Tag: အင်တာဗျူး

သတင်းအင်တာဗျူး

မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စုကောင်းစားရေးလား သေသေချာချာကိုပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့်အခြေအနေဖြစ်နေပြီ(အပိုင်း-၂)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ဒီကျောင်းသားသပိတ်ပေါ့ဘုရား၊ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲပေါ့ဘုရား။ ဒီဆန္ဒပြပွဲက ထူးခြားတာက ပညာရေး အသုံးစရိတ်ကို တိုးမြှင့်ဖို့သက်သက်ပဲ တောင်းတယ်၊ အရင်ကျောင်းသားဆန္ဒ ပြပွဲတွေလို အခြေခံဥပဒေဖျက်သိမ်းရေး တို့၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ပေး ရေးတို့ မပါတာတွေ့ရပါတယ်ဘုရား။ ခု ဆန္ဒပြပွဲကို ဝန်းရံသူ သိပ်နည်း နေတာ နိုင်ငံရေးရည်ရွယ်ချက်မပါလို့ လို့ ပြောလို့ရမလားဘုရား။ အရှင်ဘုရား အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ- အဲဒါမှတ်ထားပါ။ သူတို့တစ်တွေ နိုင်ငံရေးလုပ်နေတာဟာ တစ်ဦး ...
သတင်းအင်တာဗျူး

မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စုကောင်းစားရေးလား သေသေချာချာကိုပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့်အခြေအနေဖြစ်နေပြီ (အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်တင်ဆက်ပေး နေတာ အခုဆိုရင် ၁၉-ပတ်မြောက် ရှိခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူကို လက် ရှိနိုင်ငံရေးအခင်းအကျင်းထဲမှာ ဖြစ်ပျက်နေတာ တွေနဲ့ အမျိုး ဘာသာ သာသနာအတွက် စိုးရိမ်ရ တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းဖြစ် ခဲ့ပါတယ်။ ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းထား သမျှတို့ကို မြန်မာ့ဥဒါန်းဂျာနယ်ပရိသတ်များ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေး- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးလ် တက်ရောက်တယ် ဆိုတဲ့ သင်္ကန်းကပ်လှူခြင်းနှင့် ညစာ မိတ်ဆုံစားပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ပွဲတစ်ခုရဲ့သတင်းက ...
သတင်းအင်တာဗျူး

ပညာရေးကို အင်မတန်လိုလားတဲ့ ကျောင်းသားတွေကို ကျောင်းထုတ်လိုက်ခြင်းကြောင့် ဒီမိုကရေစီအစိုးရကြီး ဘာများ အကျိုးရှိသွားသလဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ပထမဆုံးအနေနဲ့က အရှင်ဘုရားရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ အပိတ်သိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။ အဲဒါလေးသိချင်ပါတယ်ဘုရား။ ဖြေ- အဓိကကတော့ ကလောင်ချင်းမယှဉ်နိုင်လို့ လုပ်ကြံလိုက်တဲ့သဘောပါပဲ။ သူတို့မရှိစေချင်တဲ့အကောင့်စာရင်းတွေက ဘယ်လောက်ရှိတယ်။ ဘယ်နှစ်ခုနှစ်အတွင်း အပြတ်ရှင်းမယ် ဆိုတာကြားခဲ့ရတာကြပါပြီ။ ရည်ရွယ်ချက်ကတော့ အာဏာတည်မြဲရေးအတွက် အတိုက်အခံတွေကို အကုန်ရှင်းဖို့ပါပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးစင်မြင့်ပေါ်မှာ ကလောင်ချင်းယှဉ်ရမှာ ကလောင်ချင်းမယှဉ်ရဲတော့ စင်အောက်ကနေပဲ အောက်လမ်းနည်းနဲ့ လုပ်ကြံပစ်လိုက်တာပါ။ မေး – Facebook ကုမ္ပဏီပေါ့ဘုရား၊ အမေရိကန်မှာရှိတဲ့ Facebook ကိုယ်တိုင်ကုက ဇန်န၀ါရီလ ၂၂ ရက်နေ့ကပဲ လူမှုမီဒီယာပေါက်ကွဲမှုသည် ...
သတင်းအင်တာဗျူး

မဘသအဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက်နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ပထမဆုံးအနေနဲ့ နေပြည်တော်မှာကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တွေ တွေ့ဆုံတဲ့ အစည်းအဝေးပေါ့ဘုရား။ အဲဒီမှာ မဘသဆရာတော်တွေလည်း ပါတာပေါ့ဘုရား။ အဲဒီအစည်းအဝေးပွဲမှာ အရှင်ဘုရားကို မတွေ့ရဘူးဆိုတော့ ဘာ့ကြောင့် မတက်ဖြစ်တာလဲ သိချင်ပါတယ်ဘုရား။ ဖြေ- နံပါတ်(၁)ကတော့ မဘသ အမည်ပြောင်း ဖောင်ဒေးရှင်းက နုတ်ထွက်ထားတာပေါ့နော်။ နုတ်ထွက်ထားပါလျက် အစည်းအဝေးတွေမှာပါ၊ ဟိုအခမ်းအနားပါ ဒီအခမ်းအနားပါပါ ပါနေတဲ့အခါကျတော့ ဦးဇင်းကြောင့် ဖောင်ဒေးရှင်းကြီး ပုံရိပ်ထိခိုက်နိုင်တယ်ဆိုတဲ့အသံတွေလည်း ကြားနေရတာပေါ့နော်။ ကိုယ့်ကြောင့် ဖောင်ဒေးရှင်းကြီးရဲ့ပုံရိပ် ထိခိုက်မှာစိုးလို့ မတက်တာပါ။ ဖောင်ဒေးရှင်းကြီးကတော့ဖုန်းလည်းဆက်ပါတယ်။ ဖိတ်စာလည်း ...
သတင်းအင်တာဗျူး

မဘသ ဝီရသူ ၉၆၉

မဘသ အဖွဲ့ အစည်းကြီးထဲမှာ ဦးဇင်းအတွက် နေရာ မရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ ● ——————————————————————— မေး- မဘသရှိခဲ့တဲ့ တစ်လျှောက်လုံး၊ နာမည်မပြောင်းခင် တစ်လျှောက်လုံး၊ မဘသအဖွဲ့ကြီးအနေနဲ့ ရှိခဲ့တဲ့ တစ်ချိန် လုံးမှာ မဘသလို့ပြောလိုက်တာနဲ့ အမျိုး သားရေးလှုပ်ရှားမှုလို့ပဲ နားလည်ကြတယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတာနဲ့ အရှင် ဘုရားက ဦးဆောင်သူအခန်းကဏ္ဍကနေ ပါဝင်လာတယ်။ ဆိုတော့ ဒီထဲမှာပဲ မဘသ ထဲမှာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ က အရှင်ဘုရားပါမှ ပြည့်စုံတယ်လို့ယူဆ ကြပြီး တချို့က အရှင်ဘုရားပါလာရင် ...
သတင်းအင်တာဗျူး

ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ဒီရက်ပိုင်းအတွင်းမှာပဲ ၀န်ကြီးချုပ်တစ်ယောက်နဲ့ ၀န်ကြီးငါးယောက်ထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။ ဖြေ – ရည်ရွယ်ချက်ကတော့ အပြောင်းအလဲလုပ်ချင်လို့ အောက်ခြေကနေ စပြောင်းတဲ့သဘောပေါ့။ ဒါပေမဲ့ ဒီလောက်လေးနဲ့ ရပ်သွားပြီဆိုရင် ဘာမှ ထူးမှာမဟုတ်ဘူးလေ။ မိုးမလုံတဲ့ခေါင်ကို ၀ိုင်းပြီးတော့ မိုးကြကာကြရမှာကို အိမ်တိုင်တွေ အစားထိုးနေတယ်၊ ကြမ်းခင်းတွေချွတ်ပြီးတော့ အစားထိုးနေတယ်ဆိုရင် ဒီအိမ်က ဆွေးမှာက ဆွေးမှာပဲလေ။ အိမ်သူအိမ်သားတွေက မိုးဒဏ်ခံရမှာက ခံရမှာပဲလေ။ စနစ်ကြီးတစ်ခုကို အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်တော့ အထက်ဆုံးက ပုဂ္ဂိုလ်ကိုပြောင်းရင်ပြောင်း သို့မဟုတ် အထက်ဆုံးက ...
သတင်းအင်တာဗျူး

