မန်း မဟော်သဓာ ကလေးငယ်များနှင့်အတူ”
တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 ရက်နေ့ ညနေ ၃း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်း မဟော်သဓာ ကျောင်းမြေနေရာမှာ ကျင်းပပါတယ်။ ကျောက်ချောကျေးရွာနေ ကလေးငယ်များအား နေ့စဉ် ညတိုင်း ဘုရားရှိခိုးဖို့ နမောတဿ အမြဲရွတ်ဆိုဖို့ သရဏဂုံမြဲဖို့ တိုက်တွန်းပြီး ငါးပါးသီလဆောက်တည်ခိုင်းပါတယ်။ ၄င်းနောက် ကလေးငယ်များအား လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါဗူး၊ ဘော့ပင်၊ ထီး စတာတွေကို မဲနှိုက် လှူဒါန်းပြီး ရေခဲမုန့်ကျွေးပါတယ်။ ကလေးငယ်လေးများနှင့်အတူ မိဘပြည်သူများကိုလည်း ကံစမ်းမဲဖြင့် လှူဒါန်းခြင်း ရေခဲမုန့်ကျွေးခြင်းများ ...
လုပ်သင့်တာကြာပါပြီ
လုပ်သင့်တာကြာပါပြီ။ ကျောင်းဆရာ ဆရာမတွေ ရဲသား စစ်သားတွေ အားလုံးသော ဝန်ထမ်းကောင်းတွေကို ကာယကံမေတ္တာ ဝစီကံမေတ္တာတွေနဲ့ ကျေးဇူးဆပ်နိုင်ကြပါစေ ************************************************* ၂၉.၁၀.၂၀၁၇ ရက် နေ့တွင် ရန် ကုန် မြို့၌ ကျင်းပ ပြုလုပ် မည့်  မြန် မာ့တပ် မ တော် ထောက် ခံပွဲနှင့်  နိုင် ငံ့ဝန် ထမ်း ကောင်းများအား ထောက် ခံပွဲအား ကျင်းပနိုင် ရန် ဗဟန် ...
“ဒီမိုကရေစီ(၁)” သခင်ဘသောင်း
အမှာစကား ဒီမိုကရေစီဆိုတဲ့စာအုပ်လေးကို အရင်က သခင်ဘသောင်းကရေးပြီး ဒီမိုကရေစီစာအုပ်တိုက်က ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ သာမာမန်ပြည်သူလူထု အတွင်း ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်၊ သဘောတရားတွေကို ကောင်းကောင်းနားမလည်တဲ့သူတွေများနေသေးလို့ ထုတ်ဝေခဲ့တာပါ။ ဒီမိုကရေစီဆိုတာ မြန်မာနိုင်ငံက လူတွေအတွက်တင်မကဘဲ လူတွေအားလုံးအတွက် အရေးကြီးပါတယ်တဲ့။ ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီသဘောတရားတွေကို နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေတင် သိဖို့နားလည်ဖို့လိုတာ မုဟတ်ပါဘူး သာမာန် သူလိုကိုယ်လို ရပ်သူရွာသားတွေလည်း သိဖို့လိုပါတယ်တဲ့။ ဒီမိုကရေစီစနစ်ကို ထူထောင်မယ်ဆိုရင် ပြည်သူလူထုရဲ့ အသိအမြင် အတွေးအခေါ်တွေဟာ မြင့်မားနေဖို့ လိုတယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ ဒီလိုမြင့်မားနေဖို့ဆိုရင် ...
မတရားသူက တရားသူကို မတရားစွဲ မတရားအဖွဲ့က တရားသူကို မတရားလုပ်
လှိုင်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှုး အဖြစ်မှ သိက္ခာရှိစွာ နှုတ်ထွက်လိုက်ပါပြီ တာဝန်ထမ်းဆောင်တဲ့အချိန် တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ တစ်ပြားတစ်ချပ်မှ မယူခဲ့ပဲ မိမိပိုင် ပိုက်ဆံများစွာဖြင့် ရပ်ကွက်အပေါ် များစွာ အကျိုးပြုခဲ့သည်ကို ရပ်ကွက်နေ ပြည်သူလူထူ အတွင်းသို့ စုံစမ်းမေးမြန်းနိုင်ပါသည် ကျွန်တော်သည် မည့်သည့် ပါတီဝင်မှ မဟုတ်သလို အုပ်ချုပ်ရေးမှုးလဲ တစ်ခါမှ လုပ်ခဲ့ဖူးခြင်း မရှိပါ နိုင်ငံရေးသမားလဲ မဟုတ်ပါ ဒါပေမယ့် ကျွန်တော်သည် လှိုင်(၁)ရပ်ကွက်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်ပါသည် ရပ်ကွက်အကြောင်းကို အစ အဆုံးသိပါသည် လှိုင် (၁)ရပ်ကွက်ကို မည်သူ အုပ်ချုပ်ရေးမှုး လုပ်သည့် အချိန်မှာ ပြောင်းလဲ မှုရှိသလဲ ဆိုတာကို လက်ရှိ အုပ်ချုပ်နေသည့် တည်ဆဲ အစိုးရသော်၎င်း လက်ရှိ ...
