Tag: အင်တာဗျူး

ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၂)(နိဂုံး)

မေး – သူက မနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာက ပထမအဆင့်က အ ကူအညီပေးရေးနဲ့ ပြန်လည်လက်ခံရေး ပေါ့၊ ဒုတိယအဆင့်မှာ နေရာချထား ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ တတိယ အဆင့်မှာက ဒေသဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခ ကင်းဝေးရေးဆိုတော့ ပဋိပက္ခတွေ ကင်းဝေးဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ ဘုရား။ အစိုးရကရော၊ နောက်ပြီးတော့ မွတ်ဆလင်အသိုင်းအဝိုင်းကရော။ ဖြေ – အဲဒါကတော့ အစိုးရလုပ်ပေးရ မှာက မွတ်ဆလင်တွေက ဌာနေတိုင်း ရင်းသားနဲ့ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေကို ဘယ်နည်းနဲ့မှ ကျူးကျော်ခွင့်မရအောင် သူတို့အတွက် သီးသန့်နေရာလုပ်ပေး ...
ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၁)

ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး လတ်တလောဖြစ်ပေါ် နေတဲ့သတင်းတွေကို ဆရာတော်ရဲ့ သုံးသပ်ချက်တွေနဲ့ ဆက်စပ်မြင်နိုင်ဖို့ အဓိကဦးစားပေးဖော်ပြခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆရာတော်ဦးဝီရသူဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို တတိယအကြိမ်အဖြစ် ရောက်ရှိနေတာကြောင့် ရခိုင်အရေးကိုပဲ အဓိကထားဦးစားပေး မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်နဲ့ မေးမြန်းဆွေးနွေးထားသမျှကို ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ မေး – ရခိုင်ခရီးစဉ် တတိယအကြိမ်အဖြစ်သွားရောက်နေတယ်လို့ သိရပါတယ်ဘုရား။ ဘယ်တွေသွားပြီး ဘာကူညီမှု တွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလေး ပြောပြပေးပါဦးဘုရား။ ဖြေ – အဓိကကတော့ မောင်တောဒေသကိုပါပဲ။ မောင်တောမှာ ရိက္ခာပြတ်လပ်နေတဲ့ ...
သတင်းအင်တာဗျူး

ရခိုင်ခရီးစဉ် BBC နှင့် အင်တာဗျူး

ရခိုင်ခရီးစဉ် BBC နှင့် အင်တာဗျူး  
ဂျာနယ်သတင်းအင်တာဗျူး

အမျိုးသားရေးသမားဆိုတာ ဆူးကြားက ဘူးခါးပါပဲ (၁) (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မေး – ဒီသတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံအရှေ့ဘက်မုခ်မှာ ဈေးရောင်းတဲ့ မွတ်ဆလင်တစ်ဦးကို သံဃာနှစ်ပါးနဲ့ လူနှစ်ယောက်က မောင်းထုတ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်ဘုရား။ အဲဒီသတင်းတွေကိုပဲ ပုံကြီးချဲ့ဖော်ပြနေတယ်ဆိုတဲ့သုံးသပ်ချက်တွေလည်း ရှိနေတယ်ဆိုတော့ ဒီကိစ္စကို ဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ – မောင်းထုတ်တာတော့ မတွေ့ရဘူးကွ။ ပြေပြေလည်လည်ပြောပြီးတော့ ပြန်ခိုင်းတာတော့ တွေ့ရတယ်။ ဒါလည်း တစ်ကယ်တမ်းပြောလို့ရှိရင်တော့ သူတို့အပေါ် မေတ္တာမဲ့လို့တော့ မဟုတ်ပါဘူး။ ဒါကိုအကြောင်းပြုပြီးတော့ မွတ်ဆလင်ဈေးသည်တွေအများကြီးဖြစ်လာရင် အဲဒီအများကြီးထဲမှာမှ တစ်ယောက်စနှစ်ယောက်စက ဘုရားကိုအန္တရာယ်ပြုတာ ဖျက်ဆီးတာမျိုးတွေ ကြုံလာခဲ့ရင် ကိုယ်ကျိုးနည်းကုန်မစိုးလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တားဆီးကြတာပေါ့နော်။ ဒါကိုပဲ ဘုန်းကြီးတွေက ...
သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၂) နိဂုံး