အာဏာယစ်မူးတဲ့သူတွေက အမျိုးသားရေးသမားတွေကို ရန်သူလိုမြင်လာပြီးတော့ မဖြစ်မနေနှိမ်နင်းမှရတော့မယ်ဆိုပြီး အနိုင်ကျင့်ခဲ့ကြတာ (၃/နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ) မေး- နိုင်ငံရေးကို အနှစ်ချုပ်ပြောရရင် နိုင်ငံရေးဆိုတာဟာ ပြည်သူလူထုကောင်းစားရေးဖြစ်တယ်၊ လူပုဂ္ဂိုလ်တစ်ယောကို ကိုးကွယ်နေတာ ဒါမှမဟုတ် ပြောရေးဆိုခွင့်ရတုန်း ကောင်းကြောင်းပြောနေတာမဟုတ်ဘူးလို့ နားလည်ပါတယ်ဘုရား။ တချို့ကတော့ နိုင်ငံရေးဆိုတာကို တလွဲအဓိပ္ပါယ်ဖွင့်ရုံမကဘဲ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံရေးအဓိပ္ပါယ်ထဲကို နာမည်ကြီးတွေကို စင်တင်ဇာတ်သွင်းတာတွေလည်းတွေ့နေရတော့ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါလဲ။ ဖြေ- နိုင်ငံရေးဆိုတာကတော့ တိုင်းပြည်နှင့်ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ရတဲ့အလုပ်ပဲလေ။ မြန်မာ့နိုင်ငံရေးသမားတွေက ချစ်ခြင်းနဲ့ မုန်းခြင်းနှစ်ခုပဲ သူတို့သိတယ်။ တစ်ဦးတစ်ယောက်ကို ချစ်မယ်၊ တစ်ဦးတစ်ယောက်ကို မုန်းမယ်။ အဖွဲ့အစည်းတစ်ခုကိုချစ်မယ်၊ အဖွဲ့အစည်းတစ်ခုကို မုန်းမယ်။ ချစ်သောသူကို ...
သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – အစိုးရအပြောင်းအလဲ ကာလလေးမှာပဲ အရင်တုန်းက အမျိုးသားရေးတရား ဟောတဲ့ ဆရာတော်တွေ တချို့ မဟောတော့ဘူး။ တချို့လည်း လမ်းကြောင်းလေးတွေပြောင်းသွားတာမျိုးရှိတယ်။ တချို့လည်း အမျိုးသားရေးကနေ ပရဟိတဘက်လှည့်သွားတာလည်းရှိတယ်ပေါ့ဘုရား။ ဒီအပေါ်မှာလည်း တချို့က အားမလိုအားမရဖြစ်ကြတယ်ပေါ့ဘုရား။ အဲဒါတွေအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ရနိုင်မလဲဘုရား။ ဖြေ – ဒါကတော့ ခံယူချက်ပေါ်မှာ မူတည်တာပေါ့။ ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲလေ။ ဆရာတော်သံဃာတော်တွေဆိုပြီးတော့လည်း အတင်း မြှင့်ပြီး တွက်ထားလို့ မရနိုင်ဘူး။ အခု မဟန ၄၇ ပါးထဲမှာပဲ မဘသဗဟိုဦးဆောင်ထဲမှာပါတဲ့ ...
သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ဒီဇင်ဘာ ၂၇ ကပဲ မန္တလေးမှာ အစိုးရဖြုတ်ချရေး သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ခြောက်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။ ဖြေ – ပြောစရာတော့ ထွေထွေထူးထူး မရှိတော့ဘူးလေ။ အစိုးရလုပ်တာက ကမ်းကုန်သွားပြီကိုး။ ဒီမိုကရေစီအစိုးရလည်းပြောသေးတယ် သပိတ်စခန်းကို သူပုန်ဝင်စီးသလိုစီးတယ်၊ လူလိုသူလိုပြောပြီးတော့ မဖမ်းဘူး။ အကြမ်းဖက်ပြီးတော့ ရိုက်နှက်ထောင်းထုပြီးတော့ ကားပေါ်ကိုပစ်တင်တယ်။ ၀ရမ်းမပါဘဲဖမ်းပြီး လက်ထိပ်ခတ်တယ်။ ဒါတွေက ဒီမိုကရေစီတိုင်းပြည်မှာ ရှိရမယ့်လုပ်ရပ်တွေမဟုတ်ဘူးလေ။ အခု အမိန့်ချလိုက်ပြန်တော့လည်း အာဏာရှင်အစိုးရလက်ထက်အတိုင်းပဲ အပြည့်မောင်းပစ်တယ်။  ဘာအထောက်အထားမှ မရှိဘဲနဲ့လည်း ...
သတင်းအင်တာဗျူး

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာ တောင်ပို့ကြီးပါလို့ မပြောဘူဆိုရင် ကိုယ်က ...

