Monthly Archives: January 2019
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၄)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) (ဃ) 13.12.2018 ရက်နေ့မှာ မန်းဟော်သဓာ ဗဟိုကော်မတီအဖွဲ့သားများ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ ဒုတိယအကြိမ် သွားရောက်သြဝါဒခံခဲ့ပါတယ်။ ဥက္ကဋ္ဌဆရာတော်ကြီးမိန့်တာက “ဆရာတော်ဦးတိက္ခ ရပ်တည်ချက်မြဲပါ့မလား၊ သတိမကောင်းတော့ဘူး၊ မေးရင် မသိဘူး ဖြစ်နေတယ်၊ အဲဒါပြဿနာပဲ” “ရွှေဆံနွယ်ထံမှ ဝီရသူဆီရောက်၊ အဲဒါ ဂွကျတာပဲ” “ဦးတိက္ခ ဦးစီးတည်ထောင်တယ်ဆိုပြီး လက်သီးလက်မောင်းတန်းတာက ဝီရသူဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာ” ဆိုတာတွေပါပဲ။ ဥက္ကဋ္ဌဆရာတော်ကြီးစကားအရ မြေကွက်က ရွှေဆံနွယ်ဆရာတော်ထံမှ ဝါခင်းကုန်းဆရာတော်ကြီးထံရောက်ရင် ပြီးစီးသွားပါပြီ။ ဝါခင်းကုန်းဆရာတော်ထံမရောက်ဘဲ ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂) – အပိုင်း (၃)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) (ဂ) 12.12.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ မန်းမဟော်သဓာမြေကွက်ရှိရာ ကျောက်ချောရွာသို့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကြွတော်မူပါတယ်။ ကြိုတင်အသိမပေးဘဲ ရှောင်တခင်ကြွလာတာကိုကြည့်ရင် ဆရာတော်ကြီးလည်း အဂတိတရားကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အတတ်နိုင်ဆုံးဆောင်ရွက်တာ ထင်ရှားပါတယ်။ အသက်အရွယ်နဲ့မမျှအောင် အားထည့်ဆောင်ရွက်တော်မူခြင်းပါပဲ။ ရွှေဆံနွယ်ဆရာတော် လှူတဲ့အကွက်ရော၊ ပညာဒါနကျူရှင်ကျောင်းမှာပါ အသေးစိတ်လေ့လာပါတယ်။ ဒါပေမဲ့ဗျာ ကျွမ်းကျင်ရာလိမ္မာဆိုသလို သံဃကိစ္စဆိုရင်တော့ ဆရာတော်ကြီးက ကျွမ်းကျွမ်းကျင်ကျင်ဆုံးဖြတ်နိုင်မှာပေါ့။ အခုတော့ မြေရာဇဝင်ကို လာရောက်စုံစမ်းရတာဖြစ်နေလို့ အခုမှ စလုံးရေစဆိုသလို အစကနေ ပြန်ကျော့ရမည့်ပုံစံမျိုးချည်း ဖြစ်သွားတယ်။ ...
သတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ် (၂) – အပိုင်း (၂)
(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။) (ခ) ဒကာတော်တို့ထံ တင်ပြထားတဲ့ မြေကွက် (၁.၂၇ ဧက)ကို ရွှေဆံနွယ်ဆရာတော်က လှူဒါန်းထားတာပါ။ ရွှေဆံနွယ်ဆရာတော်ကိုလည်း ဦးစန်းလွင်+ဒေါ်ခိုင်ခိုင်စိုး(ဆင်ဖြူတော်)မိသားစုက လှူဒါန်းထားတာပါ။ အလှူရှင်မိသားစုလည်း သက်ရှိထင်ရှားရှိပါသေးတယ်။ 11.12.2018 ရက်နေ့မှာ ရွှေဆံနွယ်ဆရာတော်က တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ပါတယ်။ မြေပိုင်ဆိုင်ကြောင်း အထောက်အထားလိုချင်တယ်ဆိုလို့ ဥက္ကဋ္ဌဆရာတော်ကြီးကို သွားပြတာပါ။ ဆရာတော်ကြီး သြဝါဒပေးလိုက်တာက “ကော်မတီကို ဖွဲ့စည်းပုံပြင်ဆင်ပြီး ပြန်တင်ပါ။ သံဃာတွေပါနေလို့ ခွင့်ပြုမိန့်မကျတာပါ။ ဝါခင်းကုန်း(ဗြဟ္မစိုရ်)ဆရာတော်ကြီးတောင် မပါစေနဲ့။ ပညာရေးမူဝါဒက သံဃာတွေမပါစေရ သတ်မှတ်ထားတယ်” ...