မေး – မန္တလေး အကြမ်းဖက်ဘင်္ဂါလီရှုတ်ချပွဲမှာတုန်းက ရိုဟင်ဂျာဆိုတဲ့စကားလုံး၊ ကိုဖီအာနန်၊ ယန်ဟီးလီ ဆိုတဲ့စကားလုံးတွေ မသုံးရဘူးလို့ သိရပါတယ်ဘုရား။ အဲဒါကို အတည်ပြုပေးလို့ရမလားဘုရား။ ဖြေ – ရပါတယ်။ နီးကပ်မှ ခွင့်ပြုမိန့်ပေးပြီးမှ ပွဲမိန့်လျှောက်တဲ့သူကို ခေါ်ပြောတာပေါ့နော်။ ဦးဇင်းတို့ဘက်က သေချာအောင် မဟာအောင်မြေအုပ်ချုပ်ရေးမှုဆီကို ဖုန်းဆက်ပြီး မေးလိုက်တာပေါ့နော်။ တအားကြီးချုပ်ချယ်လာရင်တော့ အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ မပြောရဲတဲ့ဘ၀ကို ရောက်သွားနိုင်တယ်။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ မပြောရဲတဲ့ဘ၀ကြီးကို ရောက်သွားနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ အချုပ်အခြာအာဏာယိုင်နဲ့သွားနိုင်တယ်။ ဒါကြောင့်မခံနိုင်တာ။ မေး – ရခိုင်အရေးကို ပြောမယ်ဆိုရင် ...
ဂျာနယ်သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၁)

မေး – အရှင်ဘုရား မင်္ဂလာပါဘုရား။ ပထမဆုံးအနေနဲ့ အသစ်ထွက်ရှိမယ့် မြန်မာ့ဥဒါန်းဂျာနယ်အတွက် နုတ်ခွန်းဆက် သြ၀ါဒစကားလေး ချီးမြှင့်ပေးပါဦးဘုရား။ ဖြေ – ဥဒါန်းဆိုတာကတော့ ရင်ထဲမှာ သိမ်းဆည်းထားလို့ မရနိုင်တဲ့ ပျော်ရွှင်မှုတွေကိုဖွင့်ထုတ်လိုက်တဲ့ အရာပေါ့နော်။ အဲတော့ မြန်မာ့ဥဒါန်းဟာလည်းပဲ မြန်မာပြည်နဲ့ပတ်သက်တဲ့ မြန်မာ့အရေးတွေကို ရင်ထဲမှာ ချန်လှပ်မထားဘဲနဲ့ တိုင်းသိပြည်သိ ကမ္ဘာသိအောင် ဖွင့်အံပြသမယ့် ဂျာနယ်တစ်စောင်ဖြစ်တယ်။ အဲဒီလို မြန်မာ့ဥဒါန်းဆိုတဲ့အမည်နဲ့လိုက်ဖက်အောင် ပြည်သူလူထုကို အမြဲတမ်း ဖွင့်အံပြသနိုင်တဲ့ ဂျာနယ်တစ်စောင်ဖြစ်ပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။ မေး – မိတ္ထီလာက ဘင်္ဂါလီဆန့်ကျင်ရှုတ်ချပွဲမှာ အရှင်ဘုရားရဲ့ ...
သတင်း

