Monthly Archives: May 2018
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
မင်းကွန်း ပုထိုးတော်ကြီး ဘကကျောင်း
ကဆုန်လပြည့်ကျော်(၉)ရက်၊ 10.5.2018 ရက်နေ့၊ ညနေပိုင်းမှာ မင်းကွန်းပုထိုးတော်ကြီးဘကကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ)နှင့်အတူ သွားရောက်ကုသိုလ်ပြုကြတာပါ။ မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းက ပုထိုးတော်ကြီးအနောက်ဘက်ကပ်လျက် တည်ရှိသော ဓမ္မစေတီကျောင်းတိုက်ကြီးအတွင်းမှာ ဖွင့်လှစ်ထားတာပါ။ ယခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူ (၁၀၀)နီးပါးရှိပါတယ်။ ဆရာ ဆရာမ (၂၀)ကျော်ရှိပါတယ်။ ကိုရင်လေးများ ကျောင်းသားလေးများ ကျောင်းသူလေးများ ကိုယ့်အဆောင်နှင့်ကိုယ် ဆရာ ဆရာမများက အဆောင်မှူးများအဖြစ် အနီးကပ်ထိန်းကျောင်းကြသလို ဘကကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌနှင့် လက်ထောက်ဆရာတော် ဦးသောဘိတတို့က အုပ်ချုပ်စီမံကြပါတယ်။ ...
သတင်း
ငပလီမြို့ ကျောင်းရေစက်ချပွဲ(၁)”
4.5.2018 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာစာသင်တိုက်၊ ပင်မသာသနာ့ဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနား တက်ရောက်ကြတာပါ။   စာရေးသူတို့နှင့်အတူ ရန်ကုန်မြို့မှ ထေရ်ကြီးဝါကြီး ရခိုင်ဆရာတော်ကြီးများလည်း လေယာဉ်တစ်စီးတည်းမှာ လိုက်ပါလာကြပါတယ်။ ငပလီမြို့သူမြို့သား ဂျိတ်တောရွာသူရွာသား ကျောင်းသူကျောင်းသား ဆရာ ဆရာမများ လှိုက်လဲပျူငှာ ကြိုဆိုကြတာတွေ့ရပါတယ်။ ပုလဲဆရာတော်ကြီးကလည်း ၎င်း၏ငယ်ဆရာများဖြစ်ကြသော ရန်ကုန်မြို့မှကြွရောက်လာသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ အားရပါးရ ကြိုဆိုတာတွေ့ရပါတယ်။   ၎င်းနောက် စာရေးသူတို့က ငပလီကမ်းခြေ ...
သတင်း
အရင်တုန်းကလည်းဝင်တယ် အခုလည်းဝင်တယ် ဒါဆို ဘာကွာလဲ
အရင်တုန်းကလည်းဝင်တယ် အခုလည်းဝင်တယ် ဒါဆို ဘာကွာလဲ? အရင်တုန်းက ခိုးချောင်ခိုးဝှက် အခုကျ ပေါ်ပေါ်တင်တင်။ အရင်တုန်းက မလွတ်မလပ် အခုကျ လွတ်လွတ်လပ်လပ်။ အရင်တုန်းက ခက်ခက်ခဲခဲ အခုကျ လျှောလျှောရှူရှူ။ ဝီရသူ(မစိုးရိမ်)   ကြံခင်းမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦး ဖမ်းဆီးရမိ —— —— —— —– —– ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု ရခိုင်ရိုးမတောအစပ်တွင် တောလမ်းမှ ပြည်တွင်းသို့ခိုးဝင်ရန်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မေ ၉ ရက်က ...