“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၈)”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် မိုးကုတ်ရိပ်သာ ဦးကောသလ္လမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (24.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၁၂၅,၅၀၀ိ ကျပ်။ ...
သေဆုံးသွားသည့် ဒိုင်းနက်လူမျိုး ၂ ဦး ယနေ့ သင်္ဂြိုလ်မည် (ဓါတ်ပုံသတင်း)
RSO အကြမ်းဖက်အဖွဲ့ သေနတ်ပစ်ခတ်၍ သေဆုံးသွားခဲ့ရသည့် ဒိုင်းနက်လူမျိုး နှစ်ဦးကို ယနေ့ (အောက်တိုဘာလ ၂၄) နေ့လည် ၂ နာရီမှာ မောင်တော သုဿာန်တွင် သင်္ဂြိုလ်သွားသွားမည်ဟု မိသားစုဝင်များထံမှ သိရသည်။ ဓါတ်ပုံ – ချလူးအောင်၊ DMG
လောကအလင်း သားသားမီးမီးတို့နှင့်အတူ
အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ လောကအလင်းသို့ ရောက်ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့လည်းဖြစ် သင်္ချာဆရာ ဦးဝင်းအောင်၏ အချိန်လည်းဖြစ်လို့ Repeater တန်းရော Fresher တန်းပါ စုံလင်နေတာကို တွေ့ရပါတယ်။ မော်လမြိုင်မြို့မှ ဒေါ်အေးအေးသိန်းနှင့် ယွန်းဝတီရွှေဆိုင်မိသားစုတို့ ပါလာသဖြင့် မန်း မဟော်သဓာသို့ အလှူသွားလုပ်မှာဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများကို နှုတ်ဆက်ရုံပဲ စကားပြောခဲ့ပါတယ်။ သြဝါဒပေးချိန်မရပါ။ မော်လမြိုင်မြို့မှ ဒေါ်အေးအေးသိန်း ယွန်းဝတီရွှေဆိုင်မိသားစုများ လောကအလင်း ပညာဒါနကျူရှင်ကျောင်းအတွက် အလှူငွေ ငါးသိန်းကျပ် လှူဒါန်းပါတယ်။ လောကအလင်း ပညာဒါနကျူရှင်ကျောင်းဟာ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ/၁၃၊ ၅၃ လမ်းနှင့် ...
မန်း မဘသ ရခိုင်ခရီးစဉ်(၅)
အောက်တိုဘာလ ၁၃ရက်နေ့မှာ စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှ စက်လှေများဖြင့် အငူမော်ဆိပ်ကမ်းသို့ ရောက်ရှိကြပါတယ်။ အငူမော်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် ပဲရုံရွာသို့ ယာဉ်တန်းများဖြင့် ဆက်လက်ထွက်ခွါရာ နေ့ဆွမ်းစားအမီ ပဲရုံရွာသို့ ရောက်ရှိကြပါတယ်။ ပဲရုံရွာသူ ရွာသားများက တောထမင်း တောဟင်းများဖြင့် နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ ပဲရုံရွာမှာ ဒဏ်ရာအကြီးအကျယ်ရထားတဲ့ လူငယ်တစ်ယောက်ရှိပါတယ်။ လက်ဖဝါးရယ်၊ လက်ညှိုးနှင့် လက်မကြားရယ် လက်ဖျံရယ် ဦးခေါင်းနောက်စေ့ရယ် ဖနောင့်ရယ် တစ်ကိုယ်လုံးနီးပါး ဓားခုတ်ခံထားရတဲ့ လူငယ်တစ်ဦးပါ။ သူ့ကို မန်း မဘသ၊ သာပေါင်း၊ ဒါးက မဘသနှင့် ကန့်ဘလူမြို့နယ် ကိုးတောင်ပို့ကျေးရွာ အောင်သိဒ္ဓိဆရာတော်နှင့်အဖွဲ့တို့က အလှူငွေများ ထောက်ပံ့ကြပါတယ်။ ရွာသူ ...
တောင်ပိုင်လျက် တောင်မဆိုင်
တောင်ပိုင်လျက် တောင်မဆိုင် တောပိုင်လျက် တောမဆိုင် မြေပိုင်လျက် မြေမဆိုင် ပင်လယ်ပိုင်လျက် ပင်လယ်မဆိုင် အဲဒါ ဒို့ရခိုင်။ ——————- RSO အကြမ်းဖက်အဖွဲ့ မောင်တောဒေသခံများကို ပစ်ခတ်၊ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ မောင်တော အောက်တိုဘာ ၂၃၊ DMG မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံ ၄ ဦးကို မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီက RSO အဖွဲ့ဟုယူဆရသူများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယင်းဒေသခံများထဲမှ နှစ်ဦးမှာ သေဆုံးသွားပြီး ...