ဘင်္ဂလီအရပ်​သား​တွေဟာ ​အေး​အေးလူလူ​နေထိုင်​ကြသူ​တွေပါ

ဘင်္ဂလီအရပ်​သား​တွေဟာ ​အေး​အေးလူလူ​နေထိုင်​ကြသူ​တွေပါ။ ဂျီဟဒ်​ဝါဒီ​တွေကို မလွန်​ဆန်​နိုင်​လို့သာ ဓားစာခံဖြစ်​ကုန်​ကြတာပါ။ ဒါ​ကြောင့်​ တည်​ငြိမ်း​အေးချမ်း​စေလိုသူတိုင်း အကြမ်းဖက်​သမား​တွေ ​ခြေချခွင့်​မရ​အောင်​ ကာရံ​ပေးကြဖို့သာလိုပါသည်​။ ​အောက်​ပါ ဒကာကြီး​ဖြေကြားချက်​ထဲက အခွင့်​အ​ရေးပို​ဝေးသွားမယ်​ ပြည်​သူ​တွေအများကြီးနစ်နာနိုင်​ပါတယ်​ဆိုတာကို မူဆလင်​ကမ္ဘာကြီး သ​ဘော​ပေါက်​ဖို့လိုပါတယ်​။ ဝီရသူ( မစိုးရိမ်​) 14.9.2017 am 10:45 —————— ဖြေ ။ ။ ကျွန်တော်တို့ စိတ်မကောင်းဘူး။ အကြမ်းဖက်ပြီး အခွင့်အရေးဆိုတာ မရနိုင်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့ နည်းနဲ့ပဲ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အကြမ်းဖက်မှ ရမယ်ဆိုတဲ့ ထင်ကြေးနဲ့လုပ်တာလား မသိပါဘူး။ အခွင့်အရေး အတွက်ဆိုပြီး လူတွေကို သူတို့ပြောကြမယ်။ ...
သတင်းအင်တာဗျူး

မဘသရဲ့ ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတယ်

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) အောင်ဇေယျတုရဲ့ နောက်ဆုံးနေ့ရက်တွေဟာ နီးကပ်လာပါပြီ။ ဒီမိုကရေစီခေတ်ထဲမှာ ပထမဆုံး ပိတ်သိမ်းခံရတဲ့ ဂျာနယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားရေးအသံတွေကို ကျယ်ကျယ်လောင်လောင် ဖော်ပြနိုင်ခဲ့တဲ့အောင်ဇေယျတုဟာ ပုံစံတမျိုးနဲ့ ပြည်သူတွေဆီကို ပြန်ရောက်လာမှာပါ။ အခုလက်ရှိအချိန်၊ ဂျာနယ်နောက်ဆုံးနေ့တွေမှာတော့ အပတ်စဉ်တင်ဆက်နေကြ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်အင်တာဗျူးများကို ၀တ်မပျက် တင်ဆက်ပေးလိုက်ပါတယ်။ မေး – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ အရှင်ဘုရား ပါဝင်ဟောပြောတာကိုတွေ့ပါတယ်ဘုရား။ ဆန္ဒပြပွဲတွေလုပ်တယ်ဆိုတော့ အစိုးရက လူထုရဲ့အသံကို ဘယ်လောက်ထိ အားစိုက်နားထောင်မယ်လို့ အရှင်ဘုရားတို့ ယုံကြည်ပါသလဲဘုရား။ ဖြေ – အစိုးရ ...
သတင်းအင်တာဗျူး

မဘသရဲ့ ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတယ်(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) အောင်ဇေယျတုရဲ့ နောက်ဆုံးနေ့ရက်တွေဟာ နီးကပ်လာပါပြီ။ ဒီမိုကရေစီခေတ်ထဲမှာ ပထမဆုံး ပိတ်သိမ်းခံရတဲ့ ဂျာနယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားရေးအသံတွေကို ကျယ်ကျယ်လောင်လောင် ဖော်ပြနိုင်ခဲ့တဲ့အောင်ဇေယျတုဟာ ပုံစံတမျိုးနဲ့ ပြည်သူတွေဆီကို ပြန်ရောက်လာမှာပါ။ အခုလက်ရှိအချိန်၊ ဂျာနယ်နောက်ဆုံးနေ့တွေမှာတော့ အပတ်စဉ်တင်ဆက်နေကြ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်အင်တာဗျူးများကို ၀တ်မပျက် တင်ဆက်ပေးလိုက်ပါတယ်။ မေး – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ အရှင်ဘုရား ပါဝင်ဟောပြောတာကိုတွေ့ပါတယ်ဘုရား။ ဆန္ဒပြပွဲတွေလုပ်တယ်ဆိုတော့ အစိုးရက လူထုရဲ့အသံကို ဘယ်လောက်ထိ အားစိုက်နားထောင်မယ်လို့ အရှင်ဘုရားတို့ ယုံကြည်ပါသလဲဘုရား။ ဖြေ – အစိုးရ ...
သတင်းအင်တာဗျူး