သတင်း
အကြီးတန်း ပဋ္ဌာန်းစာဝါ
ကဆုန်လပြည့်ကျော်(၁၀)ရက်၊ 9.5.2018 ည (7:00) နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းမှာ ပို့ချပါတယ်။ ပထမကြီးတန်း စာသင်သားသံဃာတော်များ တက်ရောက်သင်ယူကြပါတယ်။ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဓဇ တီထွင်ခဲ့သော နှစ်ချက်စု ပဋ္ဌာန်းနည်းဖြင့် ပို့ချတာပါ။ ပြီးခဲ့တဲ့ ၁၃၇၉ ခု၊ စာသင်နှစ်မှာ စတင်ပို့ချခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ကြိမ်မြောက်ရှိပါပြီ။ နှစ်ချက်စုနှင့် ပဋ္ဌာန်းပါဠိတော်တိုက်ဆိုင်ပြီး ရှင်းပြပို့ချတာပါ။ လောကအဖြစ်အပျက်များကိုလည်း ပဋ္ဌာန်းအမြင် အဘိဓမ္မာအမြင်ဖြင့် ချိန်ထိုးပြီး လက်တွေ့ပြသပေးပါတယ်။ လူတွေရဲ့စိတ်ကို ပဋ္ဌာန်းအမြင်နဲ့ကြည့်ဖို့၊ လူတွေရဲ့မျက်နှာကို အဘိဓမ္မာမျက်စိနဲ့ ဖတ်တတ်ဖို့ ပဋ္ဌာန်းစာဝါက သင်ကြားပေးပါတယ်။   “အကြီးတန်း ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (30.4.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း
သတင်း
သတင်း
၂၀၁၈ ဝီသတိမဓမ္မသဘင်/ အုတ်တွင်း-ညောင်ပင်ကြီး
ကဆုန်လပြည့်ကျော်(၈)၊ 7.5.2018 ရက်နေ့၊ ည(8:00)နာရီ၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၊ ဗောဓိရတနာစာသင်တိုက် ဝံသာနုရက္ခိတအသင်းကြီး ပထမအကြိမ် ဝံသာနုဓမ္မသဘင်။ ညောင်ပင်ကြီးရွာ ဗောဓိရတနာစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တကေသရက တစ်ကိုယ်ရေအမျိုးသားရေးသမားပါ။ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ချင်လို့ ဧပြီလဆန်းပိုင်းမှာ ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက လားရှိုးခရီးစဉ်မှာ ခရီးသွားခဲ့လို့ စာရေးသူမတက်ရောက်နိုင်ခဲ့ပါ။ အခုဓမ္မသဘင်ကတော့ မကျေပွဲအဖြစ် အားခဲကျင်းပခြင်းပါပဲ။ ညောင်ပင်ကြီးဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပင့်ဖိတ်တော်မူပါတယ်။ ဖုန်းလည်း ခဏခဏဆက်ပြီး မဖြစ်မနေကြွရောက်ဖို့ တိုက်တွန်းတော်မူပါတယ်။ ရပ်ကျေးသံဃနာယက၊ မြို့နယ်သံဃနာယက၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ထောက်ခံချက်ပေးပြီးခါမှ လွှတ်တော်ကိုယ်စားလှယ်ဆိုသူ ဒေါ်ဂျိုမက ...
သတင်း
ကျောက်ချောရွာ ကျူရှင်ကျောင်းဖွင့်လှစ်နိုင်ရေး ဆရာ ဆရာမများ အစည်းအဝေး
ကဆုန်လဆန်း(၁၄)ရက်၊ 28.4.2018 ရက်နေ့ မွန်းတည့် (12:00)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာဖွင့်လှစ်မည့် ပညာဒါနကျူရှင်ကျောင်းအတွက် ဆရာ ဆရာမများ ဖိတ်ခေါ်ဆွေးနွေးကြတာပါ။ ပုသိမ်ကြီးမြို့နယ်မှ နယ်ခံဆရာ ဆရာမများ မန္တလေးမြို့မှ ဆရာ ဆရာမများအားလုံး စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြပါတယ်။ ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးမည့် ဆရာ ဆရာမများ စာရင်းပြုစုကာ အချိန်ဇယားများ ရေးဆွဲနိုင်ခဲ့ကြပါတယ်။ လောကအလင်း ဆရာအချို့ပါဝင်သလို အထက်တန်းကျောင်းအုပ်(ငြိမ်း)၊ တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အထက်တန်းပြ ဆရာ ဆရာမ(ငြိမ်း)များ ပါဝင်ကြပါတယ်။ ပထမနှစ် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၁
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းးတိုင်း၊ မုံရွာမြို့၊ အိုးဘိုတောင်ရွာ၊ မဟာဗောဓိအာရာမကျောင်းတိုက် ဆရာတော်ဦးစန္ဒောဘာသမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...