မန်းမဟော်သဓာသတင်း
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ် (၂) – အပိုင်း (၁)
(က) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ ဦးပဉ္စင်း ဦးဝီရသူ ဒုတိယအကြိမ် စာရေးသား မိန့်ကြားလိုက်တယ်။ 10.12.2018 ရက်နေ့ The Voice Weekly ဂျာနယ်ပါ သတင်းထဲမှာ မန်းမဟော်သဓာကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး “မန္တလေးတိုင်းအစိုးရက တိုင်းသံဃနာယကထံ စာရေးသားပေးပို့” ခေါင်းစဉ်နဲ့ အခုလို ရေးသားထားတာ တွေ့ရပါတယ်။ “မန်းဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်ခွင့်တားမြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုလိုဘဲ တိုင်းသံဃနာယကထံ စာရေးသားထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်” “ဘာမှမရှင်းတော့ဘူး။ တိုင်းသံဃနာယကဆီ စာရေးထားတာရှိတယ်။ သွားမေးလိုက်တော့”ဟု မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောသည်။ ...
ထုတ်ပြန်ကြေညာချက်သတင်း
ဝီရသူသဘောထား
ဦးပဉ္စင်းသည် တိုင်းရင်းသားအားလုံးအား လူမျိုး ဘာသာ မခွဲခြားဘဲ တစ်မိတည်းဖွား သွေးရင်းသားရင်း ညီအစ်ကို မောင်နှမများပမာ ချစ်ခင်လေးစားသူ ဖြစ်ပါသည်။ ရခိုင်ပြည်သူများကို ကာကွယ်စောင့်ရှောက် ကူညီဖေးမ အားပေးထောက်ပံ့ခဲ့သည်မှာလည်း မဖွံ့ဖြိုးခြင်း အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပါ။ အနောက်တံခါးမှူးများဖြစ်နေခြင်း၊ ဘင်္ဂလီအန္တရာယ်ကျရောက်နေခြင်း ဟူသော အကြောင်းများလည်း ပါဝင်ပါသည်။ ယခုအခါ AA (ရခိုင့်တပ်မတော်)၏လုပ်ရပ်သည် ရခိုင်ပြည်သူများအား ဘင်္ဂလီအန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်နေသော လုံခြုံရေးဝန်ထမ်းများကို အကြမ်းဖက် သတ်ဖြတ်လိုက်သည်ဟုသာ ရှုမြင်ပါသည်။ ထိုတိုက်ခိုက်မှုကို တော်လှန်ရေးတစ်ရပ်ဟူ၍လည်းကောင်း၊ ဝန်ထမ်းဆိုးများအား ဆုံးမခြင်းတစ်ရပ်ဟူ၍ လည်းကောင်း လုံးဝ(လုံးဝ) မယူဆပါ။ ဘုရားသားတော်ပီသစွာ ...
သတင်း
မစိုးရိမ်တိုက်သစ် ဆွမ်းအလှူတော်
ပြာသိုလ်လဆန်း ၄ ရက် (9.1.2019)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်တော်ကြီးမှာ ကျင်းပပါတယ်။ မနက် ၇း၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပြီး မနက် ၈း၃၀ နာရီမှာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ၁၁း၀၀ နာရီမှာ နာယကဆရာတော်များ၊ စာချ၊ ကျမ်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်တယ်။ ဆွမ်းအလှူရှင်များက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ ဒါယိကာမများ ဖြစ်ပါတယ်။ အလှူရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၈)
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ၁၀ လမ်း၊ ၈၁ လမ်း၊ မိခင်ကြီးဒေါ်တင်အောင်နှင့် မိခင်ကြီးဒေါ်လှသိန်းတို့အားရည်စူး၍ ကိုဝေကြီး+မငြိမ်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (8.1.2019) အလှူရှင် ကိုဝေကြီး+မငြိမ်း မိသားစုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ...