ရခိုင်ပြည်နယ် ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်(၁)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်တွေအဖြစ် ဆရာတော်ရဲ့ ရခိုင်ခရီးစဉ်အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ -ရခိုင်ပြည်နယ် ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်-လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သလို ရခိုင်ပြည်အရေးအတွက်လည်း ပြည်သူများက မိမိစွမ်းနိုင်တဲ့ဘက်က ၀ိုင်းဝန်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဆရာတော်ရဲ့ ရခိုင်အရေးနဲ့ပတ်သက်တဲ့ အမြင်တွေကို သိရှိနားလည်နိုင်စေဖို့အတွက် အောင်ဇေယျတုဂျာနယ်စာဖတ်ပရိသတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မေး- ပထမဆုံးသိချင်တာက အရှင်ဘုရားတို့ ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခရီးစဉ်အကြောင်းပေါ့ဘုရား၊ ဘယ်တွေကို အဓိကထားပြီး သွားရောက်လှူဒါန်းဖြစ်ခဲ့လဲဘုရား။ ဘယ်လိုအစီအစဉ်တွေကို ချမှတ်နိုင်ခဲ့လဲ။ ဖြေ- ရခိုင်ကိုသွားလှူကြတဲ့အဖွဲ့က နှစ်ဖွဲ့ပေါ့နော်။ တိပိဋကရမ္မာဝတီဆရာတော်နဲ့ ...
သတင်းအင်တာဗျူး

ဝီရသူကို သူတို့က လူကြမ်းကြီးအဖြစ်၊ လူဆိုးကြီးအဖြစ်ပဲ သူတို့က ကမ္ဘာ့ဇာတ်ခုံမှာ ပုံဖော်ချင်တာ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမျှော်လင့်ချက်) ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံရေးရှုမြင်ချက်တွေထဲမှာ ဆရာတော်ရဲ့ ဘဝအစိတ်အပိုင်းတွေကို အားလုံးသိ ရှိစေနိုင်ဖို့ကိုလည်း ရည်ရွယ်တင်ဆက်နေတာဖြစ်ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကိုသာ ဦးစားပေး မေးလျှောက်ဖြစ်ခဲ့တာ ၃ ပတ်လောက်ရှိပါပြီ။ ဒီတစ်ပတ်မှာ တော့ ဆရာတော်ရဲ့ ဘဝအစိတ်အပိုင်းထဲက အရေးကြီးတဲ့ အချက်အလက်တစ်ချို့ကို မေးမြန်းဖြစ်ခဲ့ပြီး အောင်ဇေယျ တုဂျာနယ်စာဖတ်ပရိသတ်များအတွက် ၁၂ ပတ်မြောက်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ မေး- ပထမဆုံးမေးခွန်းအနေနဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် အရှင်ဘုရားကဦးစီးပြီး ထွန်စက်လှူမယ်လို့ သိထားရပါတယ်ဘုရး။အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးပြောပြပေးပါဦးဘုရား။ ဖြေ- မောင်တောကိုရောက်တဲ့အခါကျတော့ တချို့ နတလရွာတွေက ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါ(၂)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံရေးရှုမြင်ချက်) မေး – အရှင်ဘုရား မန္တလေးသပိတ်စခန်းက အစိုးရဖက်က တရားစွဲဆိုတဲ့အထဲမှာ သပိတ်နဲ့ မသက်ဆိုင်တဲ့သူတွေလည်းပါ နေတယ်လို့ သတင်းတွေအရ သိရပါတယ်ဘုရား။ အဲဒီအပေါ်မှာရော ဘာပြော ချင်ပါသလဲဘုရား။ ဖြေ – အဲဒီမှာ ၅ ဦးဝရမ်းအထုတ်ခံရတယ်။ အဲဒီအထဲမှာ ဆိုကြပါစို့၊ ဦးမြင့်ဦးကတော့ မိုက်ကြီးကိုင်ပြီး မေးတာဖြေတာတွေလုပ်တာတွေ့လိုက်တယ်ပေါ့နော်၊ ဦးခင်မောင်ကြည်ဆိုတာ ဘယ်သူမှန်းမသိဘူး။ ဘယ်လိုပါဝင်ပတ်သက်မှန်းလည်း ဦးဇင်းတို့မသိဘူး။ ချောစုဝင်းဆိုတာလည်း တကယ်တမ်းကျတော့ သူတို့ ခေါင်းစဉ် တပ်ပြီးတိုင်ထားတဲ့ သပိတ်ခေါင်းဆောင်ဆိုတဲ့ စာရင်းထဲမှာမပါဘူး။ ပြောရမယ်ဆိုရင် တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံရေးရှုမြင်ချက်) ဆရာတော်ဦးဝီရသူနဲ့ အောင်ဇေယျတုဂျာနယ်တွေ့ဆုံမေးမြန်းမှုဟာ ၁၁ ပတ်မြောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံရေးရှုမြင်ချက်တွေနဲ့အတူ ဘဝဖြတ်သန်းမှုပုံရိပ်တွေကို တင်ဆက်ပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုဖြစ် ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက အဖြစ်အပျက်တွေမှာ ဆရာတော်ရဲ့အသံကလည်း အရေးကြီးလှတယ်လို့ ယူဆမိပါတယ်။ အဲဒီအတွက် ဒီတစ်ပတ်မှာတော့ ခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ သတင်းတွေအကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ မေး – သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ဘုရား။ အရှင်ဘုရားက အဲဒီအဖွဲ့ကြီးက နုတ်ထွက်ထားတယ်ဆိုတော့ ...
သတင်းအင်တာဗျူး

