Tag: သတင်း

သတင်း

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”=======================ဒီကနေ့ ၀ါဆိုလပြည့်ကျော် (၁)ရက် (13.7.2022) ရက်နေ့၊ ညနေ ၄း၀၀ နာရီ မန္တလေးမြို့၊ မဟာမောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ နာယကဆရာတော် (၂၅)ပါးနှင့် စာချစာသင် သံဃာတော်များကြွရောက်ကြပါတ ယ်။ သံဃာတော်များ ၀ါဆိုသည့်အခါ နာယကဆရာတော်များက ထေရ်စဉ်အလိုက် တစ်ပါးချင်း ၀ါဆိုပြီးမှ သံဃာတော်များစုပေါင်း၍ ၀ါဆိုကြခြင်း ဖြစ်ပါတယ်။ ၁၃၈၄ (၂၀၂၂)ခုနှစ် ၀ါဆိုသံဃာ စာရင်းကတော့ ရဟန်းတော် (၁၅၄၆)ပါး၊ ရှင်သာမဏေ (၂၈၉)ပါး၊ စုစုပေါင်း-၁၈၃၅ပါး ...
သတင်း

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ”

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ” ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်ထားအပ်သော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာ၊ ပရင်တာ နှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့နေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် (အမေ၀ိုင်း)မှ လှူဒါန်းနိုင်ခဲ့ပါသည်။ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီစာသင်ကျောင်းတွင် G-9. G-10. G-11 နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများ သုံးရာငါးဆယ်ကျော် ရှိပါသည်။ နေ့စဉ် ပညာရေး၊ လိမ္မာရေးနှင့် အပတ်စဉ် ဓမ္မဓကူးလ်သင်တန်းများ ...
သတင်း

“ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှာ ပညာရေးပဒေသာပင် လှူဒါန်းနိုင်”

“ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှာ ပညာရေးပဒေသာပင် လှူဒါန်းနိုင်”============================================== ကမ္ဘာကျော် ဆရာတော် တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၌ ပညာရေးဝန်ထမ်း လစာအဖြစ် ရန်ပုံငွေများ လိုအပ်လျက် ရှိပါသည်။ G- 11 မပေါ်ခင် 2021-2022 ၌ လစာသည် လစဉ် (၂၆) သိန်းကျော်မှ၊ (၃၃) သိန်းကျော်အထိ ကုန်ကျသော်လည်း G- 11 ပေါ်ပြီး 2022-2023၌ လစာသည် သိန်း(၃၀) ကျော်မှ (၄၀) ကျော်အထိ ကုန်ကျနေပြီ ဖြစ်သည်။ လက်ရှိတွင် ကျောင်းသား/သူ ...
သတင်း

“ပညာရေးပဒေသာပင် အလှူတော်”

“ပညာရေးပဒေသာပင် အလှူတော်”====================ပညာရေးအကယ်ဒမီ အကျိုးဆောင်အဖွဲ့ (ဖြူးမြို့) ကိုဝင်းကျော်သူနှင့် ၀ိုင်းတော်သားများမှ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင်အတွက် အလှူငွေ- ၅၀၀၀၀ိ/ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်း (မန်းမဟော်) အတွက် – ၅၀၀၀၀ိ/လောကအလင်း ပညာဒါန စာသင်ကျောင်းအတွက် – ၁၀၀၀၀၀ိ/စုစုပေါင်း- ၂၀၀၀၀၀ိ/ လှူဒါန်းပါသည်။နတ်လူ သာဓု ခေါ်စေသော်…………၀်။
သတင်း