သတင်း
စာပေဟောပြောပွဲအမည်ခံပြီး သာသနာလိုက်ဖျက်နေလို့ပါဗျာ
သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာပေဟောပြောပွဲကျင်းပရေးအဖွဲ့ တော်ကပူး-ကမာကေးကျေးရွာ ချောင်းဆုံမြို့၊ ချောင်းဆုံမြို့နယ် ရက်စွဲ၊ ၇-၁-၂၀၁၉ အကြောင်းအရာ။ စတုတ္ထအကြိမ် (ပညာပဒေသာဥပကာရီစာကြည့်တိုက်) နှစ်ပတ်လည်နေ့ စာပေဟောပြောပွဲကိစ္စ။ အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် ဆရာတော် သံဃာတော်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌထံတို့မှ စာပေဟောပြောပွဲ ကန့်ကွက်ကြောင်း စာများ၊ မိတ္တုကို မြို့နယ်သံဃနာယကအဖွဲ့သို့ ပေးပို့ရောက်ရှိလာပါသည်။ အခြားသော သက်ဆိုင်ရာဌာနများကိုလည်း ပေးပို့ရောက်ရှိသည်ကို သိရပါသည်။ သို့ဖြစ်၍ ၎င်းစာပေဟောပြောပွဲ၌ ပါဝင်လာသော စာရေးဆရာထင်လင်းဦးသည် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်အပေါ် စော်ကား၊ မော်ကား၊ ရိုင်းပြစွာ ဟောပြောခဲ့မှုတို့ကြောင့် ထောင်ဒဏ်(၂)နှစ် ချခံခဲ့ရသူဖြစ်ခြင်းကြောင့် ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်း ပညာရေးအစည်းအဝေး
4.1.2019 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီမှာ စည်းဝေးပါတယ်။ 2018-2019 ပညာသင်နှစ် ကျောင်းသူကျောင်းသားများအတွက် သင်ရိုးပြဋ္ဌာန်းစာနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းရန် 2019.2020 ပညာသင်နှစ်အတွက် အခြေခံမူများချမှတ်ရန် စည်းဝေးကြတာပါ။ လာမည့်နှစ်မှာ လောကအလင်းပညာဒါနကျောင်းသို့ အရင်ကလို ဝင်ခွင့်စာရင်းပေးသူတိုင်းကို ဝင်ခွင့်မပေးတော့ပါ။ စိစစ်ပြီးမှ လက်ခံပါတော့မယ်။ Fresher တန်းများအတွက် တစ်ခန်းစီ သင်ပြီးမှ စာမေးပွဲကျင်းပပါမယ်။ ဖြေဆိုနိုင်မှ ဝင်ခွင့်ပြုမှာပါ။ ဘာသာစုံ တစ်ပုစ္ဆာစီ မေးခွန်းမေးပါမယ်။ ၄၀% အောင်မှတ် သတ်မှတ်ထားပါတယ်။ ၄၀% အောင်မှတ်ရမှ တက်ရောက်ခွင့်ပြုမှာပါ။ Repeater ...
သတင်း
စာနာမှုအလှူတော်
4.1.2019 ရက်နေ့မှာ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ရဲဝန်ထမ်းတွေနှင့် ဒဏ်ရာရသူအားလုံးအတွက် အမျိုးဘာသာ သာသနာအစောင့်ရှေက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မန္တလေးတိုင်းဒေသကြီး (မန်း မဘသ)အဖွဲ့ကြီးမှ အလှူငွေ ၂၂ သိန်းကျပ်၊ မန်း မဘသ ဝိုင်းတော်သားများမှ အလှူငွေ ၁၄၁၀၀၀၀ ကျပ် စုစုပေါင်း ၃၆၁၀၀၀၀ ကျပ် ရရှိနေပါပြီး။ တိုင်းပြည်၏အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း အသက်ပေးခဲ့ရသူ၊ ဒဏ်ရာရခဲ့သူတို့အား မည်သူမဆို လှူဒါန်းထောက်ပံ့နိုင်ပါသည်။ ဆက်သွယ်ရန် 09.798920969 (သာသနပါလဆရာတော်) ၁။ မန်း မဘသ အဖွဲ့အလှူငွေ – ...