အရင်အစိုးရထက် မသာ တောင်မှ အရင်အစိုးရလောက်တော့ လုံခြုံ အောင် စောင့်ရှောက်ပါ(၂) (ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်)

မေး- နောက်ဆုံးသတင်းတွေအရ ကိုင်ကြီးကျေးရွာသား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရတာ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများ ၀ိုင်းဝန်းရန်ပြု တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတာ၊ မေယုတောင်တွင် ခရု ရှာရင်း ပျောက်ဆုံးခဲ့သူနေထိုင်ရာ ချွတ်ပြင်ကျေးရွာ အပါအ၀င် ရသေ့တောင်မြို့နယ်က ရခိုင်ကျေးရွာ သုံးရွာမှ ဒေသခံများ စိုးရိမ်မှု မြင့်တက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့မှုများ ဖြစ်ပေါ်နေပြီဖြစ်တယ်လို့ သိရပါတယ်ဘုရား။ ဒေသခံရခိုင်တွေ ဒီလိုပြောင်းရွေ့ကြတာဟာ ဘင်္ဂါလီတွေရဲ့ အကြိုက်ဖြစ်နေတယ်ပေါ့ဘုရား။ ဒေသခံရွာတွေလည်းမရွေ့ပြောင်းအောင်၊ လုံခြုံရေးကိုလည်း ကောင်းမွန်အောင် အစိုးရက ဘယ်လိုကိုင်တွယ်သင့်သလဲဘုရား။ နောက် ရခိုင်ကပြည်သူတွေကိုရော ဘယ်လိုအားပေးစကားပြောချင်ပါသလဲဘုရား။ ဖြေ – ...
သတင်းအင်တာဗျူး

အရင်အစိုးရထက် မသာရင်တောင်မှ အရင်အစိုးရလောက်တော့ လုံခြုံအောင် စောင့်ရှောက်ပါ(၁)” (ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်)