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”==================“စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးဆုံး”========================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို ဇွန်လ(၂၅) ရက်နေ့ (၂၆)ရက်နေ့များ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ခုတင်တစ်ထောင်၌ (၂၂၄)အိတ်။မိတ္ထီလာမြို့ တပ်မတော်ဆေးရုံ ခုတင်(၅၀၀)၌ (၂၁)အိတ်ပြင်ဦးလွင်၊ တပ်မတော်ဆေးရုံ၌ (၅၈)အိတ်။မန္တလေး၊ ပြည်သူ့ဆေးရုံကြီး၌ (၁၃၇) အိတ်။မန္တလေး၊ ခုတင်သုံးရာဆေးရုံကြီး၌ (၈၃) အိတ်။စုစုပေါင်း-(၅၂၃) အိတ်ရရှိကြောင်းသိရသည်။ ၂၅ ရက်နေ့၌ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)—————————“ နှလုံးသားမဲ့သော အသိတရား——————-—အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူ ပြည်တော်ပြန်ရောက်ခါစ၌ စာရေးသူကျောင်း၌ သာမဏေပေါက်စလေးတစ်ပါးရှိပါသည်။ ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်အဆင့်တွင်ရှိပါသည်။ မျက်နှာလွှဲ၍ ရိုက်တတ်သည်အထိ ကျွမ်း ကျင်ပါသည်။ ဘေးမှထိုင်ပြောပေးလျှင် လည်း ပြောသူမပြီးသေးခင် သူကစာစီပြီး သွား၍ စောင့်နေရသည်အထိ မြန်ဆန်ပါ သည်။ လူဝတ်လဲသွားသည့်အခါ စာရေးသူထံ၌သာ အမြဲနေပါသည်။ စာရေးသူက အိုင်တီအရာရှိအဖြစ် သူ့ကိုခန့်ထားလိုက် ပါသည်။ပိတ်သိမ်းခံလိုက်ရသည့် စာရေးသူ အကောင့်၌ တွေ့မြင်ရသည့် သတင်းများ၊ ရုပ်သံများ၊ ဖိုတိုရှော့များ၊ ဖိုတိုစာတန်းများ သည် သူ၏လက်ရာဖြစ်ပါသည်။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)—————————“ နှလုံးသားမဲ့သော အသိတရား——————-—အရှင်ဝီရသူ (မစိုးရိမ်) ဦးဝီရသူဆိုသည်မှာ အမျိုးသားရေး ဝါဒီပါ။ လူမှုရေးမှာ ဟာမိုနီ၊အတွေးအခေါ်မှာ ဂလိုဘယ်၊ယဉ်ကျေးမှုမှာလိုကယ်ကျင့်သုံးတာ၊အမှန်တရားအတွက် ဓားတစ်လက်အမြဲဆောင်ထားတာ၊ဓားဆိုသည်မှာတစ်ခြားမဟုတ်ပါ၊တရားဓမ္မပါ။ ဤသည်မှာ စာရေးသူ၏ လက်စွဲဆောင်ပုဒ်ဖြစ်ပါသည်။ လူမှုရေးတွင် ဟာမိုနီဆိုသည့်အတိုင်း လူတိုင်းနှင့် သဟဇာတဖြစ်အောင် နေထိုင်ပါသည်။ လူတိုင်းနှင့် သဟဇာတဖြစ်ရေးအတွက် လိုအပ်ချက် တစ်ခုမှာ သည်းခံခြင်းပင်ဖြစ်ပါသည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးရာ၌ဆိုလျှင် လွန်စွာသည်းခံတတ်ပါသည်။ စိတ်ရှည်ခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့သည် မေတ္တာတရား၏ ရေသောက်မြစ်ဖြစ်သည့် အဒေါသမှ ဖြာထွက်လာသည့် အကိုင်း၊ အခက်၊ အလက်များသာဖြစ်ပါသည်။ ...
သတင်း

“ပညာရေးအကယ်ဒမီရိက္ခာအလှူတော်”

“ပညာရေးအကယ်ဒမီရိက္ခာအလှူတော်” ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီဆရာ/မများ၊ ကျောင်းသူ/သားများအတွက်—— ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ ဦးတင်လင်းထိုက် + ဒေါ်ပွင့်ဝါစိုး မိသားစုက ဆန်(၁၀)အိတ် နှင့် ဆီ(၃)ပုံး လှူဒါန်းပါသည်။ အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာ ပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်စုံစွာ ပညာပါရမီ ပြည့်ဝပါစေသော်………၀်။ ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီ၌ အုပ်ချုပ်ရေး ဆရာတော် (၁၀)ပါးဆရာ/ဆရာမ (၁၆)ဦးG-9၊ G-10၊ G-11 နှင့် ...
သတင်း

“ စုပေါင်းသွေးလှူဒါန်းပွဲ”