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး မေးခွင့်ပြုပါဘုရား။ ဒီ အရှင်ဘုရားရဲ့ င်္ခေနဘသသု စာမျက်နှာပေါ်မှာ ပေါ့ပေါ့ပါးပါးနေချင်တယ်လို့ ရေးထားတာတွေ့ရပါတယ်ဘုရား၊ ဆိုတော့ လက်ရှိအချိန်မှာ ဘယ်အရာတွေက အရှင်ဘုရားကို လေးလံစေပါသလဲဘုရား။ ဖြေ – တကယ်တမ်းပြောရရင်တော့ ဦးဇင်းက မနက်လင်းတာနဲ့တန်းပြီး အမျိုးသားရေးဆိုတဲ့ တာဝန်ကြီးကို ထမ်းဆောင်ပြီးသားဖြစ်နေတာပေါ့နော်၊ ဒါ ဘယ်သူတစ်ဦးတစ်ယောက်ကမှတာဝန်ပေးတာမဟုတ်ဘဲနဲ့ တာဝန်သိ စိတ်ဓာတ်နဲ့တင် ကိုယ်က မဖြစ်မနေထမ်းဆောင်နေတဲ့သဘောသက်ရောက်နေတာပေါ့။ နောက် ညဆိုလည်း ညဥ့်နက်တဲ့အထိ နေတာတွေကများတယ်လေ။ အဲတော့ အမျိုးသားရေးတာဝန်တွေက ဦးဇင်းအပေါ်မှာ ၀န်ထုပ်ဝန်ပိုးကြီးလို အမြဲတန်းပိနေတာပေါ့။ ...
သတင်းအင်တာဗျူး

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာ တောင်ပို့ကြီးပါလို့ မပြောဘူဆိုရင် ကိုယ်က ...

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ရွှေည၀ါဆရာတော်နဲ့ပတ်သက်ပြီး အမျိုးသားရေးနဲ့ နိုင်ငံရေးစိတ်ထားဆိုပြီးရေးထားတာ တွေ့ရပါတယ်။ အရှင်ဘုရားဘက်က သံဃာတော်ချင်းအပြစ်တင်တာမျိုးရေးလေ့မရှိပေမယ့် ရွှေည၀ါဆရာတော်နဲ့အကြောင်းကို ဘာကြောင့်ရေးဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်ဘုရား။ ဖြေ – ဘုရားသားတော်အချင်းချင်း ရိုင်းပင်ကူညီရမှာကြီးကို အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံရေးအယူအဆမတူတာတစ်ခုတည်းနဲ့ပဲ ရန်သူလိုသဘောထားပြီး ပါမောက္ခဖမ်းသင့်တာကြာပြီတို့၊ နောက်ထပ်ဖမ်းရမယ့်သူတွေ ရှိသေးတယ်တို့၊ ဘယ်သူဆိုတာ မြေပြင်မှာ ဆင်သွားသလိုထင်ရှားတယ်ဆိုတာတွေပြောနေတာကို သဘောမကျတာပေါ့။ ဦးဇင်းနဲ့ပတ်သက်လို့ပြောတာဆိုတာကတော့ ပုဂ္ဂိလ်ရေးအရ သည်းခံပါတယ်။ ဒါပေမယ့် ဘုရားသားတော်တွေဆိုတာ အမြဲတမ်းသမဂ္ဂစိတ်ရှိရမယ်လေ။ ဥပမာ ဆိုကြပါစို့၊ မိတ္ထီလာမှာဆိုရင် ဦးသောဘိတကိုအကြောင်းပြုပြီးတော့ တုံ့ပြန်မှုအကြီးအမားကြီးဖြစ်ခဲ့တယ်ပေါ့။ နောက် စစ်အစိုးရတက်ခါစက မန္တလေး ဆွမ်းလောင်းပွဲမှာ ကိုရင်တစ်ပါးနဲ့ပတ်သက်ပြီး ကြီးကြီးမားမားကြီးကို ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုတာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီပဲ (၂-နိဂုံး)