ဒီတစ်ပတ်မှာတော့ လှုပ်ခတ်ပဲ့တင်အသံတွေကြားထဲကမှ အစိုးရဆန့်ကျင်ရေးသပိတ်စခန်းတွေအကြောင်းကို ဆရာတော် ဦးဝီရသူကို မေးမြန်းခဲ့ပါတယ်။ ဘာကြောင့် အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေပေါ်ပေါက်လာသလဲဆိုတာနဲ့ သပိတ်စခန်းတွေအပေါ် ဆရာတော်ဦးဝီရသူရဲ့ သဘောထား၊ ထင်မြင်ချက်တွေကို မေးမြန်းဖြစ်ခဲ့ပြီး အောင်ဇေယျတုဂျာနယ် စာဖိတ်ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ မေး- ရန်ကုန်၊ မန္တလေးနဲ့တောင်ကြီးမြို့တွေမှာ အစိုးရဆန့်ကျင်တဲ့ သြဂုတ်လ ပထမပတ်ထဲမှာပဲ သပိတ်စခန်းတွေပေါ်ပေါက်လာတယ်ပေါ့ဘုရား။ သပိတ်စခန်းတွေ ဘာကြောင့်ပေါ်ပေါက်လာတယ်လို့ ပြောရမလဲဘုရား။ ဖြေ – အဓိကကတော့ အကြောင်းနှစ်ချက်ပဲကွ။ အဲဒါဘာလဲဆိုတော့ ဘယ်လောက်ပဲဆန္ဒပြပြ လုံးဝ ဂရုမစိုက်တဲ့ အစိုးရကြောင့်ပေါ့နော်။ အကျဉ်းချုပ်ပြောရရင်တော့ ပြည်သူ့အသံကို လုံးဝ ဂရုမစိုက်တဲ့အကြောင်းတစ်ချက်ပေါ့။ ...
သတင်းအင်တာဗျူး

တစ်မျိုးသားလုံးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် သာမန်ဝီရိယမျိုးနဲ့တော့ မရဘူး။ ပြီးတော့ အမျိုးချစ်ရုံတစ်ခုတည်းနဲ့လည်း မရဘူး (အဆက် – ...

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်တော်တည်ဆောက်ရေး ရှုမြင်ချက်ဟာ ဒီတစ်ပတ်မှာတော့ ၉ ပတ်မြောက်ခဲ့ပါပြီ။ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဆရာတော်ရဲ့ သဘောထားအမြင်များကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သိနိုင်ကြားနိုင်ဖို့ဖြစ်ပါတယ်။ အပတ်စဉ်တိုင်း ခေတ်ပြိုင်သမိုင်းထဲက အဖြစ်အပျက်တွေအပေါ်မှာ ဆရာတော်ရဲ့ သဘောထားအမြင်ကို မေးမြန်းဖြစ်ခဲ့သလို ဆရာတော်ရဲ့မူဝါဒ၊ သဘောတရားနဲ့ လမ်းစဉ်များကိုလည်း သိရှိနိုင်အောင် မေးခွန်းတွေကို ကြိုးစားတည်ဆောက်ထားပါတယ်။ ဒီတစ်ပတ်မှာလည်းပဲ ထူးခြားစူးရှတဲ့ ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့ အမြင်တွေကို မြင်ရကြားရလိမ့်မယ် ယုံကြည်ပါတယ်။ မေး- အရင်တစ်ပတ်ကလည်း မေးခဲ့ပါတယ်ဘုရား၊ ကိုဝင်းကိုကိုလတ်တို့ အမတ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့ဘုရား။ အခု ဇူလိုင်လ ၂၇ ...
သတင်းအင်တာဗျူး

သံဃာတွေစည်းလုံးမှု ပျက်ပြားနေပါပြီဆိုတာဟာ နိုင်ငံရေးစကားတွေပါ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) ==================================================== ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ရှုမြင်ချက်များကို အောင်ဇေ ယျတုဂျာနယ်မှာ ဖော်ပြလာနိုင်ခဲ့တာ ဒီတစ်ပတ်ဆို ရင် ၇ ပတ် မြောက်ခဲ့ပါပြီ။ အပတ်စဉ် တိုင်း ခေတ်ပြိုင်သမိုင်းအပေါ် သုံးသပ်တဲ့ ဆရာ တော်ရဲ့ ရှုမြင်ချက်တွေကို ထည့်သွင်းဖော်ပြနိုင် ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာ တော်ရဲ့ ရခိုင်ခရီးစဉ်၊ မဘသ ဘယ်လိုဆက်လက် ရပ်တည်မယ်ဆိုတဲ့အကြောင်းတွေကို မေးမြန်းဖြစ် ခဲ့ပြီး အဲဒီအကြောင်းအရာတွေ အောင်ဇေယျတု ဂျာနယ် စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော် ပြပေးလိုက်ပါတယ်။ ...
သတင်းအင်တာဗျူး

