ကြ၊ သတင်းရသွားတဲ့အခါ အတင်းအဖျင်းပုံစံ မျိုးရေးကြ၊ ပြောတဲ့အတိုင်း ရေးပြန်တော့လည်း အစွန်းရောက်တို့ အကြမ်းဖက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ စုံနေအောင် အချွန်အတွန်းတွေနဲ့ မ-ကြတာကြောင့် သူတို့နဲ့ ခပ်ကင်းကင်းပဲ နေပါတယ်။ အရင်တစ်ခါ အမျိုးသမီးတစ်ယောက်ပါပဲ ဘယ်နိုင်ငံကလည်းတော့ မသိရပါ။ မဖြေချင်ရင်တောင် ဓာတ်ပုံရိုက်ခွင့်တော့ပြုပါလို့ ပြောပေမဲ့ ထွက်မတွေ့ဖြစ်ခဲ့ပါဘူး။ ဒီသတင်းသမားကတော့ တစ်နေကုန်လည်းနေတယ်၊ ဘယ်မှမသွားဘဲလည်းထိုင်စောင့်နေတယ်၊ အင်မတန်ဇွဲကြီးသူပါ။ ...
သတင်းအင်တာဗျူး

BBC မေး……..ဦးဝီရသူ ဖြေ  (ရခိုင်ခရီးစဉ်နှင့် ပတ်သက်သည့်အင်တာဗျူး အပြည့်အစုံ)

BBC = မင်္ဂလာပါ ဘုရား။ ဦးဝီရသူ=မင်္ဂလာပါ ဒကာကြီး။ BBC=ဘယ်ဒေသတွေရောက်ခဲ့သလည်း ဘာတွေလှူဒါန်းဖြစ်ပါသလည်းဘုရား။ ဦးဝီရသူ=လောလောဆည်ဆည်မောင်တောပဲရှိပါသေးတယ်၊လှူဒါန်းတာကတော့ အဓိကနှစ်မျိုးပေါ့နော် ဆန်ရယ်ငါးခြောက်ရယ် ရိက္ခာနှစ်မျိုးပေါ့နော် ကျန်တာကတော့ သူတို့ရဲ့ အသေးစိပ်အချက်လေးတွေ မှတ်ထားပြီး ဦးဇင်းတို့ကဘယ်လိုပုံစံနဲ့လှူ ရမယ် ဘယ်လိုစီစဉ်ရမယ်ဆိုတာလေးကိုတာ့ အကြမ်းပြင်းလောက်ပဲပြောခဲ့ရတာ ပါ့နော် အဲ့ဒါတွေကတော့အမျိုးအမည်က တစ်ရွာ နှင့်တစ်ရွာမတူဘူးပေါ့နော် တစ်ချို့ကတော့ ဓမ္မာရုံလေးတောင်းတယ် တစ်ချို့ကတော့ရေကန်တောင်းတယ် အဲ့ဒါမျိုးလေးတွေပေါ့။ BBC=ဆရာတော်လှူခဲ့တာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလည်းဘုရား ဗုဒ္ဓဘာသာဝင်တွေကိုပဲလား အခြားဘာသာဝင်တွေကိုရောလှူခဲ့လားဘုရား။ ဆရာတော်=အဓိကကတော့တိုင်းရင်းသား တွကိုပါဒကာကြီး၊ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေရယ် မွတ်စလင် ရွာတွေကြားမှာညှက်နေတဲ့ လုပ်ကိုင်စားသောက်လို့မရတဲ့ တိုင်းရင်းသားတွေရယ်၊ နောက်…..ကျီးကန်းပြင်အရေးအခင်းတုန်းက ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေရယ်ပေါ့ သူတို့ကိုလှူဒါန်းတာပါ။ BBC=မှန်ပါ့ဘုရား အစ္စလာန်ဘာသာဝင်တွေရဲ့ အစွန်းရောက်တာကို ဟောပြောနေတဲ့ ရဟန်းတစ်ပါးအနေနဲ့ အစ္စလာန် ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့နေရာကိုသွားတဲ့အတွက် ...