“ စုပေါင်းသွေးလှူဒါန်းပွဲ”=============“ ဖြစ်မြောက်ရေး၊ အလှူရှင်များ”================= ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်း သွေးလှူအသင်းမှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက်—— ၁။ မယ်တော်ကြီး ဒေါ်ပေါရွှေ- ၂၀၀၀၀၀ိ/၂။ ဒေါ်မြင့်မြင့်စိုး (ရန်ကုန်) -၁၀၀၀၀၀ိ/၃။ ဦးသန်းဇော်မြင့်+ ဒေါ်ဝင်းမာခင် မိသားစု – ၅၀၀၀၀၀ိ/၄။ ဦးတင်မောင်ဝင်း+ ဒေါ်ဌေး (ရွှေအိမ် မိသားစု) -၂၀၀၀၀၀၀ိ/၅။ ဒေါ်အေးအေးသိန်း (ယွန်းဝတီ ရွှေဆိုင် မိသားစု)-၅၀၀၀၀၀၀ိ/၆။ ...
သတင်း

“ပညာရေးပဒေသာပင် အလှူတော်”

“ပညာရေးပဒေသာပင် အလှူတော်”==================ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၏ ပညာရေးပဒေသာပင် အဖြစ် အမေရိကန်ပြည်ထောင်စု L.A မဘသ ဆရာတော် နောင်တော်ကြီး အရှင်ပညာဒီပနှင့် ညီတော်မောင် အရှင်ကိတ္တိဃောသ ဆရာတပည့် နှစ်ပါးက အလှူငွေ ၅၀၀၀၀၀ိ/ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။ အလှူရှင် ဆရာတော် နှစ်ပါးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်စုံစွာ ပညာပါရမီ ပြည့်ဝပါစေသော်………၀်။ပညာပါရမိယာ ပစ္စယော ဟောတု။နိဗ္ဗာနဿ စ ဣဒံ ပုညံ။
သတင်း