မေး- ရခိုင်အရေးဘက်ကို နည်းနည်းလေးမေးချင်ပါတယ်ဘုရား။ ရခိုင်အရေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဘယ်လောက်ထိပြောသလဲဆိုရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်မှုတွေဟာ လူသားကျင့်ဝတ်ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေနဲ့ အလွန်တူညီတယ်ဆိုတဲ့အထိ ပြောတယ်ပေါ့ဘုရား။ မြန်မာဘက်ကတော့ ဒီလိုပြောတာဟာ အချုပ်အခြာဏာကို ကျူးကျော်စော်ကားတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားတွေ များလာတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။ ဖြေ – နှစ်ချက်ရှိပါတယ်။ အစိုးရကိုယ်တိုင်က ရိုဟင်ဂျာ ဘင်္ဂါလီအဆုံးအဖြတ်ကို မပေးသေးသရွေ့ သူတို့တွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာနဲ့ ခြိမ်းခြောက်နေမှာပဲလေ။ ဆိုလိုတာက ဘင်္ဂါလီတွေဟာ အကြမ်းဖက်ပြီး ရခိုင်ပြည်နယ်ကြီးကို သိမ်းပိုက်တယ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားတယ်။ ဒါကြောင့် ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို မျက်ကွယ်ပြုတဲ့ ဒီမိုကရေစီဆိုတာ အမျိုးသားရေးကိုသစ္စာဖောက်တဲ့ ဒီမိုကရေစီပဲ(၁)

မေး-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီကို အမျိုးသားရေးဝါဒက စိန်ခေါ်မှာ၊ အမျိုးသားရေးဝါဒီတွေက လှုံ့ဆော်မှာလို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြောခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရှင်ဘုရား ဘာများ ပြောချင်ပါသလဲဘုရား။ ဖြေ- အမျိုးသားရေးသမားတွေက ဒီမိုကရေစီကို အပြည့်အ၀ယုံကြည်ပြီးသား လက်ခံပြီးသားပါနော်။ ဒါပေမယ့် အမျိုးသားရေးသမားတွေ ယုံကြည်လက်ခံထားတဲ့ ဒီမိုကရေစီဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီဖြစ်ရမယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုး၊ ကိုယ့်သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီမျိုးဖြစ်ရမယ်။ ပြောရမယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွားက ပထမ၊ ဒီမိုကရေစီက ဒုတိယဖြစ်နေရမယ်ပေါ့နော်။ ဒါပေမယ့် သူတို့တတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားကိုမျက်ကွယ်ပြုပြီးတော့ ဒီမိုကရေစီက ...
သတင်းအင်တာဗျူး

အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်။ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ထောက်ကြံ့က လမင်းသာဘီယာဆိုင်က သံဃာတု ခေါင်းစဉ်တပ်ပြီး ရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိချင်ပါတယ်ဘုရား။ ဖြေ- သံဃာအတုဆိုတာကတော့ သူတို့ဘက်က အပြစ်ပေါ့အောင် ပြောတာမျိုးပေါ့။ တကယ်တမ်းကျတော့ သံဃာအစစ်မှန်း အသိသာကြီးပါ။ အငြိုးအတေးလည်းမရှိဘူး၊ စော်ကားမော်ကားပြုတာမျိုးလည်းမရှိဘူး။ ကိုယ့်ဆိုင်ထဲ အကူအညီလာတောင်းတာနဲ့တင် သူတို့က သံဃာတွေကို မုန်းတီးတဲ့စိတ်နဲ့ မချေမငံပြောလွှတ်လိုက်တဲ့ကိစ္စမှာ ဆရာတော်ကြီးက ငယ်ဖြူဆိုတော့ သည်းမခံနိုင်လို့ တောင်ဝှေးနဲ့ ရိုက်လိုက်တယ်လို့ ကြားတာပေါ့နော်။ အဲဒီအပေါ်မှာ သံဃာတုခေါင်းစဉ်တပ်ပြီးတော့ ချကျတာပေါ့။ တချို့ပြောတာဆိုရင် ဆရာတော်ကြီးက ရေတောင်းသောက်တယ်၊ သူတို့က ရေမရှိဘူး ဘီယာပဲရှိတယ်လို့ ...
သတင်းအင်တာဗျူး

နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီး ကျားကျ ကြောက်ကြတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး(၂)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – အာဏာရပါတီက အမျိုးသားရေးသမားတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတဲ့အချိန်မှာပဲ အတိုက်အခံပါတီလို့ပဲပြောရမှာပေါ့ဘုရား၊ အဲဒီပါတီကြီးက အမျိုး ဘာသာ သာသနာလို့ ပေါ်ပေါ်တင်တင်ပဲ ကြွေးကြော်လာတယ်ပေါ့ဘုရား၊ နောက်ပြီးတော့ ပါတီဝင်အသစ်တွေကလည်းပဲ ဒီပါတီကိုဝင်ရတာ အမျိုးဘာသာ သာသနာကြောင့် ၀င်တယ်ဆိုတာမျိုးတွေလည်း ပြောလာတယ်ပေါ့ဘုရား အရင်ကတည်းက အမျိုးသားရေးလှုပ်ရှားမှုတွေဟာ သူတို့ရဲ့ လက်ကိုင်တုတ်လို့ တံဆိပ်ကပ်ခံရနေတာဆိုတော့ သူတို့က အမျိုးဘာသာ သာသနာလို့ ကြွေးကြော်လာချိန်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲဘုရား။ နိုင်ငံရေးအခင်းအကျင်းက၊ နောက် အမျိုး ဘာသာသာသနာလှုပ်ရှားမှုတွေက။ ဖြေ- ပြည်သူတွေမှာ ချစ်ခြင်းမုန်းခြင်းက တအားကြီးကို လွှမ်းမိုးခံနေရတယ်။ သူတို့မုန်းတဲ့သူတွေနဲ့ အမျိုးသားရေးသမားတွေကို ပြည်သူတွေက ...
သတင်းအင်တာဗျူး

နွားတွေလို ကိုယ့်အချင်းချင်းသာခွေ့ကြပြီး ကျားကျ ကြောက်ကြတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး(၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – နေပြည်တော်မှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ ဓမ္မ၀ံသာနုက ပထမဆုံးအကြိမ်ကျင်းပမယ့် သံဃာတစ်သောင်းဆွမ်းဆန်စိမ်းလောင်းပွဲဟာ အခုအချိန်ထိ ကျင်းပခွင့်ရသလို မရသလိုဖြစ်နေတယ်ပေါ့ဘုရား။ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်ဆက်စပ်တဲ့ အခမ်းအနားတွေက အတားအဆီးများလာတာအပေါ် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။ ဖြေ – ဒါတွေကိုမြင်လို့ ဆရာတော် သံဃာတော်တွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူတွေကို သတိပေးခဲ့တာပေါ့နော်။ ပြည်သူတွေ ကိုယ်တိုင်ကိုက နိုင်ငံရေးလောဘအတင်းတက်ပြီးတော့ ငါးမျှားချိတ်မမြင်ဘဲ ငါးစာကိုပဲ မြင်ခဲ့ကြတာပေါ့နော်။ ဒီ့ထက်မက ထပ်ပြီးတော့ ချုပ်ချယ်လာဦးမှာပါ။ နောက်ဆုံးပြည်သူတွေက ဒီအစိုးရကို ဖြုတ်ချချင်လောက်အောင် စက်ဆုပ်ရွံ့ရှာတဲ့အဆင့်ထိကို သူတို့တွေက ဘာသာတရားကို ဖျက်လိုဖျက်စီးလုပ်လာကြဦးမလားဆိုတာကိုတော့ ...
သတင်းအင်တာဗျူး

ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ချယ်လာမှာ(၁)

(ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း) မေး – ရန်ကုန်က မြို့နယ် ၁၁ ခုမှာ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်မပေးတာနဲ့ပတ်သက်ပြီးဘယ်လို မြင်လဲပါသလဲဘုရား။ ဖြေ – တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်သလိုမျိုး ဆက်လုပ်သွားဖို့ ခြေလှမ်းတွေ လှမ်းလာတဲ့သဘောပါပဲ။ ဒါတွေကို ပြည်သူတွေက ငုံ့ခံနေမယ်ဆိုရင်တော့ ဒီ့ထက်မက ချုပ်ခြယ်လာမှာပေါ့ကွာ။ မေး -ချုပ်ခြယ်မှုဆိုလို့ တစ်နေ့က သတင်းတစ်ပုဒ်အကြောင်း ပြည့်ပြည့်စုံစုံလေးပြန်ပြောချင်ပါတယ်ဘုရား။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ“လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ...
သတင်းအင်တာဗျူး