သတင်း
ဝီရသူ(မစိုးရိမ်) ဝက်ဘ်ဆိုဒ်(အင်္ဂလိပ်/မြန်မာ)ကြော်ငြာ
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သတင်းနှင့် အတွေးအမြင်များ၊ ဆောင်းပါးများကို ဖတ်ရှုလိုသူများ အောက်ပါ လင့်ခ်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ဝီရသူ(မစိုးရိမ်) ဝက်ဘ်ဆိုင်များ ဖြစ်ပါသည်။ အဆိုပါဝက်ဘ်ဆိုဒ်၌ ဆောင်ရွက်ချက်များ၊ အလှူအဒါန်းများ၊ သတင်းများ၊ ဆောင်းပါးများ၊ ကြေညာချက်များ၊ သဝဏ်လွှာများ၊ အင်တာဗျူးများ၊ ပရဟိတသယ်ပိုးပုံများ၊ အမျိုးစောင့်ဥပဒေအကြောင်း စသည်တို့ ပါဝင်ပါသည်။ သူ့ကဏ္ဍနဲ့သူ ကဏ္ဍအလိုက် ဖော်ပြထားတာကြောင့် မိမိစိတ်ရာ အခန်းကဏ္ဍများကို အလွယ်တကူကြည့်ရှုနိုင်ပါသည်။ ဤဝက်ဘ်ဆိုဒ်၌ပါဝင်သော အချက်အလက်များအားလုံးသည် ဆရာတော်ဦးဝီရသူ၏ လက်ရာများဖြစ်ကြောင်း အပြည့်အဝ အာမခံပါသည်။ ဤဝက်ဘ်ဆိုဒ်၌ မပါဝင်သော ပို့စ်များ၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၀
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က အလှူငွေ ဘတ် ၁၀၀၀၀ (ဘတ်တစ်သောင်း) လှူဒါန်းပါသည်။ (5.5.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...
သတင်း
၂၀၁၈ ဧကူနဝီသတိမဓမ္မသဘင်/ မန္တလေး-မူလဆီးဘန်နီတိုက်
ကဆုန်လပြည့်ကျော်(၈)ရက်၊ 7.5.2018 ရက်နေ့၊ ည(8:00)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မူလဆီးဘန်နီတိုက်၊ အင်းတော်ကြီး ဟိုပင်ကျောင်း လုံးစန့်အုတ်ကျောင်း လေးထပ်ကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာဓမ္မသဘင်။ (၁၉)ကြိမ်မြောက် တရားပွဲပါ။ တရားဟောခွင့် ပိတ်ပင်ထားစဉ်ကတည်းက လုံးစန့်အုတ်ကျောင်းဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပင့်ဖိတ်ထားတဲ့တရားပွဲပါ။ တရားဟောပြီးလို့ ရေစက်ချတဲ့အခါ လေးထပ်ကျောင်းဆောင်သစ်ကြီး လှူဒါန်းသည့်အတွက်ပါ ရေစက်ချပေးဖို့ လုံးစန့်အုတ်ကျောင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။ အင်းတော်ကြီးဒေသနှင့် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင် စသော မြို့နယ်တို့မှ ရှမ်းနီတိုင်းရင်းသားဆရာတော်များနှင့် ကျောင်းရေစက်ချပွဲလာ ရှမ်းနီတိုင်းရင်းသားတိုင်းရင်းသူများ ကြွရောက်အားပေးကြ တရားနာယူကြပါတယ်။ ရေဝတီ ဝိမာနဝတ္ထု ဟောကြားခဲ့ပါတယ်။ လင်မယားနှစ်ယောက်ရှိရာတွင် လင်ဖြစ်သူက ...