သတင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မန္တလေးတိုင်းဒေသကြီး “သဘောထားကြေညာချက်”
စာအမှတ် ၁ / ၂ဝ၁၉ ရက်စွဲ ၆/ ၁/ ၂ဝ၁၉ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော (၄.၁.၂ဝ၁၉) သောကြာနေ့တွင် AA သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့ က နစခ-၃ လက် အောက်ခံ ကျောင်းတောင်ရဲကင်းစခန်း၊ ဂုပ္ပိရဲကင်းစခန်း၊ ခထီးလှရဲကင်းစခန်း၊ ငမြင်းဘော်ရဲကင်းစခန်းတို့ကို သာလွန်အင်အားဖြင့် တပြိုင် နက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုနှင့် အစိုးရဝန်ထမ်း(၈)ဦးတို့ကို ပြန်ပေးဆွဲခြင်းတို့သည် အကြမ်းဖက်အဖွဲ့တို့၏ လုပ်ရပ်ဟု သတ်မှတ်ပြီး ယင်းလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။ မြန်မာပြည်သူတစ်ရပ်လုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရာ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့တွင် နယ်ခြားစောင့် ...
သတင်း
ကိုဆွေဝင်း၏ရှေ့နေမကြီး ဒေါ်ရွက်နုအောင် သိစေရန်
ဦးဝီရသူ၏ ရှေ့နေကြီး ဦးဇော်ဝိတ်ကလည်း တရားရုံးမှာ ချေပခဲ့ပြီးပါပြီ။ ကျင့်ထုံးဥပဒေ ၅၀၃ နဲ့ လုံးဝ မဆိုင်ပါဘူး။ ၅၀၃ က ခရိုင်ရာဇဝတ်တရားသူကြီးထံ ခွင့်တောင်းဖို့ ပြဋ္ဌာန်းချက်ပါ။ ၅၀၆ က ခရိုင်ရာဇာဝတ်တရားသူကြီးမှအပ အခြားရာဇဝတ်တရားသူကြီး တစ်ဦးဦးထံ ခွင့်တောင်းဖို့ ပြဋ္ဌာန်းချက်ပါ။ ပြဋ္ဌာန်းချက်ထဲမှာ မည်သည့်အချိန်အခါတွင်မဆို တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦး၏ သက်သေခံချက်လိုအပ်သဖြင့် ထိုသက်သေအား ကော်မရှင်စာထုတ်ဆင့်၍ စစ်မေးသင့်သည်ဟု ယူဆသောအခါ၊ ထို့အပြင် အဆိုပါသက်သေလာရောက်ခြင်း ကြန့်ကြာမှု၊ စရိတ်စကကုန်ကျမှု၊ သို့မဟုတ် အဆင်မပြေမှုမရှိဘဲ မရရှိနိုင်ဟု ယူဆသောအခါ၊ အဆိုပါ ...
သတင်း
မှဲ့တစ်ပေါက် မစွန်းစေရပါဘူးဗျာ
သံဃာတွေဆိုတာ ဘုရားသားတော်တွေပါ။ အမှန်တရားကို မြတ်နိုးတဲ့နေရာမှာရော ပြည်သူ့အကျိုးလိုလားတဲ့နေရာမှာရော သတ္တဝါတွေအပေါ် သနားကြင်နာတဲ့နေရာမှာရော နိုင်ငံရေးသမားတွေထက် အများကြီးသာပါတယ်။ ကိုယ်ထိလက်ရောက်ဆိုတာ ဝေးလို့ ကိုယ့်ဆရာသမား အစော်ကားခံနေရတာတောင် မတုန့်ပြန်ဘဲ ငုံ့ခံနေကြတဲ့သူတွေပါ။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်၊ အကြမ်းဖက်သမားတွေလည်း မဟုတ်၊ အနိုင်ကျင့်တတ်သူတွေလည်း မဟုတ်၊ စာအုပ်ကိုင်ထားသူတွေသာဖြစ်တယ်။ တရားသမားတွေသာဖြစ်တယ်။ မေတ္တာသမားတွေသာဖြစ်တယ်။ မစိုးရိမ်တိုက်သစ်မှာ လာရောက်ထွက်ဆိုချက်တွေယူရုံနဲ့ ဘာဆိုဘာမှ မဖြစ်စေရပါဘူးဗျာ။ သံဃနာယကရုံးထဲမှာ လုပ်မည့်ကိစ္စ ဘာတွေတွေးပြီး ကြောက်နေရတာလဲ။ မိမိကိုယ်ကို လိပ်ပြာလုံတယ်ဆိုရင် မစိုးရိမ်ကို ကြောက်စရာမလိုပါ။ သူတော်ကောင်းကို ပြည်တွင်းပြည်ပ မီဒီယာတွေရှေ့မှောက်မှာ ပြောင်ပြောင်တင်းတင်း ...