ဂျပန်မဂ္ဂဇင်းအယ်ဒီတာအမေးကို ဖြေကြားချက်များ

10.11.2017 ရက်နေ့ မနက် ၈း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ တွေ့ဆုံဖြေကြားပါတယ်။ ================================================= မေး- ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ရောက်လာတယ်၊ နိုင်ငံရေးသမားတွေကိုလည်း သွားပြီးတော့ အင်တာဗျူးတယ်၊ အင်းစိန်ကိုလဲ ရောက်တယ်၊ မဘသကိုလဲ သူ သွားတွေ့တယ်ပေါ့နော် အနောက်တိုင်းသတင်းစာတွေမှာရေးထားတဲ့ဟာနဲ့ သူကြားထားတာနဲ့ တကယ့်လက်တွေ့မှာ လုံးဝတစ်ခြားစီပေါ့နော် ။ သူ့စိတ်ထဲမှာ မသိရတဲ့ဟာတွေ အများကြီးပေါ့။ ဟိန္ဒူတွေအသတ်ခံရတဲ့ကိစ္စ တစ်ခါမှ မကြားဘူးပေါ့နော်၊ အနောက်တိုင်းသတင်းမှာလည်း တစ်ခါမှ မရေးဘူးပေါ့နော် အဲဒါတွေကိုသိရတော့ အရမ်းစိတ်လှုပ်ရှားတယ်ပေါ့နော်။ ဖြေ- ဦးဇင်းတို့က ဟိန္ဒူမိသားစုတွေနဲ့လည်း တွေ့ခဲ့ပြီးပါပြီ။ ...
ဂျာနယ်သတင်းအင်တာဗျူး

တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကို မုန်းရမယ်ဆိုတဲ့ခံယူချက်ကြီးကလည်း အမျိုးသားရေးအမြင် မဟုတ်ပါဘူး(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – စဥ့်ကိုင်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတစ်ခုမှာ ကိုရင်ကလေးတွေက အောက်ကထိုင်နေရပြီး ဘာသာခြား ဘာသာရေးခေါင်းဆောင်တွေက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံကို တွေ့ပါတယ်ဘုရား။ အဲဒီ ဓာတ်ပုံနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ သဘောထားကို သိချင်ပါတယ်ဘုရား။ ဖြေ – စလုပ်ကတည်းကိုက ဘာသာရေးကို အကြောင်းပြပြီးနိုင်ငံရေးအသုံးချတာပေါ့။ အဲဒီတော့ စေတနာမမှန်ဘူး။ စေတနာမမှန်တော့ လုပ်ရပ်လည်း မမှန်ဘူးပေါ့။ တကယ်ဆိုရင် ဘယ်သူမှ ရောက်မလာခင်ကတည်းကိုက ကိုရင်လေးငါးဆယ်က အရင်ရောက်နှင့်နေတာလေ။ ကိုရင်တွေက အရင်ရောက်နှင့်နေပါလျက်နဲ့ ကိုရင်တွေကို အဲဒီလို ...
ဂျာနယ်သတင်းအင်တာဗျူး

ဒီအစိုးရလက်ထက်မှာ အမျိုးသားရေးအကျပ်အတည်း အတွေ့ဆုံးကာလပေါ့ (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မြန်မာ့ဥဒါန်းဂျာနယ်ကနေ ဆရာတော်ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းပြီး လတ်တလောဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့အတူ အပတ်စဉ်ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဆရာတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်တွေနဲ့အတူ သတင်းတွေအပေါ် ဆရာတော်ဦးဝီရသူရဲ့ သုံးသပ်ချက်တွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေး – ပထမဆုံးအနေနဲ့ ဒီမိုကရေစီအစိုးရကောင်းမှုတော်ဆိုတဲ့ ဗီနိုင်းတွေ သဟာယစာဖတ်ဝိုင်းအနီးမှာ ချိတ်ဆွဲတာတွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းကြောင့် ချိတ်ဆွဲဖြစ်တယ်ဆိုတာလေး မိန့်ကြားပေးပါဦးဘုရား။ ဖြေ – လွတ်လပ်စွာဟောပြောခွင့်တို့၊ လွတ်လပ်စွာရေးသားခွင့်တို့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့၊ လွတ်လပ်စွာ ချီတက်လမ်းလျှောက်ခွင့်တို့ လူ့အခွင့်အရေးကြွေးကြော်ပြီးတက်လာတဲ့ ဒီအစိုးရလက်ထက်ကျမှပဲ ၀ီရသူတို့တရားပွဲအပိတ်ခံရ၊ မဘသအဖွဲ့ကြီးလည်းအဖျက်ခံရ၊ ...