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”==================================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ- အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ယခုနှစ်၌လည်း စဉ်ဆက်မပြတ် ဆက်လက်ကျင်းပမည်ဖြစ်ရာ သွေးလှူဒါန်းလိုသော ဒါနဥပပါရမီရှင်များ အောက်ပါဆေးရုံများသို့ ကြွရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။ ယခုနှစ် သွေးလှူဒါန်းပွဲကို 26.6.2022 ရက်နေ့ မနက် 9:00 နာရီ မှ မွန်းတည့် 12:00 နာရီအထိ ကျင်းပမည်ဖြစ်ကာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀ နှင့် ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)—————————“ ပြုပြင်သင့်သော အားနည်းချက်———————— ထိုအကြောက်တရားကို ဖုံးကွယ်လို၍ စာရေးသူသိက္ခာကို တက်နင်းလိုက်ခြင်း ဖြစ်ပါသည်။ သူနှင့် မာတုဂါမ ပြဿနာ ဖြစ်ခဲ့ဟိုးလေးတကျော်သည်မှာ သံဃာအများစု သိရှိပြီးဖြစ်ပါသည်။ ပါရာဇိကဂျိုးသမားကြီးက အထက်ပါ စကားဖြင့် စာရေးသူကို ကလေးများရှေ့ တိုက်ခိုက်သည်ကို မခံမရပ်နိုင်ဖြစ်ခဲ့သော် လည်း သည်းခံနိုင်ခဲ့ပါသည်။ သူ့သိက္ခာကို လေးစားသောကြောင့် ဖြစ်ပါသည်။ ရဟန်း သိက္ခာမရှိလောက်အောင် ပျက်စီးနေစေ ကာမူ လူ့သိက္ခာတော့ ရှိသေးသည်သာ။ ကျောင်းဒကာ၊ ဒကာမတွေကိုပြော လိုက်ပါကွာ။ မိန်းမလိုက်စားတဲ့ ပါရာဇိက ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဂ)—————————“ ပြုပြင်သင့်သော အားနည်းချက်————————အရှင်ဝီရသူ (မစိုးရိမ်) ထို့ကြောင့် စာရေးသူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအပေါ်လေးစားစွာ ဆက်ဆံပါသည်။ အတ္တကိုထိပါးစေမည့် စကားမျိုးဆိုလျှင် လူရှေ့သူရှေ့မဆိုထားဘိ ၊ နှစ်ဦးတည်းရှိနေချိန်မှာပင် ပြောလေ့မရှိပါ။ အတ္တကြောင့် ဒေါသကြီးရသည်။ အတ္တ ကြောင့် လောဘကြီးရသည်။ အတ္တကြောင့် မာနကြီးရသည်။ အငြိုးအတေးကြီးသူများ၊ ဝိသမလောဘသမားများ၊ မောက်မာမှုကြီး မားသူများသည် အတ္တကို မထိန်းချုပ်နိုင်သူ များပင် ဖြစ်ပါသည်။ အတ္တသည် ရာထူးကြီးလျှင် ကြီးသည့်အလျောက်၊ အာဏာ လျှင် ကြီးသည့်အလျောက်၊ ဥစ္စာကြီးလျှင် ကြီးသည့်အလျောက်၊ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ခ)—————————“ ပြုပြင်သင့်သော အားနည်းချက်————————အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူသည်သူပုံမြင်တိုင်း ပုံနှိပ်စက်အစုတ်ကြီးကို သူနှင့်တွဲ၍ မြင်နေမိပေသည်။ သူ့ဗီဒီယိုဖိုင်ကြည့်ရတိုင်း ငွေကြေး အကူအညီတောင်းသံလေးကို ကြားယောင်နေမိပေသည်။ သူသည်စာရေးသူကိုပြန်မကြည့်ပါ။ ပုံနှိပ်စက်မြင်တိုင်း တပည့်များက စာရေးသူ ကို လှောင်ပြောင်ကြပါသည်။ ထိုအခါ မင်းတို့က ဒါပဲသိတာ။ ငါ့မှာ ငွေ ငါးသိန်း တောင် အဆစ်ပါသွားသေးဟု ပြန်ပြောမိတတ်ပါသည်။ တပည့်များ ပို၍အံ့အားသင့်သွားကြပါသည်။ မှန်ပါသည်။ စာရေးသူဘဝတွင် ငွေလည်းချေးပေးလိုက်ရသေး၊ ဘယ်သူမှ မသိပါစေနဲ့ ဆိုသည့် သူ့အမိန့်ကို နာခံရင်း ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)—————————ပြုပြင်သင့်သော အားနည်းချက်———————အရှင်ဝီရသူ (မစိုးရိမ်) ” ဘုရားမှတစ်ပါး မမှားသူမရှိ ” ဟုဆိုကြ သည်။ အရှင်သာရိပုတ္တရာမထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ် (တိတ္ထ ဇာတ်တော်)ကို သာဓကပြုပုံရပေသည်။ မမှားသူဟူ၍ ဘုရား၊ ရဟန္တာပဲရှိတယ် ဟု လည်း ဆိုကြပြန်ပါသည်။ သာရိပုတ်မထေရ်ကြီးကား နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ ဖြစ်သည်။ တစ်စုံတစ်ရာ အမှားကျူးလွန်ခြင်းမဟုတ်၊ စရိုက်နှင့် အကြိုက် အံဝင်ခွင်ကျရေးသည် ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ...
သတင်း

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”

“အကယ်ဒမီကျောင်းသူ/သားများအတွက် ပညာရေးပဒေသာပင် နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ”===================================================== ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၂၀၂၂-၂၃ ပညာသင်နှစ် ကျောင်းသူ/သားပေါင်း နှစ်ရာ့ရှစ်ဆယ်ကျော် ရှိပါသည်။ G-9 58 ဦးG-10 119 ဦးG-11 67 ဦး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်သူနှင့် မဖြေဆိုလိုက်ရသူ လေးဆယ်ကျော် ရှိပါသည်။ ဆရာ/ ဆရာမ ၁၆ဦး ရှိပြီး အုပ်ချုပ်ရေး ဆရာတော် ဆယ်ပါးခန့် ရှိပါသည်။ကျောင်းသူ/သား အများစုသည် အမိမရှိတော့သူ၊ အဖမရှိတော့သူ၊ အမိအဖ နှစ်ပါးလုံး ...
သတင်း

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”
“အောင်စာရင်း”