သတင်းလောကအလင်းပညာဒါနကျောင်း
လောကအလင်း ကျူရှင်ကျောင်းဖွင့်ပွဲ
ကဆုန်လပြည့်ကျော် (၈)ရက်၊ 7.5.2018 ရက်နေ့၊ မနက် (10:00)နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းထောင့်ရှိ၊ လောကအလင်းပညာဒါနစာသင်ကျောင်းမှာ ကျင်းပပါတယ်။ မဟာဣန္ဒကာရာမဆရာတော်ကြီးနှင့် ဆရာတော်များ ကြွရောက်ချီးမြှောက်ပြီး ကျောင်းအုပ်ဆရာကြီးဦးမြင့်နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ ဆရာ ဆရာမများက မိတ်ဆက်စကားပြောကြားကြသလို ကျောင်းစည်းကမ်းများ ဖတ်ပြခြင်း၊ အားပေးစကားပြောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မဟာဣန္ဒကာရာမဆရာတော်ကြီးနှင့် စာရေးသူတို့က သြဝါဒပေးကြပါတယ်။ ၎င်းနောက် မဟာဣန္ဒကာရာမဆရာတော်ကြီးကျောင်းမှာ နေ့ဆွမ်းစားကြပါတယ်။ လောကအလင်းကျူရှင်ကျောင်းမျာ ကိုးတန်းအောင် ဆယ်တန်းတက်သည့် Fresher ကျောင်းသားကျောင်းသူများ ...
သတင်းလောကအလင်းပညာဒါနကျောင်း
ကဆုန်လဆန်း(၁၄)ရက်)၊ (28.4.2018)၊ မနက် (9:00)နာရီ၊ မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ ကိုးတန်းအောင် ဆယ်တန်းတက်မည့် ကျောင်းသူကျောင်းသားများအတွက် ကျူရှင်ကျောင်းကြိုတင်ဖွင့်လှစ်နိုင်ဖို့ စည်းဝေးကြတာပါ။ ကျောင်းအုပ်ဆရာကြီး ဦးမြင့်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာများ တက်ရောက်ဆွေးနွေးပြီး အချိန်ဇယားအသစ် ပြန်လည်ရေးဆွဲကြပါတယ်။ 7.5.2018 ရက်နေ့မှာ ကျောင်းဖွင့်ပြီး 8.5.2018 ရက်နေ့မှ စတင်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ အင်္ဂလိပ်စာပြဆရာတစ်ဦးပဲ အစားထိုးခန့်အပ်ရပြီး ကျန်ဆရာ ဆရာမများ ပုံမှန်ဖြစ်ပါတယ်။   “လောကအလင်း ဆရာ ဆရာမများ အစည်းအဝေး” ကဆုန်လဆန်း(၁၄)ရက်)၊ (28.4.2018)၊ မနက် (9:00)နာရီ၊ ...
သတင်း
ကဆုန်လပြည့် 29.4.2018 ရက်နေ့၊ မွန်းတည့် 12:00 နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက်၊ ရာပြည့်ဓမ္မာရုံမှာ ကျင်းပပါတယ်။ ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာ စာအောင်ဆုနှင်းသဘင်အခမ်းအနားမှာ ဟောကြားတာပါ။ ကလေးငယ်တွေအပြင် မိဘပြည်သူများလည်း တက်ရောက်ကြပါတယ်။ အခမ်းအနားမှူးအဖြစ် တိလင်ပရိယတ္တိစာသင်တိုက် လက်ထောက်စာချဆရာတော် အရှင်ဝါသဝက ဆောင်ရွက်ပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ခေါင်းစဉ်နဲ့ ၉၆၉ တရား ဟောကြားခဲ့ပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဗုဒ္ဓဖွားတော်မူသောနေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဗုဒ္ဓပွင့်တော်မူသောနေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဗုဒ္ဓစံတော်မူသောနေ့၊       “ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားပွဲ” ကဆုန်လပြည့် ...