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့နေ ဒေါ်ခင်နန်းဆန်း မိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) အလှူဒါန်းပါသည်။ (22.10.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
မန်း မဘသ ရခိုင်ခရီးစဉ်(၄)
12.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဟိန္ဒူဘုရားကျောင်းဝန်းထဲမှာ ဒုက္ခသည် ၁၁၃ အိမ်ထောင်စု လူဦးရေ ၄၄၅ ရှိပါတယ်။ နေရာကလေးက ကျဉ်းမြောင်း၊ လူဦးရေက များပြား ဓမ္မာရုံထဲမှာ ပစ္စည်းတွေနှင့်ပြည့်နေလို့ လူတွေ ထိုင်စရာနေရာတောင် ကောင်းကောင်းမကျန်ပါဘူး။ ဗမာစကားမတတ်တဲ့ ဟိန္ဒူတွေက များပါတယ်။ ဂေါပကအကြီးအကဲက ဘာသာပြန်ပေးရပါတယ်။ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မန်း မဘသဖြစ်ကြောင်း အကြမ်းဖက်ခံရသော ပြည်သူများကို လာရောက်အားပေးခြင်းဖြစ်ကြောင်း အသတ်ခံရသူတို့၏ မိသားစု ဒဏ်ရာရသူများ နေရပ်စွန့်ခွါခဲ့ရသူများအား ကူညီထောက်ပံ့ဖို့ လာရောက်ခြင်းဖြစ်ကြောင်းလောက်ပဲ ပြောကြားကာ အိမ်ထောင်စု ...
သဟာယကျောင်း ဆွမ်းအနုမောဒနာတရားတော်
တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 မနက် ၁၀း၃၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ မိခင်ကြီးဒေါ်သန်းမြအား ရည်စူး၍ မော်လမြိုင်မြို့ ယွန်းဝတီမိသားစုအလှူတော်ပါ။ သဟာယကျောင်း သံဃာတော်များနှင့်တကွ မန်း မဘသ ဦးသျှောင်ဆရာတော်ကြီးများဖြစ်သော မဟာဝိဇယဆရာတော်၊ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်၊ နိရုတ္တိဆရာတော်၊ ဒုတ်ရဲဆရာတော်တို့ ကြွရောက်ချီးမြှောက်ပါတယ်။ နေ့ဆွမ်းဆက်ကပ်အပြီးမှာ လောကအလင်း ပညာဒါနကျူရှင်ကျောင်းအတွက် အလှူငွေ ငါးသိန်းကျပ်၊ နဝကမ္မအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းကာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ဆွမ်းအနုမောဒနာတရားအဖြစ် စစ်မနိုင်မြို့တော် တရားတော် ဟောကြားခဲ့ပါတယ်။ ကုလာဝကဇာတ်တော်၊ သုဝီရသုတ္တန်၊ ဒေဝါသုရသင်္ဂါမသုတ္တန်တို့လာ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၇)”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့ ကိုကျော်ဇင်ဦး+မရွှန်းလဲ့မောင် မင်္ဂလာ(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၀၂၅,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၈၃,၂၂၅,၅၀၀ ...
အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (22.10.2017) မနက်(၉း၀၀)နာရီ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး အသင်းဝင်(၁၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အသင်းဝင်(၁၃၀)ဦးရှိပါပြီ။ နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ ...