ချန်ပီယံကို အလဲထိုးဖို့အတွက်တော့ သာမန်ဝီရိယနဲ့ မရနိုင်ဘူး(၂)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) မေး – အရှင်ဘုရား စောစောက ဖြေသွားတဲ့အထဲမှာလည်းပဲ ပါပါတယ်ဘုရား။ မဃဒေဝကျမ်းကြီးအကြောင်း ပေါ့ဘုရား။ အဲဒီကျမ်းကြီးကို အရှင်ဘုရားက သင်တန်းတွေ ပို့ချတာလည်းတွေ့ရပါတယ်ဘုရား။ အရှင်ဘုရားဟောတဲ့ တရားတွေထဲမှာလည်း မဃဒေဝအလင်္ကာထဲက အဆုံးအမလေးတွေကို ဟော လေ့ရှိတာကိုတွေ့ရပါတယ်ဘုရား။ အဲဒီ မဃဒေဝလင်္ကာအကြောင်း အနှစ်ချုပ်လေးသုံးသပ်ပေးပါဦးဘုရား။ ဖြေ – ဦးဇင်းတို့ သကျသီဟက စာသင်တန်းနဲ့ စာချတန်းလို့ ရှိတာပေါ့။ စာချတန်းသုံးကျမ်းလုံးအောင်မှ ဘိဝံသ ဘွဲ့ရတာ။ စာသင်တန်းအောင်ပြီး စာချတန်းတက်နေတဲ့အချိန်မှာ မဃဒေဝစာအုပ်ကို စလေ့လာဖြစ်တာပေါ့။ လေ့လာခြင်းအကြောင်းကတော့ ကိုယ်က ကဗျာစပ်တာဝါသနာပါလို့ပါ။ ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၃)

မေး – ဝီရသူချစ်သူများ လှုပ်ရှားမှုက ရန်ကုန်မှာ တစ်သောင်းကျော်၊ မန္တလေးမှာက သုံးသောင်းနီးပါး၊ ကရင် ပြည်နယ်မှာ လေးထောင့်ငါးရာကျော် ရရှိထားပြီလို့သိရပါတယ်။ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ကောက်နေတာ သိရပါတယ်။ လက်မှတ်တွေဟာ မျှော်လင့်ထားတဲ့ အရေအတွက်ရရင် ဘာလုပ်ဖို့ ရှိပါသလဲဘုရား။ ဖြေ – တစ်ယောက်စ နှစ်ယောက်စက မီဒီယာအားကိုးနဲ့ အသရေဖျက်နေတဲ့အချိန်မှာ အများစုက ထောက်ခံပါတယ်ဆိုတာလေးကို မြင်စေချင်တာပါ။ လူအများစု ထောက်ခံမှုရှိပြီး တစ်ယောက်စ နှစ်ယောက်စ ဆန့်ကျင်ကန့်ကွက်တာကိုတော့ တို့ဂေါတမမြတ်စွာဘုရားတောင် မလွန်ဆန်နိုင်ဘူးလေ။ တိတ္ထိတို့ဘာတို့ဆိုတာတွေကတော့ ဘာသာမတူလို့ ဘုရားကိုယှဉ်ပြိုင်တယ်ဆိုတာက ...
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၂)

  မေး – အရှင်ဘုရားရဲ့ အားအရ ဆုံးအောင်မြင်မှုလို့ဆိုတဲ့ ထေရဝါဒ တိုက်ပွဲနဲ့ ပရိယတ္တိရွှေချိန်ခွင်ဆိုတဲ့ စာအုပ်နှစ်အုပ်လုံးဟာ ဈေးကွက်မှာ မတွေ့ရတော့ပါဘူးဘုရား။ စာအုပ်တွေ ပြန်ထုတ်ဖို့ ရှိပါသလားဘုရား။ ဖြေ – အဲဒီစာအုပ်တွေ ဦးဇင်း မော်စကိုက ပြန်လာကတည်းကိုက တမ်းတမ်းတတ တိုက်တွန်းတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်တဲ့သူက ဝင်သွားပြီ။ ဒီအချိန်ထိ ဆက်တိုက်နေရင် မကောင်းတော့ဘူးထင်တယ်။ ဒါကြောင့် ဆက်မထုတ်ဖြစ်တော့တာပါ။ မေး – လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကက အရှင်ဘုရားကို ...