သတင်း
နဂါးနီစုဘူးသတင်း
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (26.12.2018) မွန်းလွဲ(၁း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာလွင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ နှစ်သိန်းတန်း(၁၀၁)ဦးအတွက် တစ်ဦးလျှင် နှစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး ...
သတင်း
သတင်း
၂၀၁၈ တေတ္တိံသတိမ ဓမ္မသဘင် (ရေတာရှည်-ကဲလင်းဆိပ်)
နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာ-ရွာသာယာကျေးရွာမှာ ကျင်းပပါတယ်။ မောင်ဘုရားစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်ဖြစ်ပါတယ်။ စာရေးသူအတွက် ၂၀၁၈ ခုနှစ်ရဲ့ ၃၃ ပွဲမြောက် တရားပွဲဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။ တစ်ခါမှ မကျင်းပဖူးသေးတဲ့ ကျေးရွာလေးတွေပါ။ ဝမ်းသာအားရလာဖူးကြ၊ သဘာဝငှက်ပျောခိုင်တွေလည်း လာလှူကြနဲ့ အတော်တက်ကြွကြပါတယ်။ ဓမ္မစကူးလ်လုပ်ဖို့လည်း ဆန္ဒရှိနေတာကြောင့် ရေတာရှည်မြို့နယ် ဓမ္မစကူးလ်ဆရာတော်လေး ရှမ်းကျောင်းအရှင်ဣန္ဒကကို တာဝန်လွှဲပေးထားပါတယ်။ တရားနာပရိသတ်ကတော့ အင်တိုက်အားတိုက်ပါပဲ။ အားရပါးရဟောလိုက်တာ ၂ ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (2.1.2019) ယွန်းဝတီမိသားစုသည် သဟာယစာဖတ်ဝိုင်းအဖွဲ့သားများ ဦးစီးကျင်းပတဲ့ ‘အမေနေ့ ကဗျာပြိုင်ပွဲ’ အတွက်လည်း ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းပါသည်။ ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးဗဟိုကော်မတီဝင် ဦးအောင်စိုးနိုင်မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (30.12.2018) အလှူရှင် ဦးအောင်စိုးနိုင် မိသားစုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၇)” မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ ...
သတင်း
နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ မြို့လယ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ အား သွားရောက်ဖူးမြော်ပါတယ်။ ဆရာတော်ကြီးက ရေတာရှည်မြို့နယ် မဘသ ဥက္ကဋ္ဌပါ။ မဘသ ဗဟိုညီလာခံမှာ အမြဲတမ်းတွေ့ဆုံခဲ့ကြသော်လည်း အခုလို တရင်းတနီး အဆွေးနွေးဖြစ်ခဲ့ပါ။ ရောက်တုန်းရောက်ခိုက် ဆရာတော်ကြီးထံမှာ သြဝါဒနာယူခဲ့သလို အမျိုးဘာသာ သာသနာအရေးကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဆွေးနွေးအပြီးမှာ ကြိုဆိုရေးအဖွဲ့နှင့်အတူ ကဲလင်းဆိပ်ရွာ တရားပွဲသို့ ထွက်ခွာခဲ့ကြပါတယ်။ “ရေတာရှည် မြို့လယ်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်” နတ္တော်လပြည့်ကျော် ၉ ရက် ...