စာဝါပြန်ချနေပါပြီ
တန်ဆောင်မုန်းလဆန်း(၁)ရက် 20.10.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဋီကာကျော်စာဝါပါ။ သီတင်းကျွတ် ကျောင်းပိတ်ရက် စာဝါပိတ်ထားရာမှ ပြန်လည် ပို့ချခြင်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော် (၉)ရက်နေ့မှာ ကျောင်းများ ပြန်ဖွင့်သော်လည်း စာရေးသူက ရခိုင်ပြည်သို့ ရောက်ရှိနေသဖြင့် ပြန်ရောက်လာမှ ပို့ချရခြင်းဖြစ်ပါတယ်။ စာသင်တန်းသမားတွေ စာဝါလိုက်ကြပါတယ်။
တွစ်တာအကောင့်ဖွင့်လှစ်ပြီးပါပြီ
တွစ်တာအကောင့်ဖွင့်လှစ်ပြီးပါပြီ။ ပေါ့ပေါ့ပါးပါးလေးတွေပဲ တင်မှာပါ။ အမဲနဲ့အရဲတွေ သိပ်ကြောက်တဲ့ စာတိုလေးတွေကို ENG နဲ့ သီးသန့်တင်ပါမယ်။ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်လို့ပါ။
မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၂)(နိဂုံး)
မေး – သူက မနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာက ပထမအဆင့်က အ ကူအညီပေးရေးနဲ့ ပြန်လည်လက်ခံရေး ပေါ့၊ ဒုတိယအဆင့်မှာ နေရာချထား ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ တတိယ အဆင့်မှာက ဒေသဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခ ကင်းဝေးရေးဆိုတော့ ပဋိပက္ခတွေ ကင်းဝေးဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ ဘုရား။ အစိုးရကရော၊ နောက်ပြီးတော့ မွတ်ဆလင်အသိုင်းအဝိုင်းကရော။ ဖြေ – အဲဒါကတော့ အစိုးရလုပ်ပေးရ မှာက မွတ်ဆလင်တွေက ဌာနေတိုင်း ရင်းသားနဲ့ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေကို ဘယ်နည်းနဲ့မှ ကျူးကျော်ခွင့်မရအောင် သူတို့အတွက် သီးသန့်နေရာလုပ်ပေး ...
မန်း မဘသ ရခိုင်ခရီးစဉ်(၃)
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်အတွင်းရှိ ရခိုင်ဒုက္ခသည်စခန်းသို့ ရောက်ရှိကြပါတယ်။ မူလက ၃၉၈ ဦးအထိရှိသော်လည်း အခု ၁၀၀ ကျော်ပဲရှိပါတော့တယ်။ ဒီနေ့မနက်တင် ကားသုံးစီးနှင့် ပြန်သွားကြသူများ ရှိတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၃၅ ခုရှိပြီး မောရဝတီ၊ သရေကုန်ဘောင်၊ ခရေမြိုင်၊ ဥဒေါင်းစတဲ့ မောင်တောတောင်ပိုင်းမှ ရွာသူရွာသားများ လာရောက်ခိုလှုံကြတာပါ။ လှူဒါန်းပေးကမ်းဖို့ စီစဉ်နေချိန်မှာပဲ အသက် ၆၄ နှစ်အရါယ် ရခိုင်အမျိုးသမီးကြီးတစ်ဦးက ငိုယိုလျှောက်ထားလာပါတယ်။ အမည်က ဒေါ်ညွန့်စိန်ဖြစ်ပြီး မောင်တောမြို့အမှတ်၃ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ မြေး ...
မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၁)
ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး လတ်တလောဖြစ်ပေါ် နေတဲ့သတင်းတွေကို ဆရာတော်ရဲ့ သုံးသပ်ချက်တွေနဲ့ ဆက်စပ်မြင်နိုင်ဖို့ အဓိကဦးစားပေးဖော်ပြခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆရာတော်ဦးဝီရသူဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို တတိယအကြိမ်အဖြစ် ရောက်ရှိနေတာကြောင့် ရခိုင်အရေးကိုပဲ အဓိကထားဦးစားပေး မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်နဲ့ မေးမြန်းဆွေးနွေးထားသမျှကို ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ မေး – ရခိုင်ခရီးစဉ် တတိယအကြိမ်အဖြစ်သွားရောက်နေတယ်လို့ သိရပါတယ်ဘုရား။ ဘယ်တွေသွားပြီး ဘာကူညီမှု တွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလေး ပြောပြပေးပါဦးဘုရား။ ဖြေ – အဓိကကတော့ မောင်တောဒေသကိုပါပဲ။ မောင်တောမှာ ရိက္ခာပြတ်လပ်နေတဲ့ ...
အစိုးရဆိုတာ အချုပ်အခြာအာဏာကို ကာကွယ်တတ်မှ
အစိုးရဆိုတာ အချုပ်အခြာအာဏာကို ကာကွယ်တတ်မှ တိုင်းရင်းသားတွေရဲ့ တန်ဖိုးကို သိတတ်မှ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်တတ်မှသာ အစိုးရကောင်းတစ်ရပ်ဖြစ်မှာ။ ဝီရသူ( မစိုးရိမ်) 20.10.2017 am 10:35 ——— ဖခင်သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာဦးအေးထွန်းမှ သူတို့ရွာအနီးတွင် ဘင်္ဂလီများကို နေရာပြန်ချထားပေးပါက ကျောင်းဆရာအလုပ်မှ ထွက်ပြီး နေရပ် စွန့်ခွာမည်ဟုဆို နိရဉ္စရာ၊ အောက်တိုဘာ ၂၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာမှ အကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်းကို ခံရ၍ ဖခင်ကို ဆုံးရှုံးလိုက်ရသူ မူလတန်းပြ ကျောင်းဆရာဦးအေးထွန်းမှ ...