သတင်း
သတင်း
တရားရုံးများနှင့် တရားသူကြီးများ ဖိနပ်စာမမိစေရေး
နိုင်ငံတော်သမ္မတကတော့ ယိမ်းယိုင်နေသောတရားစီရင်ရေးကို ပြန်လည်တည့်မှတ်ဖို့ စိတ်ကူးရှိကြောင်း ပြောဆိုသွားပါတယ်။ ပြည်သူများ တရားရုံးတွေအပေါ် အယုံအကြည်မဲ့လာကြောင်း၊ ကချင်ပြည်နယ်လွှတ်တော် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီ၏ အစီရင်ခံစာက ဆိုပါတယ်။ ပြင်ဦးလွင်မှ ရွှေဖိနပ်ပိုင်ရှင် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကတော့ အမှန်တရားကို ဖိနပ်နှင့် သက်သေပြသွားတာ နှစ်ကြိမ်ရှိပါပြီ။ ဒီလို အယုံအကြည်မဲ့လာ၊ ယိမ်းယိုင်လာတာကို ပြန်လည်တည့်မတ်ပေးမည့် နိုင်ငံတော်သမ္မတသစ်ရဲ့ အစီအစဉ်ထဲမှာ ၅၀၅(ခ)လိုပုဒ်မတွေ ပါလားတော့မပြောတတ်ပါ။ မန္တလေး တရားစီရင်ရေးကတော့ အနီရောင်အဆင့်ပဲရှိပါသေးတယ်။ မန်းသပိတ်သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းပြီး ၅၀၅(ခ)နဲ့ ရက်ရက်စက်စက် ထောင်ဒဏ်တစ်နှစ်ခွဲ ချပစ်လိုက်တာ၊ သတင်းစာရှင်းလင်းပွဲသို့ ...
သတင်း
ကဆုန်လပြည့် (27.4.2018)ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက်မှာ ကျင်းပတာပါ။ မိဘပြည်သူများ၊ ဓမ္မစကူးလ်များက တိုင်းရင်းသားအလံများ ကိုယ်စီကိုင်ပြီး ဗုဒ္ဓဝင်း၊ ရတနာပုံဝင်း၊ ပုဂံဝင်းတွေနဲ့ လှည့်လည်ပူဇော်တာပါ။ မနက် 7:00 နာရီမှ 10:00 နာရီအထိ မြို့ထဲလှည့်လည်ပူဇော်ကြရာ လမ်းတစ်လျှောက်ရှိပြည်သူများမှ ရေသန့်ဘူးများ၊ အအေးဘူးများ၊ မုန့်များ ဝေငှလှူဒါန်းကြပါတယ်။ တိလင်ကျောင်းတိုက် စေတီတော်ကြီးကို သုံးပတ်လှည်ပူဇော်အပြီးမှာ ဗောဓိညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်။ တိလင်ဆရာတော်ကြီးဦးဆောင်ကျင်းပလာခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ရှိပြီးလို့ ဆိုပါတယ်။ ဌာနဆိုင်ရာအကြီးအကဲများလည်း လာရောက်ပူဇော်ကြပါတယ်။   “ကျောက်မဲမြို့ ညောင်ရေသွန်းပွဲ” ကဆုန်လပြည့် (27.4.2018)ရက်နေ့၊ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၉၉
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မမေမြတ်နိုး(ခေတ္တစင်္ကာပူ)မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (2.5.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀ိ(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ပညာရေးအလှူတော် တရားပွဲဓမ္မပူဇာကုသိုလ်ရှင်များ ...