“လောကအလင်း၊ မန်းမဟော်၊ ပညာရေးအကယ်ဒမီ”“အောင်စာရင်း”၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ ၁၇-၆-၂၀၂၂ ရက်နေ့၌ ထုတ်ပြန်ခဲ့ရာတွင်- ဆရာတော် အရှင်ဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်းမှ ကျောင်းသူ (၈)ဦး ဖြေဆိုရာ (၈)ဦးလုံးအောင်မြင်ပြီး မြန်မာ၊ ဘောဂ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ဇီဝဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး ပေါ်ထွက်ခဲ့ပါသည်။ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနစာသင်ကျောင်း (မန်းမဟော်) မှ (၃၁)ဦး ဖြေဆိုရာ (၁၃)ဦးအောင်မြင်ပြီး။ ဘောဂဗေဒ တစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး ၊ ...
သတင်း

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”

“မန်းမဟော်သဓာ ၀ိုင်းတော်သားများ၏ အလှူတော်”——————————————————–—ကျေးဇူးရှင် ၀ါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၏ အဘိဓဇမဟာရဋ္ဌ ပူဇော်ပွဲနှင့် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ နေမိန္ဒ၏ အဂ္ဂမဟာပဏ္ဍိတ ပူဇော်ပွဲအတွက် မန်းမဟော်သဓာဝိုင်းတော်သားများ၏ အလှူတော် ဖြစ်ပါသည်။ 12.6.2022 ရက်နေ့ မနက် 8:00 နာရီ တောင်စလင်းတိုက်သစ်သို့ သွားရောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ အလှူတော်ငွေ ငါးသိန်းကျပ်ဖြစ်ပြီး လှူဖွယ်ဝတ္ထုအဖြစ် ချင်ရင်ခတ်အမှတ်တံဆိပ် ရွှေမျက်စဉ်း နှစ်ပါကင်(၁၂ဗူး) လှူဒါန်းခဲ့ပါသည်။ 13.6.2022 ရက်နေ့တွင် ဆရာတော်ကြီးနှစ်ပါးလုံးအား ပူဇော်ပွဲကျင်းပမည်ဖြစ်ပြီး ဆရာတော်ကြီးနှစ်ပါးလုံးသည် တူဝရီးအရင်း တော်စပ်ကြပါသည်။ တူဝရီးနှစ်ပါးလုံး မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ...
သတင်း

“ဋီကာကျော် စာခါ ပို့ချခြင်း”

“ဋီကာကျော် စာခါ ပို့ချခြင်း”================မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် စာဝါများပြန်လည် ပို့ချနေပြီဖြစ်သည်။ 11.6.2022 ရက်နေ့မှစ၍ စာသင်တန်း ဋီကာကျော်စာဝါကို ညနေ 4:00 နာရီအချိန်တွင် ဓမ္မသဟာယကျောင်း၌ စတင် ပို့ချခြင်း ဖြစ်ပါသည်။ ယခုအခါ အရှင်ဝီရသူ(မစိုးရိမ်)သည် အဋ္ဌသာလိနီ စာဝါနှင့်ဆိုလျှင် စာဝါပို့ချချိန် နှစ်ချိန်ရှိပြီဖြစ်သည်။စာသင်သား သံဃာအားလုံး စာမေးပွဲအောင်မြင်ကြပါစေ။ ။ သော်………၀်။
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ) သမဂ္ဂ စိတ်ထား———— ၎င်းအမှု မုဒိမ်းမှုမမြောက်ဟု ထင်ပါသည်။ သာသနာညှိုးနွမ်းအမှု ၂၉၅ ပုဒ်မတော့ တပ်၍ရမည်ထင်ပါသည်။ အလိုတူ သောကြောင့်ဟု ယူဆနိုင်သောကြောင့် တည်း။ စာရေးသူက မယုတ်မလွန်သာ အကြံပြုပါသည်။ လွှဲစရာရှိတာ လွှဲထားလိုက်တော့၊ လူထွက်သင့်ရင် ထွက်လိုက်တော့ဟု အကြံပြုပါသည်။ သူကလည်း အိန္ဒိယ၌သာ နေတော့မည်ဟု ဆိုလာ၏။ အကြာကြီးပျောက်သွားပြီးမှ အဘယ်ကြောင့် အဖမ်းခံလိုက်ရသည်ကိုတော့ မသိတော့ပါ။ တရားရုံးလာတိုင်း သတင်းများ တက်မလာသည်ကိုပင် ကျေးဇူးတင်မိနေပေသည်။ အကယ်၍သာ ...